ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Hoan Kiem ရေကန် ညဘက်မြင်ကွင်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Hoan Kiem ရေကန် ညဘက်မြင်ကွင်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ဟနွိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ Phu Quoc ကျွန်း အနီးတစ်ဝိုက်ပင်လယ်ပြင်တွင် ဇူလိုင် ၁၁ ရက်က အမြန်ရေယာဉ်တစ်စင်း တိမ်းမှောက်ခဲ့ရာ လက်ရှိ လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာ VnExpress ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။

အချင်းဖြစ်ပွားသည့် အမြန်ရေယာဉ်တွင် အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည် ၃၂ ဦး၊ ရေယာဉ်ဝန်ထမ်း ၃ ဦးနှင့် ဝန်ထမ်း ၁ ဦး တင်ဆောင်ထားကြောင်း၊ ဒေသစံတော်ချိန် ဇူလိုင် ၁၁ ရက် နေ့လယ် ၁ နာရီခန့်တွင် ရေယာဉ်သည် ရုတ်တရက် ချို့ယွင်းချက်ဖြစ်၍ တိမ်းမှောက်ခဲ့ရာ သင်္ဘောပေါ်ပါလူအားလုံး ရေထဲသို့ကျသွားခဲ့ကြောင်း Phu Quoc အထူးဇုန်၏ တရားဝင်သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြသောသတင်းအရ သိရသည်။

ကယ်ဆယ်ရေးဝန်ထမ်းများသည် သင်္ဘောပေါ်ပါ လူ ၃၆ ဦးလုံးကို ရှာဖွေတွေ့ရှိပြီးဖြစ်ရာ ၎င်းအနက် ၁၅ ဦး သေဆုံး၍ ၂၁ ဦး အသက်ရှင်ကျန်ရစ်ကြောင်း၊ အသက်ရှင်ကျန်ရစ်သူများအနက် ၁၈ ဦးသည် အခြေအနေပြင်းထန်သဖြင့် ဆေးကုသမှုခံယူရန် ပို့ဆောင်ပြီးဖြစ်ကြောင်း သတင်းအရသိရသည်။

လက်ရှိတွင် အဆိုပါမတော်တဆဖြစ်မှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

越南富国岛快艇倾覆事故已致15人死亡

新华社河内7月11日电(记者胡佳丽 邹学冕)据越南快讯网11日报道,一艘快艇当天在越南南部富国岛附近海域倾覆,目前已造成15人死亡。  

报道援引富国特区官方消息说,事发快艇载有32名印度游客、3名船员和1名工作人员。当地时间11日13时许,快艇突发故障并倾覆,导致船上人员全部落水。  

据报道,救援人员已找到船上全部36名人员,其中15人死亡、21人幸存。幸存者中18人情况严重,已被送医救治。  

目前,事故原因正在调查中。(完)

English Caption : This photo taken on June 27, 2023 shows a view of Hoan Kiem Lake at night in Hanoi, Vietnam. (Photo by Pham Dinh Duc/Xinhua)