တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသည့် ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ မြောက်ကိုရီးယား နိုင်ငံတော်ရေးရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် Pak Thae Song တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသည့် ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ မြောက်ကိုရီးယား နိုင်ငံတော်ရေးရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် Pak Thae Song တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသည့် ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ မြောက်ကိုရီးယား နိုင်ငံတော်ရေးရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် Pak Thae Song နှင့် ဇူလိုင် ၁၀ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့်လတွင် မိမိအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်၍ အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းနှင့်အတူ တရုတ်-မြောက်ကိုရီးယား အစဉ်အလာချစ်ကြည်ရေး ခိုင်မာစွာ တိုးတက်ရေးနှင့် အနှစ်သာရသစ်များ စဉ်ဆက်မပြတ်ဖြည့်တင်းရေးအတွက် မဟာဗျူဟာလမ်းညွှန်မှုများပေးအပ်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။

ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးမှု၊ အေးအတူ ပူအမျှဖြစ်မှု၊ အပြန်အလှန်ဖေးမကူညီမှုသည် တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးတွင် အစဉ်သဖြင့် ပေါ်လွင်ထင်ရှားသည့် ဝိသေသလက္ခဏာ ဖြစ်ကြောင်း၊ “တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အထောက်အကူပေးရေး သဘောတူစာချုပ်”သည် နှစ်နိုင်ငံပြည်သူများ၏အသက်သွေးချွေးဖြင့် စုစည်းထားသည့် တိုက်ပွဲဝင်ချစ်ကြည်ရေးကို ခိုင်မာစေရန်အတွက် အရေးကြီးသည့် နိုင်ငံရေးနှင့် ဥပဒေရေးရာအခြေခံအုတ်မြစ်ချမှတ်ပေးကြောင်း၊ မိမိနှင့် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းတို့သည် အဆိုပါသဘောတူညီချက် ချုပ်ဆိုသည့် ၆၅ နှစ်မြောက်အထိမ်းအမှတ်အား အတူတကွ ခမ်းနားစွာ ကျင်းပခြင်းကို အခါအခွင့်အဖြစ်ထားရှိကာ ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ ရှေးယခင်နိုင်ငံအကြီးအကဲများ၏ မူလရည်ရွယ်ချက်ကို မမေ့မလျော့ဘဲ တရုတ်-မြောက်ကိုရီးယား အစဉ်အလာချစ်ကြည်ရေးကို နှစ်နိုင်ငံပြည်သူများ ဆက်ခံမြှင့်တင်ရေးကို ဦးဆောင်လမ်းညွှန်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးကို သမိုင်းကာလသစ်တွင် ရှင်သန်စွမ်းအားသစ်များ စဉ်ဆက်မပြတ် ပြည့်ဖြိုးစေရန် တစ်ပြေးညီ သဘောတူခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတကာအခြေအနေ ရှုပ်ထွေးပြောင်းလဲလျက်ရှိကြောင်း၊ တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံသည် မဟာဗျူဟာတည်ငြိမ်မှုကို ထိန်းထားပြီး မဟာဗျူဟာယုံကြည်မှုကို မြှင့်တင်ရန်၊ မိမိနှင့် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းရရှိခဲ့သော သဘောတူညီချက်များကို ဖော်ဆောင်သည့်အရှိန်အား မြှင့်တင်ရန်၊ နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အချိန်နှင့်အမျှ တိုးတက်စေရေး သေချာစေပြီး ကိုယ်စီဆိုရှယ်လစ်လုပ်ငန်းစဉ်များ ခိုင်မာရေးကို အထောက်အကူပြုသည့် ဦးတည်ချက်သို့လည်းကောင်း၊ ကိုယ်စီနိုင်ငံ၏ခေတ်မီအသွင်ပြောင်းမှု တည်ဆောက်ရေးကို မြှင့်တင်ရာတွင် အကျိုးဖြစ်ထွန်းစေသော ဦးတည်ချက်သို့လည်းကောင်း တိုးတက်စေရန် အစဉ်သဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တည်ငြိမ်စွာ တွန်းအားပေးရန်၊ ပြည်သူ့ဆန္ဒအခြေခံကို စဉ်ဆက်မပြတ် ခိုင်မာစေရန်၊ အနီရောင်ဘုံတော်လှန်ရေးသမိုင်းအမှတ်တရများနှင့် အရင်းအမြစ်များကို ကောင်းမွန်စွာ အသုံးပြုကာ နှစ်နိုင်ငံလူငယ်လူရွယ်များအနေဖြင့် တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်၏ သမိုင်းဝင်ပေးဆပ်မှုကို စွဲမြဲစွာ မှတ်မိစေရန်၊ ကြီးမြတ်သည့် တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ကိုယ်စီ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို အခိုင်အမာကာကွယ်လျက် နှစ်နိုင်ငံအတွက် မိမိနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ဆိုရှယ်လစ်ဝါဒလမ်းစဉ်ကို ကောင်းမွန်စွာ လျှောက်လှမ်းရန်အတွက် အကျိုးဖြစ်ထွန်းစေသည့် ပြင်ပပတ်ဝန်းကျင်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Pak Thae Song က အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်အပေါ် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်း၏ ရင်းနှီးစွာနှုတ်ခွန်းဆက်စကားအား ရှေးဦးစွာ တစ်ဆင့်ပြောကြားခဲ့ပြီး “မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အထောက်အကူပေးရေး သဘောတူစာချုပ်” ချုပ်ဆိုသည့် ၆၅ နှစ်မြောက် အခါသမယတွင် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းအနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ ပါတီနှင့်ပြည်သူများကို ဦးဆောင်လျက်ရှိသည့် ကြီးမြတ်သောလုပ်ငန်းများတွင် စဉ်ဆက်မပြတ် အောင်မြင်မှုသစ်များ ရရှိပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။

