
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် မကြာသေးမီက ယူဂန္ဓာနိုင်ငံ၏ ဖိတ်ကြားချက်အရ ယူဂန္ဓာနိုင်ငံ မြို့တော်ကန်ပါလာသို့ ရောက်ရှိခဲ့ပြီး ဒေသတွင်းကျန်းမာရေးဌာန၊ ဆေးကုသရေး သုတေသနအဖွဲ့အစည်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) တို့ ဖွဲ့စည်းထားသည့် အီဘိုလာရောဂါ “ရုတ်တရက်ဖြစ်ပွားမှု စီမံခန့်ခွဲ ပံ့ပိုးရေးအဖွဲ့ငယ်” စသည်တို့နှင့် ဖလှယ်မှုများ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးဝန်ဆောင်မှုနှင့် လမ်းညွှန်ချက် ပံ့ပိုးပေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဇူလိုင် ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းချက်ကို ဖြေကြားရာ၌ ရှင်းလင်းပြောကြားခဲ့သည်။
အာဖရိကတိုက်တွင် အသစ်တစ်ကြိမ် အီဘိုလာရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် များစွာအလေးထားကာ ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ နှစ်သုတ် ကွန်ဂိုနိုင်ငံ (DRC) သို့ စေလွှတ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဘက်အသီးသီး၏ များစွာတန်ဖိုးထားချီးကျူးခြင်းခံရကြောင်း၊ “တရုတ်နိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားမှုအခြေအနေဖြစ်ပေါ်နေမှုနှင့် အာဖရိကဘက်၏ လိုအပ်ချက်အရ တတ်စွမ်းသမျှ ပံ့ပိုးကူညီမှုများ ဆက်လက်ပေးအပ်ကာ အာဖရိကမိတ်ဆွေများက ရောဂါဖြစ်ပွားမှုကို ဆောလျင်စွာတိုက်ဖျက်နိုင်ရေးအတွက် အားဖြည့်ကူညီဆောင်ရွက်ပေးလိုပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
------------------------------------
(Chinese Version)
外交部:中国政府抗疫医疗专家组日前抵达乌干达
新华社北京7月10日电(记者董雪)外交部发言人毛宁10日在例行记者会上答问时介绍,日前,应乌干达方面邀请,中国医疗专家组抵达乌干达首都坎帕拉,积极同当地卫生部门、医疗研究机构,以及世界卫生组织与非洲疾控中心组建的埃博拉“突发事件管理支持小组”等开展交流,提供疫情防控服务和指导。
毛宁表示,非洲新一轮埃博拉疫情暴发后,中方高度重视,已派遣2批抗疫医疗专家组赴刚果(金)开展工作,受到各方高度评价。“中方愿根据疫情发展和非方需要,持续提供力所能及的支持,助力非洲朋友早日战胜疫情。”(完)
图说:2026年5月23日,在乌干达西部姆蓬德韦边境口岸,防疫人员登记入境人员信息。新华社发(尼古拉斯·卡乔巴摄)








