တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ အရေးကြီးမိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ အရေးကြီးမိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၇ ရက်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဉာဏ်ရည်တုနည်းပညာ (AI) ဖွံ့ဖြိုးတိုးတက်မှု၊ စီမံခန့်ခွဲမှုတို့နှင့် စပ်လျဉ်းသည့် သဘောထား လေးရပ်ကို အဆိုပြုခဲ့သည်။

ပထမအချက်မှာ ပွင့်လင်းမှု၊ နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု မူဝါဒကို လက်ကိုင်ပြုကျင့်သုံးနေသည့် တစ်ချိန်တည်းတွင် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်တွန်းအားပေးသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းပင်ဖြစ်သည်။ နည်းပညာ ဆန်းသစ်တီထွင်မှု၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ လက်တွေ့ပတ်ဝန်းကျင်အခြေပြုသော AI အသုံးချမှုတို့ အဆင်ပြေချောမွေ့စေရေးအတွက် အခမဲ့သုံးစွဲနိုင်မှု၊ ပွင့်လင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေမှုတို့ကို အားပေးရန် အရေးကြီးကြောင်း ရှီက အလေးထားပြောဆိုခဲ့သည်။

ဒုတိယအချက်မှာ အန္တရာယ်ဖြစ်နိုင်ခြေအား သိရှိနားလည်မှု ပိုမိုအားကောင်းရေးနှင့် AI နည်းပညာအား လုံခြုံစိတ်ချရပြီး စည်းစနစ်တကျ ထိန်းချုပ်နိုင်အောင် သေချာစွာလုပ်ဆောင်ရေးပင်ဖြစ်သည်။ ရှီက AI နည်းပညာသည် လူသားတို့၏ ထိန်းချုပ်မှုအောက်တွင်သာ အစဉ်အမြဲရှိနေရန် လိုအပ်သည်ဟု အလေးထားပြောဆိုခဲ့ကာ ဘက်အသီးသီးအနေဖြင့် AI နယ်ပယ်၌ အမျိုးသားလုံခြုံရေးဟူသော အယူအဆအား ချဲ့ကားပြောဆိုခြင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို အခြားနိုင်ငံများ၏ လုံခြုံရေးထက် ရှေ့တန်းတင်နေခြင်းကို အတူတကွ ဆန့်ကျင်ကြရန်လည်း တိုက်တွန်းခဲ့သည်။  

တတိယအချက်မှာ အားလုံးလက်ခံပါဝင်မှုကို အားပေးတိုက်တွန်းခြင်းနှင့် ယဉ်ကျေးမှုအချင်းချင်း အပြန်အလှန် လေ့လာသင်ယူမှု မြှင့်တင်ခြင်းတို့ပင်ဖြစ်သည်။ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယင်းအား အသုံးချမှုမှာ ကမ္ဘာ့ယဉ်ကျေးမှုများ၏ ကွဲပြားစုံလင်မှု သို့မဟုတ် မတူညီသော နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားချက်များကို အားလျော့ပျက်ပြယ်စေခြင်း သို့မဟုတ် ထိခိုက်စေခြင်းတို့ မဖြစ်သင့်ကြောင်းလည်း ရှီက ဆိုသည်။

စတုတ္ထအချက်မှာ တစ်စိတ်တစ်ဝမ်းတည်းရှိမှုကို ထောက်ခံအားပေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မြှင့်တင်ခြင်းတို့ဖြစ်ပေသည်။ ရှီက ကုလသမဂ္ဂ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဟု ပြောကြားခဲ့ကာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ၊ စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ၊ နည်းပညာဆိုင်ရာ စံနှုန်းများနှင့် စပ်လျဉ်း၍ ချိတ်ဆက်ဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမှာဖြစ်သလို AI နဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကွာဟမှုတွေကို ပေါင်းကူးဆက်သွယ်ပေးဖို့၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ AI နယ်ပယ်မှာ သမိုင်းဆိုင်ရာ မမျှတမှု အခြေအနေသစ်တွေ ဖြစ်ပေါ်မှုကို တားဆီးကာကွယ်ဖို့ စွမ်းဆောင်ရည် မြှင့်တင်ရာမှာလည်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေကို ကူညီပံ့ပိုးပေးရမှာဖြစ်တယ်" ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)


တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး တက်ရောက်လာသော ပြည်ပနိုင်ငံများနှင့် အစိုးရများ၏ အကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး တက်ရောက်လာသော ပြည်ပနိုင်ငံများနှင့် အစိုးရများ၏ အကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသော နိုင်ငံတကာမှ ဂုဏ်သရေရှိ ဧည့်သည်တော်များအား ဂုဏ်ပြုညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံနှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသော နိုင်ငံတကာမှ ဂုဏ်သရေရှိ ဧည့်သည်တော်များအား ဂုဏ်ပြုညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


................................................................

(English Version)

Xi offers four observations on AI development, governance

SHANGHAI, July 17 (Xinhua) -- Chinese President Xi Jinping on Friday presented four observations on artificial intelligence (AI) development and governance while addressing the opening ceremony of the 2026 World AI Conference and High-Level Meeting on Global AI Governance.

First, adhering to the principle of openness and win-win cooperation while boosting innovation-driven development. Xi highlighted the importance of encouraging open-source, openness, collaboration and sharing to facilitate technological innovation, industrial development and scenario-based application of AI.

Second, strengthening risk awareness and ensuring that AI is secure and controllable. Stressing the need to ensure that AI is always under human control, Xi urged all sides to jointly oppose overstretching the national security concept in the field of AI or placing one country's security over that of others.

Third, encouraging inclusiveness and promoting mutual learning among civilizations. AI development and its application should not erode or undermine the diversity of world civilizations or the uniqueness of cultures of different countries, according to Xi.

Fourth, advocating solidarity and improving global governance. The important role of the United Nations should be recognized, Xi said, calling for further alignment and coordination on AI development strategies, governance rules and technical standards.

"We must carry out extensive international cooperation and help Global South countries with capacity building to bridge the AI and digital divides, promote sustainable development and prevent creating new historical injustice in AI," he said.

English Caption 1

Chinese President Xi Jinping delivers a keynote speech at the opening ceremony of the 2026 World AI Conference and High-Level Meeting on Global AI Governance in Shanghai, east China, July 17, 2026. (Xinhua/Huang Jingwen)

English Caption 2

Chinese President Xi Jinping poses for photos with foreign heads of state and government, leaders of international organizations, and heads of delegations attending the 2026 World AI Conference and High-Level Meeting on Global AI Governance in Shanghai, east China, July 17, 2026. (Xinhua/Yin Bogu)

English Caption 3

Chinese President Xi Jinping and his wife Peng Liyuan hold a banquet to welcome international dignitaries who are here to attend the 2026 World AI Conference and High-Level Meeting on Global AI Governance in Shanghai, east China, July 16, 2026. (Xinhua/Wang Ye)