Pak Thae Song က တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်ကို လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ဦးဆောင်သည့် တရုတ်ပြည်သူများက ကြီးမားသောတိုးတက်အောင်မြင်မှုများ ရရှိခဲ့သည့်အပေါ် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်အနေဖြင့် ယခုနှစ် ပထမအကြိမ် ပြည်ပခရီးစဉ်ကို မြောက်ကိုရီးယားနိုင်ငံအား ရွေးချယ်ကာ နှစ်ပါတီ၊ နှစ်နိုင်ငံ ထိပ်တန်းအကြီးအကဲများ သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ နှစ်ဖက်ဆက်ဆံရေး၏ သမိုင်းမှတ်ကျောက်တိုင်သစ်ကို စိုက်ထူခဲ့ပြီး မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေး ပြည်သူ့ဆန္ဒအခြေခံကို ထပ်ဆင့်တိုး မြဲမြံစေခဲ့ကြောင်း၊ “မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အထောက်အကူပေးရေး သဘောတူစာချုပ်” သည် မြင့်မားသည့် မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခိုင်မာအားကောင်းသော ဥပဒေအာမခံချက်ကို ပံ့ပိုးခြင်း ဖြစ်ကြောင်း၊ မြောက်ကိုရီးယား-တရုတ် နှစ်နိုင်ငံသည် သဘောတူစာချုပ်စိတ်ဓာတ်ကို အရင်းခံကာ အပြန်အလှန်ဖေးမကူညီ၍ ဆိုရှယ်လစ်ဝါဒလုပ်ငန်းစဉ်များတိုးတက်ရေးကို အတူတကွမြှင့်တင်ခဲ့ကြသလို ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို လက်တွဲအတူ ကာကွယ်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံအနေဖြင့် သဘောတူစာချုပ် ၆၅ နှစ်မြောက် အထိမ်းအမှတ်အစီအစဉ်များကို ခမ်းနားစွာ ကျင်းပခြင်းသည် မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေးသည် နိုင်ငံတကာ လှိုင်းဒဏ်လေဒဏ် အပြောင်းအလဲ၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်မှုအား ထပ်မံ အထင်အရှားပြသလိုက်ခြင်း ဖြစ်ရာ မြင့်မားသောမဟာဗျူဟာမြောက်ဖြစ်မှုရှိကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းအနေဖြင့်လည်း မြောက်ကိုရီးယား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အင်အားတောင့်တင်းခိုင်မာမှုအရှိဆုံးသော မဟာဗျူဟာမြောက်ဆက်ဆံရေးအဖြစ် ဖော်ဆောင်ရန် ညွှန်ကြားထားကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နှစ်ပါတီ၊ နှစ်နိုင်ငံ ထိပ်တန်းအကြီးအကဲများ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို ခိုင်ခိုင်မာမာဖော်ဆောင်သွားမည် ဖြစ်သလို ထိုင်ဝမ် စသည့်အရေးကိစ္စများ၌ တရုတ်နိုင်ငံက ဗဟိုအကျိုးစီးပွားကာကွယ်မှုအပေါ်  ပြတ်ပြတ်သားသား ထောက်ခံကြောင်း၊ မြောက်ကိုရီးယား-တရုတ် စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်ရင်းနှီးရေးနှင့် ဆိုရှယ်လစ်ဝါဒလုပ်ငန်းများ ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ရေးကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသည့် ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ မြောက်ကိုရီးယား နိုင်ငံတော်ရေးရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် Pak Thae Song တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသည့် ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ မြောက်ကိုရီးယား နိုင်ငံတော်ရေးရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် Pak Thae Song တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

