မက်ဒရစ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ကွီတိုအသင်းမှ အီကွေဒေါနိုင်ငံသား ဘယ်နောက်ခံကစားသမား ဟိုဆူး ကိုင်စီဒိုကို ဘာစီလိုနာအသင်းက ခေါ်ယူလိုက်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် နောက်ခံကစားသမား ကိုင်စီဒိုသည် ၎င်းအနေဖြင့် ပထမအသင်းတွင် သတ်မှတ်ပွဲအရေအတွက်ကို ကစားနိုင်ပါက အပြီးသတ်ပြောင်းရွှေ့ကြေး ယူရို ၂.၅ သန်းဝန်းကျင် (အမေရိကန်ဒေါ်လာ ၂.၉ သန်း) ဖြင့် အပြီးသတ်ပြောင်းရွှေ့မှုဖြစ်လာမည့် ကနဦးအငှားခေါ်ယူမှုစာချုပ်ဖြင့် ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းစာချုပ်အရ အနာဂတ်ရောင်းချမှုမှန်သမျှ၏ ၂၀ ရာခိုင်နှုန်းကို ကွီတိုအသင်းက ခံစားခွင့်ရှိမည်ဖြစ်သည်။

အရပ်မြင့်မားသလို ကြံ့ခိုင်မှုအားကောင်းသော နောက်ခံကစားသမား ကိုင်စီဒိုသည် ၎င်း၏ ကစားသမားဘဝကို တောင်ပံကစားသမားအဖြစ် စတင်ခဲ့ပြီး ကွီတိုအသင်းနှင့် ပထမအသင်းတွင် ကစားဖူးသည့် အတွေ့အကြုံလည်းရှိသူ ဖြစ်သည်။

ကိုင်စီဒိုက ဘာစီလိုနာအသင်း၏ ဘီအသင်းနှင့် လာမည့်ရာသီတွင် စတင်ကစားမည်ဖြစ်သော်လည်း ပထမအသင်းနှင့်လည်း လေ့ကျင့်ရေးဆင်းမည်ဟု ခန့်မှန်းရသည်။

အဆိုပါပြောင်းရွှေ့မှုအား စပိန်မီဒီယာများက ဇွန်လကုန်၌ ဖော်ပြခဲ့ကြသော်လည်း ဘာစီလိုနာအသင်းကမူ ယင်းအပြောင်းအရွှေ့အား ဇူလိုင် ၁၃ ရက်နှောင်းပိုင်းအထိ အတည်ပြုခြင်းမရှိခဲ့ပေ။ (Xinhua)

.......................................................................

(English Version)

FC Barcelona signs wing-back Caicedo from LDU Quito

MADRID, July 14 (Xinhua) -- FC Barcelona has signed Ecuadorian left-back Josue Caicedo from LDU Quito.

The 18-year-old defender arrives on an initial loan deal that will become a permanent transfer for a fee of around 2.5 million euros (2.9 million U.S. dollars) if he makes a set number of first-team appearances, with LDU Quito entitled to 20 percent of any future sale.

A tall and powerful defender, Caicedo began his career as a winger and already has first-team experience with LDU Quito.

He will begin next season with Barcelona's B team but is also expected to train with the first team.

Spanish media reported the move at the end of June, but Barcelona did not confirm the transfer until late on July 13. ■

English Caption 1

Jordy Josue Caicedo Medina (L) of Atlas FC shoots during the 2023 Leagues Cup match between Toronto FC and Atlas FC at BMO Field in Toronto, Canada, on July 30, 2023. (Photo by Zou Zheng/Xinhua)