တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်နေသည့် မွန်ဂိုလီးယားနိုင်ငံ သမ္မတ Ukhnaa Khurelsukh တို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံနေစဉ်  (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မွန်ဂိုလီးယားနိုင်ငံ သမ္မတ Ukhnaa Khurelsukh ထံသို့ မွန်ဂိုလီးယားနိုင်ငံ အမျိုးသားနေ့အတွက် ဇူလိုင် ၁၁ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကို အရေးကြီးနေရာ၌ အစဉ်အမြဲ  ထားရှိပြီး မွန်ဂိုလီးယားနိုင်ငံက တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တိုးတက်မှု ဖော်ဆောင်ခြင်းကို နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေးလမ်းညွှန်ချက်အဖြစ် ထားရှိခြင်းကို တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။

မိမိအနေဖြင့် တရုတ်-မွန်ဂိုလီးယားဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ သမ္မတ Ukhnaa Khurelsukh နှင့်အတူ တရုတ်-မွန်ဂိုလီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ တရုတ်-မွန်ဂိုလီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် ရှေ့ဆက်တိုးတက်လာစေရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရေးကို တွန်းအားပေးရန် အတူကြိုးပမ်းလုပ်ဆောင်သွားလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平就蒙古国国庆向蒙古国总统呼日勒苏赫致贺电

新华社北京7月11日电 7月11日国家主席习近平就蒙古国国庆向蒙古国总统呼日勒苏赫致贺电  

习近平指出,中国和蒙古是山水相连的友好邻邦。中方始终将蒙古置于周边外交重要位置,赞赏蒙方将发展对华关系作为外交政策首要方针。我高度重视中蒙关系发展,愿同呼日勒苏赫总统一道努力,以构建中蒙命运共同体为引领,推动中蒙全面战略伙伴关系不断向前发展,更好造福两国人民。(完)

图说:2025年9月2日上午,国家主席习近平在北京人民大会堂会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的蒙古国总统呼日勒苏赫。新华社记者 丁海涛 摄