တရုတ်နိုင်ငံ သမ္မတ ရှီနှင့် ဇနီး ဖုန်လိယွမ်၊ နမီးဘီးယားနိုင်ငံ သမ္မတ Netumbo Nandi-Ndaitwah နှင့် ခင်ပွန်း Epaphras Denga Ndaitwah တို့ မြို့တော် ပေကျင်းတွင် ရှီနှင့် Netumbo တို့ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေကြသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီနှင့် ဇနီး ဖုန်လိယွမ်၊ နမီးဘီးယားနိုင်ငံ သမ္မတ Netumbo Nandi-Ndaitwah နှင့် ခင်ပွန်း Epaphras Denga Ndaitwah တို့ မြို့တော် ပေကျင်းတွင် ရှီနှင့် Netumbo တို့ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေကြသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နမီးဘီးယားနိုင်ငံ သမ္မတ Netumbo Nandi-Ndaitwah တို့သည် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးအား ခေတ်သစ် တရုတ်-နမီးဘီးယား အေးအတူပူအမျှ အသိုက်အဝန်းအဖြစ် အဆင့်မြှင့်တင်ရန် ကြေညာခဲ့သည်။

တရုတ်နိုင်ငံနှင့် နမီးဘီးယားနိုင်ငံတို့သည် နက်ရှိုင်းသော အစဉ်အလာချစ်ကြည်ရင်းနှီးမှုရှိကြကာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘုံစိတ်အားထက်သန်မှုကို မျှဝေလျက်ရှိကြကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံအနေဖြင့် အချင်းချင်း သာတူညီမျှရှိ၍ အပြန်အလှန်ပံ့ပိုးမှုဖြင့် ဆက်ဆံလျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုမှာလည်း ဆက်လက်နက်ရှိုင်းလျက်ရှိရာ နှစ်နိုင်ငံ ပြည်သူများအား မျက်မြင်ထင်ရှားသည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နမီးဘီးယားနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု ဒဿနများ ဖလှယ်မှု မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ ပေါင်းစည်းရေး၊ ကိုယ်စီ ခေတ်မီအသွင်ပြောင်းမှုလမ်းကြောင်းများအလိုက် အချင်းချင်း မိတ်ဖက်ဖြစ်ရေး လုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း ရှီက ဆိုသည်။

ထို့ပြင် ရှီက ခေတ်သစ် တရုတ်-နမီးဘီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အဆိုပြုချက် သုံးရပ်ကိုလည်း အကြံပြုဖော်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့် နမီးဘီးယားနိုင်ငံတို့သည် အဆင့်မြင့်အနီးကပ်ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထားကာ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှု နက်ရှိုင်းစေပြီး  နှစ်နိုင်ငံဆက်ဆံ‌ရေး၌ အလုံးစုံ မဟာဗျူဟာမြောက် အရေးပါသောကိစ္စရပ်များအပေါ် ပုံမှန်ဆက်သွယ်မှုထားရှိမည်ဖြစ်သလို ပင်မအကျိုးစီးပွားများနှင့် ဘုံဂရုပြုသည့်အရာများနှင့် ဆက်စပ်သော ကိစ္စရပ်များ၌ အချင်းချင်း ဆက်လက်၍ အပြန်အလှန် ထောက်ခံအားပေးကြရမည်ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။

ထို့နောက် ရှီက နှစ်နိုင်ငံလုံးအား အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဖော်ထုတ်ရန်နှင့် ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရန် တိုက်တွန်းခဲ့သလို နမီးဘီးယားနိုင်ငံအနေဖြင့် အခွန်ကင်းလွတ် ဝင်ရောက်မှု၊ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် နမီးဘီးယားပို့ကုန်များအတွက် အဆင့်မြှင့်တင်ထားသော အမြန်လမ်းကြောင်းနှင့် အခြားအထူးအခွင့်အရေးခံစားခွင့်ရှိသည့်မူဝါဒများ စသည်တို့ကို အပြည့်အဝအသုံးချရန်လည်း တိုက်တွန်းခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် နမီးဘီးယားနိုင်ငံနှင့်အတူ အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ သတ္တုတွင်း၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ လူငယ်၊ သိပ္ပံနှင့် နည်းပညာ စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရှီက ဆိုသည်။

ထို့အတူ နှစ်နိုင်ငံအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ ထိန်းသိမ်းရေးအတွက် စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံက နမီးဘီးယားနိုင်ငံ အပါအဝင် အာဖရိကနိုင်ငံများနှင့်အတူ ကမ္ဘာ့တောင်ဘက်ခြမ်း၏ စွမ်းပကားနှင့် အသံများကို မြှင့်တင်ထုတ်ဖော်ရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပံ့ပိုးကူညီမှုအသစ်များ စွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားခဲ့သည်။  (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260711/335d046bb1394e4d96805af445c4fc02/c.html

……………………………………..

(English Version)

China, Namibia announce to build community with shared future for new era

BEIJING, July 10 (Xinhua) -- Chinese President Xi Jinping and Namibian President Netumbo Nandi-Ndaitwah announced the elevation of bilateral relations to a China-Namibia community with a shared future for the new era during their talks held Friday in Beijing.

Xi said China and Namibia enjoy profound traditional friendship and share common aspirations for development, adding that since the establishment of diplomatic ties, the two countries have always treated each other as equals and supported each other.

Noting that bilateral friendly cooperation has continued to deepen, delivering tangible benefits to the two peoples, Xi said China stands ready to work with Namibia to enhance exchanges of development philosophies and synergize development strategies, and partner with each other on their paths to modernization.

Xi put forward three proposals for building a China-Namibia community with a shared future for the new era.

China and Namibia should maintain close high-level exchanges, deepen experience sharing on governance, stay in regular communication on issues of overall and strategic importance in bilateral relations, and continue to support each other on issues concerning their respective core interests and major concerns, Xi said.

Xi also urged the two sides to tap the potential of cooperation and take it to higher levels, encouraging Namibia to make full use of the zero-tariff access, the upgraded fast track for Namibian exports to reach China, and other favorable policies.

China is ready to deepen cooperation with Namibia in such areas as infrastructure, energy, mining, agriculture, education, youth, science and technology, he noted.

Xi added that the two countries should uphold solidarity and coordination to safeguard multilateralism. China is willing to work with African countries, including Namibia, to enhance the strength and voice of the Global South, and make new contributions to building a community with a shared future for humanity, Xi said.

https://english.news.cn/20260711/335d046bb1394e4d96805af445c4fc02/c.html

Photo 1: Chinese President Xi Jinping and his wife Peng Liyuan pose for a group photo with Namibian President Netumbo Nandi-Ndaitwah and her spouse Epaphras Denga Ndaitwah prior to the talks between Xi and Netumbo Nandi-Ndaitwah in Beijing, capital of China, July 10, 2026. (Xinhua/Li Xiang)

Photo 2, 3, 4: Chinese President Xi Jinping holds a welcome ceremony for Namibian President Netumbo Nandi-Ndaitwah in the Northern Hall of the Great Hall of the People prior to their talks in Beijing, capital of China, July 10, 2026. (Xinhua/Gao Jie)

Photo 5: Chinese President Xi Jinping holds talks with Namibian President Netumbo Nandi-Ndaitwah, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, July 10, 2026. (Xinhua/Gao Jie)