ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ဧပြီလတွင် စတင်သော လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း တန်ချိန် ၁ သန်းကျော်တင်ပို့ခဲ့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃၈ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက ဇူလိုင် ၁၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများ အဓိကဈေးကွက်များဖြစ်သည့် အိန္ဒိယ၊ ထိုင်းနှင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံ ၂၆ နိုင်ငံကျော်သို့ တင်ပို့ခဲ့ကြောင်း ယင်းအသင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပဲမျိုးစုံသည် ဆန်စပါးပြီးလျှင် မြန်မာနိုင်ငံ၌ ဒုတိယအများဆုံးစိုက်ပျိုးသည့် သီးနှံဖြစ်ပြီး နိုင်ငံအတွင်း စုစုပေါင်းစိုက်ပျိုးမြေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။  (Xinhua)