
ရှန်ဟိုင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ကမ္ဘာ့ဧည့်ခန်းမတွင် ကျင်းပသော ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံ (WAIC) နှင့် ဉာဏ်ရည်တုကဏ္ဍ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု အဆင့်မြင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဓိကအမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှီကျင့်ဖိန်က ဘက်အသီးသီး၏ အတူတကွကြိုးပမ်းမှုဖြင့် ကမ္ဘာ့ ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည့် ရှန်ဟိုင်းမြို့တွင် ခေတ်နှင့်အညီပေါ်ပေါက်လာခဲ့ကြောင်း၊ ယင်းမှာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ တောင်းဆိုသံ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် စည်းလုံးညီညွတ်စွာဖြင့် ဉာဏ်ရည်တု (AI) နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုကို တက်ကြွစွာ မြှင့်တင်ခြင်းအပေါ် တရုတ်နိုင်ငံက တုံ့ပြန်သည့် အရေးပါသော အစီအမံများဖြစ်ရာ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွင် အရေးပါသော မှတ်ကျောက်တိုင်ဖြစ်လာမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ AI နည်းပညာ စွမ်းရည်တည်ဆောက်မှု မြှင့်တင်ရေးကို တစ်ဆင့်တိုး ထောက်ခံအားပေးရန်အတွက် လာမည့် ၅ နှစ်တွင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား မျက်နှာမူ၍ ဉာဏ်ရည်တုဆိုင်ရာ အထူးမွမ်းမံသင်တန်းတက်ရောက်ခွင့်ဦးရေ ၅,၀၀၀ ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အာဆီယံ၊ အာရပ်အဖွဲ့ချုပ်၊ အာဖရိကသမဂ္ဂ (AU)၊ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ BRICS နိုင်ငံများ၏ နိုင်ငံတကာ AI နည်းပညာအသုံးချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ တည်ဆောက်ရေးကို မျက်နှာမူကြောင်း၊ မိုးလေဝသဆိုင်ရာ AI ကြိုတင်သတိပေးချက်အစီအစဉ် “မားကျူ MAZU” ကို နိုင်ငံပေါင်း ၃၀ တွင် လက်တွေ့အသုံးချရန် တွန်းအားပေးကာ အိမ်ထောင်စုပေါင်းများစွာ၏ လူနေမှုဘဝ စောင့်ရှောက်ရန်နှင့် ရေမြေဒေသအသီးသီး အေးချမ်းသာယာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ကြေညာခဲ့သည်။ (Xinhua)
.........................
(Chinese Version)
习近平宣布中国支持全球人工智能发展重大举措
新华社上海7月17日电 7月17日上午,国家主席习近平在上海世界会客厅出席2026世界人工智能大会暨人工智能全球治理高级别会议开幕式并发表主旨讲话。
习近平指出,在各方共同努力下,世界人工智能合作组织在上海应运而生。这是中方响应全球南方呼声、团结国际社会积极推动人工智能发展和治理的重大举措,将成为人工智能发展史上的一个重要里程碑。
习近平宣布,为进一步支持全球人工智能发展、推进全球人工智能能力建设,未来5年,中国将面向发展中国家提供5000个人工智能专题研修培训名额;面向东盟、阿盟、非盟、拉共体、上合组织、金砖国家建设国际人工智能应用合作中心;推动气象智能预警方案“妈祖”在30个国家落地应用,守望万家灯火,护佑四海安澜。(完)
图说:7月17日,2026世界人工智能大会暨人工智能全球治理高级别会议开幕式在上海举行。 新华社记者 申宏 摄