习近平会见朝鲜内阁总理朴泰成

新华社北京7月10日电(记者曹嘉玥)7月10日下午,中共中央总书记、国家主席习近平在北京人民大会堂会见来华进行正式访问的朝鲜劳动党中央政治局常委、国务委员会副委员长、内阁总理朴泰成。   

习近平指出,上个月,我对朝鲜进行国事访问,同金正恩总书记为巩固和发展中朝传统友好并不断赋予其新的时代内涵作出战略指引。世代友好、命运与共、守望相助始终是中朝关系的鲜明特征。《中朝友好合作互助条约》为巩固两国人民用鲜血凝成的战斗友谊奠定重要政治法律基础。我和金正恩总书记一致同意,以共同隆重纪念条约签订65周年为契机,不忘两党两国老一辈领导人的初心宗旨,引导两国人民继承和发扬中朝传统友谊,让两国关系在新的历史时期持续焕发蓬勃生机。   

习近平强调,当前,国际形势变乱交织。中朝两国应当保持战略定力,增强战略自信,加快落实我同金正恩总书记达成的共识,确保两党两国关系与时俱进,始终朝着有助于巩固各自社会主义事业、有利于促进各自国家现代化建设的方向发展。要稳步推进务实合作,持续巩固民意基础,用好共同的红色记忆和红色资源,让两国青年铭记中国人民志愿军的历史功绩,让伟大的中朝友谊世世代代传承下去。要加强战略协作,坚定捍卫各自主权、安全、发展利益,为两国走好符合自身国情的社会主义道路营造有利外部环境。   

朴泰成首先转达金正恩总书记对习近平总书记的亲切问候,表示在《朝中友好合作互助条约》签订65周年之际,金正恩总书记祝愿习近平总书记在领导中国党和人民的崇高事业中不断取得新成就。朴泰成表示,热烈祝贺中国共产党成立105周年,祝贺习近平总书记领导中国人民取得伟大发展成就。习近平总书记今年首次出访就选择了朝鲜,两党两国最高领导人举行历史性会晤,树立了双边关系新的里程碑,进一步巩固了朝中友好的民意基础。《朝中友好合作互助条约》从战略高度、长远角度为推动两国关系发展提供了强有力的法律保障。朝中两国本着条约精神,守望相助,共同推动社会主义事业发展,携手捍卫地区和世界和平。两国隆重举行条约签订65周年纪念活动,再次彰显朝中友谊经受住国际风云变幻考验,具有高度战略性。金正恩总书记要求将朝中关系发展为最强有力的战略关系。朝方将坚决落实两党两国最高领导人达成的重要共识,坚定支持中方在台湾等问题上捍卫核心利益,竭尽全力推动朝中团结、友好和社会主义事业迈上新的更高台阶。   

王毅参加会见。(完)

1. 7月10日下午,中共中央总书记、国家主席习近平在北京人民大会堂会见来华进行正式访问的朝鲜劳动党中央政治局常委、国务委员会副委员长、内阁总理朴泰成。 新华社记者李响摄