
နယူးဂျာစီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
စပိန်အသင်းအနေဖြင့် ဇူလိုင် ၁၉ ရက်၌ အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်နေစဉ် လာမင်း ယမားလ်နှင့် ပက်ဒရို ပေါ်ရိုတို့မှာ အသင်းမှ အခြားကစားသမားများနှင့် သီးခြားစီလေ့ကျင့်ခန်းဆင်းခဲ့ကြောင်း သိရသည်။
၎င်းတို့၏ အသင်းဖော်များက နယူးဂျာစီပြည်နယ်ရှိ နယူးယောက် ရက်ဒ်ဘူးလ် လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ခန်းဆင်းနေချိန် အဆိုပါ ကစားသမားနှစ်ဦးစလုံးမှာ ကွင်းဘေး၌ အကြောလျှော့ရင်း အပေါ့စားလေ့ကျင့်ခန်းများသာ ပြုလုပ်နေသည်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ကမ္ဘာ့ဖလားမတိုင်မီက တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည့် ယမားလ်မှာ ဘယ်ဘက်ပေါင်အား ပတ်တီးစည်းထားသော်လည်း ၎င်း၏ဒဏ်ရာအခြေအနေ ပြင်းထန်ခြင်းရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပေါ်ရိုမှာလည်း ကြွက်သားဝေဒနာ ခံစားနေရသည့်အတွက် ဗိုလ်လုပွဲမတိုင်မီ ၎င်း၏အခြေအနေအား ဆန်းစစ်အကဲဖြတ်သွားမည်ဟု ပြင်သစ်အသင်းအား အနိုင်ရရှိခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် စပိန်အသင်းမန်နေဂျာ လူးဝစ်စ် ဒယ်လာဖွန်တေးက ပြောကြားခဲ့သည်။
ဇူလိုင် ၁၉ ရက် ပွဲစဉ်မှာ ၂၀၁၀ ကမ္ဘာ့ဖလား၌ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း စပိန်အသင်း၏ ပထမဆုံး ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဖြစ်လာမည်ဖြစ်သည်။ အာဂျင်တီးနားအသင်းကမူ ၁၉၇၈၊ ၁၉၈၆ နှင့် ၂၀၂၂ ခုနှစ်တို့တွင် ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ရန်နှင့် ယင်းဆုဖလားကို လေးကြိမ်မြောက် ကိုင်မြှောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ (Xinhua)
...................................................................
(English Version)
Spain's Yamal, Porro remain fitness concerns before World Cup final
NEW JERSEY, July 16 (Xinhua) -- Lamine Yamal and Pedro Porro trained separately from the rest of the Spain squad on Thursday as the team began preparing for Sunday's World Cup final against Argentina.
Both players were seen stretching on the sidelines as their teammates trained at the New York Red Bulls' facility in New Jersey.
Yamal, who was troubled by a hamstring strain before the tournament, had his left thigh strapped, though the extent of his condition was unclear.
Spain manager Luis de la Fuente said after his side's semifinal victory over France that Porro was suffering from muscle tightness and would be assessed before the final.
Sunday's match will be Spain's first World Cup final since it won the tournament in 2010. Argentina is chasing back-to-back titles and a fourth overall, having previously won in 1978, 1986 and 2022.
English Caption 1
Lamine Yamal (R) of Spain breaks through during the semifinal match between France and Spain at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, July 14, 2026. (Xinhua/Hu Xingyu)
English Caption 2
Pedro Porro of Spain celebrates after the semifinal match between France and Spain at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, July 14, 2026. (Xinhua/Xu Zijian)
English Caption 3
Starting players of Spain pose for group photos before the semifinal match between France and Spain at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, July 14, 2026. (Xinhua/Huang Zongzhi)






