ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့၌ ကျင်းပသည့် “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာ စီမံခန့်ခွဲမှု” ပဉ္စမတွဲစာအုပ် မိတ်ဆက်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံအရေး လေ့လာရေးစင်တာ၏ ဒါရိုက်တာ ဂူလ်နာ ရှိုင်မာဂျီနိုဗာ အမှာစကားပြောနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့၌ ကျင်းပသည့် “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာ စီမံခန့်ခွဲမှု” ပဉ္စမတွဲစာအုပ် မိတ်ဆက်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံအရေး လေ့လာရေးစင်တာ၏ ဒါရိုက်တာ ဂူလ်နာ ရှိုင်မာဂျီနိုဗာ အမှာစကားပြောနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အက်စတာနာ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့၌ ဇူလိုင် ၁၅ ရက်က ကျင်းပခဲ့သည့် “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာ စီမံခန့်ခွဲမှု” ပဉ္စမတွဲစာအုပ် မိတ်ဆက်ပွဲအခမ်းအနား၌ အခမ်းအနား တက်ရောက်လာသူများက အဆိုပါစာအုပ်မှာ တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု အတွေးအမြင်အား နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်လာစေသည်ဟူသော အချက်ကို သဘောတူလက်ခံခဲ့ကြသည်။  

တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့မှ ပုံနှိပ်တိုက်များ၊ မီဒီယာအဖွဲ့အစည်းများ၊ Think Tank အဖွဲ့များ၊ တက္ကသိုလ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားကဏ္ဍများမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်က တရုတ်-ကာဇက်စတန် အေးအတူပူအမျှအသိုက်အဝန်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများကို အမြင်ချင်းဖလှယ် ဆွေးနွေးရန် အက်စတာနာမြို့တွင် စုဝေးရောက်ရှိခဲ့ကြသည်။

ကာဇက်စတန် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အစ္စလာမ် ဆွန်ကာက အခမ်းအနား၌ အမှာစကား ပြောကြားရာတွင် မဟာဗျူဟာမြောက် မျှော်မှန်းချက်၊ ရေရှည်စီမံကိန်း၊ ခိုင်မာအားကောင်းသော နိုင်ငံအဆင့် အဖွဲ့အစည်းများ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော အစိုးရတစ်ရပ်နှင့် ရေရှည် ဦးတည်ချက်ပန်းတိုင်များကို မမှိတ်မသုန် ကတိကဝတ်ပြုဖော်ဆောင်မှု စသည့် အရာအားလုံးမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်လျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အက်စတာနာမြို့ရှိ တရုတ်နိုင်ငံအရေး လေ့လာရေးစင်တာ၏ ဒါရိုက်တာဖြစ်သလို “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာ စီမံခန့်ခွဲမှု” စာအုပ်ကို ကာဇက်ဘာသာသို့ ဘာသာပြန်ဆိုခဲ့သူလည်းဖြစ်သည့် ဂူလ်နာ ရှိုင်မာဂျီနိုဗာကလည်း အဆိုပါ စာအုပ်သည် တစ်မူထူးခြားသော လေ့လာမှုအတွေ့အကြုံတစ်ခု ဖြစ်သည့်အတွက် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု အတွေးအမြင်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိခွင့်ရခဲ့သည်ဟု ဆိုသည်။

ထိုစာအုပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ တရုတ်ခေါင်းဆောင်ပိုင်း၏ မဟာဗျူဟာမြောက် အတွေးအမြင်များကို ထင်ဟပ်စေသည်ဟုလည်း ၎င်းက ပြောသည်။ ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ မြင့်တက်နေခိုက် တရုတ်နိုင်ငံသည် ခေတ်မီအသွင်ပြောင်းခြင်းကို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၌ တက်ကြွစွာ ပါဝင်ခြင်းနှင့် ပေါင်းစပ်လုပ်ဆောင်ခဲ့ရာ အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ တာဝန်ယူမှုကို ထင်ထင်ရှားရှား ပြသလျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ဆက်လက်၍ ရှိုင်မာဂျီနိုဗာက လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေး မျှော်မှန်းချက်မှာ ပြောင်းလဲနေသော ကမ္ဘာကြီးတွင် တူညီဆန္ဒများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေးအတွက် အရေးပါသော အသိပညာဆိုင်ရာ လမ်းညွှန်မှုကို ချမှတ်ပေးသည်ဟု ပြောကြားခဲ့သည်။

