ကာတာနိုင်ငံ AI Rayyan မြို့ရှိ Ahmad Bin Ali အားကစားကွင်းတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ကာတာနိုင်ငံ၏  Al Rayyan အသင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံ၏ အယ်လ်-ဟီလာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အေအက်ဖ်စီ ချန်ပီယံလိဂ် လက်ရွေးစင်ပွဲစဉ်အတွင်း အယ်လ်-ဟီလာအသင်း နည်းပြချုပ် Jorge Jesus ကို တွေ့ရစဉ် (ဆင်ဟွာ)
ကာတာနိုင်ငံ AI Rayyan မြို့ရှိ Ahmad Bin Ali အားကစားကွင်းတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ကာတာနိုင်ငံ၏ Al Rayyan အသင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံ၏ အယ်လ်-ဟီလာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အေအက်ဖ်စီ ချန်ပီယံလိဂ် လက်ရွေးစင်ပွဲစဉ်အတွင်း အယ်လ်-ဟီလာအသင်း နည်းပြချုပ် Jorge Jesus ကို တွေ့ရစဉ် (ဆင်ဟွာ)

လစ္စဘွန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ပေါ်တူဂီအသင်း နည်းပြချုပ်အဖြစ် Roberto Martinez ၏နေရာတွင် Jorge Jesus ကို အစားထိုးခန့်အပ်လိုက်ကြောင်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် (FPF) က ဇူလိုင် ၁၀ ရက်၌ ကြေညာခဲ့သည်။

အသက် ၇၁ နှစ်အရွယ် Jorge Jesus က လာမည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ်၊ ၂၀၂၈ ခုနှစ် ယူအီးအက်ဖ်အေ ဥရောပချန်ပီယံရှစ်နှင့် ၂၀၃၀ ပြည့်နှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ပေါ်တူဂီအသင်းကို ဦးဆောင်မည်ဖြစ်ကြောင်း FPF ၏ အဆိုအရ သိရသည်။

ပေါ်တူဂီနိုင်ငံသား Jorge Jesus တွင် နည်းပြအတွေ့အကြုံ နှစ်လေးဆယ်နီးပါးရှိပြီး ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်း၊ ဖီနာဘာချီနှင့် အယ်လ်-ဟီလာအသင်းအပါအဝင် ကလပ်အသင်းများကို ကိုင်တွယ်လာခဲ့သူဖြစ်သည်။ ၎င်းမှာ ပေါ်တူဂီ၊ ဘရာဇီးနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့တွင် ဆုဖလားများစွာကို ရရှိထားသူလည်းဖြစ်သည်။

ပေါ်တူဂီအသင်းနည်းပြချုပ်အဖြစ် အဆိုပါခန့်အပ်ခံရမှုသည် နိုင်ငံအသင်းတစ်သင်း၌ ၎င်း၏ ပထမဆုံးတာဝန်ယူကိုင်တွယ်ရခြင်းဖြစ်သည်။ မကြာသေးမီက ၎င်း၏ နောက်ဆုံးအလုပ်မှာ ပေါ်တူဂီအသင်း‌ခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် လက်တွဲဆောင်ရွက်ခဲ့သည့် ဆော်ဒီပရိုလိဂ် ကလပ်အသင်း အယ်လ်-နာဆာတွင် ဖြစ်သည်။

ပေါ်တူဂီအသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စိတ်ပျက်စရာများနှင့် ကြုံတွေ့ခဲ့ရပြီး ဒုတိယနေရာဖြင့် အုပ်စုအဆင့်မှ တက်ရောက်နိုင်ခဲ့သော်လည်း ၁၆ သင်းအဆင့်၌ စပိန်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ၎င်းတို့အနေဖြင့် စပိန်နိုင်ငံသားနည်းပြ မာတီနက်ဇ်နှင့် လမ်းခွဲလိုက်ကြောင်း FPF က ဇူလိုင် ၈ ရက်၌ ကြေညာခဲ့သည်။

ကမ္ဘာ့ဖလားမှ ပေါ်တူဂီအသင်း ထွက်ခဲ့ရပြီးနောက် အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုက နိုင်ငံအသင်းအတွက် ဆက်လက်ကစားရန် ရှိမရှိနှင့်ပတ်သက်၍ မှန်းဆချက်များကလည်း ထွက်ပေါ်လာခဲ့သည်။ ရော်နယ်ဒိုက ယခုပြိုင်ပွဲမှာ ၎င်း၏ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း နိုင်ငံတကာဘောလုံးလောကမှ အနားယူရန်ကိုမူ ကြေညာထားခြင်းမရှိသေးပေ။

ရော်နယ်ဒိုသည် သွင်းဂိုး ၁၄၆ ဂိုးဖြင့် ပေါ်တူဂီအသင်း၏ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ကြောင်း သိရသည်။ (Xinhua)

...................

(English Version)

Jorge Jesus named Portugal head coach

LISBON, July 10 (Xinhua) -- The Portuguese Football Federation (FPF) announced on Friday that Jorge Jesus has been appointed head coach of the men's national team, replacing Roberto Martinez.

According to the FPF, the 71-year-old will lead Portugal in the upcoming UEFA Nations League, the 2028 UEFA European Championship and the 2030 FIFA World Cup.

The Portuguese has nearly four decades of coaching experience, having managed clubs including Benfica, Sporting CP, Flamengo, Fenerbahce and Al-Hilal. He has won numerous trophies in Portugal, Brazil and Saudi Arabia.

The appointment marks his first job in charge of a national team. His most recent role was with Saudi Pro League club Al-Nassr, where he worked with Portugal captain Cristiano Ronaldo.

Portugal endured a disappointing World Cup campaign, advancing from the group stage as runner-up before suffering a 1-0 defeat to Spain in the round of 16. The FPF announced on Wednesday that it had parted company with Spaniard Martinez.

Following Portugal's elimination, speculation has grown over whether Ronaldo, 41, will continue playing for the national team. He has confirmed that this was his final World Cup but has yet to announce his retirement from international football.

Ronaldo is Portugal's all-time leading scorer with 146 goals. ■

English Caption

AL Hilal SFC's head coach Jorge Jesus gestures during the AFC Champions League Elite football match between Qatar's Al Rayyan SC and Saudi Arabia's Al Hilal SFC at Ahmad Bin Ali Stadium in Al Rayyan, Qatar, Sept. 17, 2024. (Photo by Nikku/Xinhua)