L.N. Gumilyov Eurasian National University ၏ ဒုတိယပါမောက္ခချုပ် ဂူလ်မီရာ ဘက်ခ်မာနိုဗာကလည်း နိုင်ငံရေးရာ စီမံခန့်ခွဲမှုနှင့် ခေတ်မီအသွင်ပြောင်းမှုတွင် တရုတ်နိုင်ငံ၏ ထွန်းပေါက်အောင်မြင်သော အတွေ့အကြုံက ပညာရပ်ဆိုင်ရာ သုတေသနအတွက်လည်းကောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား လူငယ်များ ပိုမိုသိရှိနားလည်နိုင်စေရန် အထောက်အကူပေးရာတွင်လည်းကောင်း များစွာအရေးပါသည်ဟု ဆိုသည်။ (Xinhua)

…………………………………………………………….

ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က ဆင်ဟွာသတင်းဌာနအား အင်တာဗျူးလက်ခံဖြေကြားနေသည့် L.N. Gumilyov Eurasian National University ၏ ဒုတိယပါမောက္ခချုပ် ဂူလ်မီရာ ဘက်ခ်မာနိုဗာအား တွေ့ရစဉ် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က ဆင်ဟွာသတင်းဌာနအား အင်တာဗျူးလက်ခံဖြေကြားနေသည့် L.N. Gumilyov Eurasian National University ၏ ဒုတိယပါမောက္ခချုပ် ဂူလ်မီရာ ဘက်ခ်မာနိုဗာအား တွေ့ရစဉ် (ဆင်ဟွာ)

(English Version)

Kazakh experts say Xi's book on governance provides key to understanding contemporary China

ASTANA, July 16 (Xinhua) -- At an event promoting the fifth volume of "Xi Jinping: The Governance of China" here on Wednesday, participants agreed that the book offers deep insights into China's governing philosophy.

More than 200 representatives from publishing houses, media organizations, think tanks, universities, enterprises and other sectors from China and Kazakhstan gathered in Astana to exchange views on topics including the China-Kazakhstan community with a shared future and high-quality Belt and Road cooperation.

Islam Sunkar, a representative of the People's Party of Kazakhstan, said in a speech that China's experience has shown that strategic vision, long-term planning, sound national institutions, a responsible government and steadfast commitment to long-term goals all played important roles in the country's development.

Gulnar Shaimergenova, director of the China Studies Centre in Astana and a translator of the Kazakh edition of "Xi Jinping: The Governance of China," said translating the book had been a unique learning experience, allowing her to gain a comprehensive understanding of China's governance philosophy.

She said the book reflects the Chinese leadership's strategic thinking on national development and global governance. At a time of growing global uncertainties, China has combined modernization with active participation in global governance, demonstrating the responsibility of a major country, she said.

Shaimergenova added that the vision of building a community with a shared future for humanity provides important intellectual guidance for promoting consensus and cooperation in a changing world.

Gulmira Bekmanova, vice rector of L.N. Gumilyov Eurasian National University, said China's successful experience in national governance and modernization is of great significance for academic research and for helping young people better understand China's development.

English Caption 1

Gulnar Shaimergenova, director of the China Studies Centre in Astana, speaks at an event promoting the fifth volume of "Xi Jinping: The Governance of China" in Astana, Kazakhstan, July 15, 2026. (Xinhua/Li Renzi)

English Caption 2

Gulmira Bekmanova, vice rector of L.N. Gumilyov Eurasian National University, receives an interview with Xinhua in Astana, Kazakhstan, July 15, 2026. (Xinhua/Li Renzi)