ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန်သည် ယခုရက်ပိုင်းများတွင် အပြန်အလှန်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးသည် အီရန်စစ်ပွဲမှ အလွတ်ရုန်းရန် အတားအဆီးများနှင့် ထပ်မံကြုံတွေ့ရလျက်ရှိသည်။ အမေရိကန်လွှတ်တော်၏ ကြားဖြတ်ရွေးကောက်ပွဲကာလ ရောက်ရှိတော့မည်ဖြစ်ခြင်း၊ ပြည်တွင်းစီးပွားရေးဖိအားများ မြင့်တက်လာခြင်း၊ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုပြဿနာများ ဆက်တိုက်ရှိနေခြင်း၊ အီရန်နျူကလီးယားအရေးကိစ္စဆွေးနွေးမှု ရှေ့ရေးအလားအလာ ဝေဝါးနေခြင်း စသည့် နောက်ခံအခြေအနေတွင် ထရမ့်အစိုးရအနေဖြင့် “ဘက်စုံစစ်ပွဲသို့ ပြန်လည်မရောက်ရှိစေရန်” ရှောင်ကြဉ်ရမည်ဖြစ်သလို အီရန်၏ သဘောထားတင်းမာမှုရှေ့မှောက်တွင် နောက်ဆုတ်အလျှော့ပေးသည်ကို မပေါ်လွင်လိုခြင်းကြောင့် ၎င်း၏ မူဝါဒရွေးချယ်မှုအနေအထားမှာ ပို၍ အကန့်အသတ်ရှိလာသည်ဟု သုံးသပ်သူများက ယူဆထားသည်။

ထရမ့်က ဇူလိုင် ၈ ရက်တွင် အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာ “အဆုံးသတ်ပြီ” ဟု ပြောကြားကာ အီရန်ကို နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ရန် အမိန့်ချခဲ့သည်။  အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဇူလိုင် ၈ ရက်တွင် နောက်ဆုံးအစီရင်ခံစာထုတ်ပြန်ခဲ့ရာ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ပင်လယ်ကမ်းခြေ စောင့်ကြည့်ရေးအဆောက်အဦ၊ ဒုံးကျည်နှင့် ဒရုန်းသိုလှောင်ရာအဆောက်အဦများ အပါအဝင် အီရန်စစ်ရေးပစ်မှတ် ၉၀ ခန့်နှင့် သက်ဆိုင်သည့် နောက်ထပ်တစ်ကြိမ်တိုက်ခိုက်မှု ပြီးဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ အမေရိကန်ဘက်က ၎င်း၏တိုက်ခိုက်မှုသည် ယခုကာလများအတွင်း အီရန်က ဟော်မုဇ်ရေလက်ကြားသို့ ဖြတ်သန်းသွားသော စီးပွားရေးသင်္ဘောများအား တိုက်ခိုက်ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မကြာမီရက်ပိုင်းက အီရန် ရေနံထုတ်လုပ်မှု၊ လွှဲပြောင်းမှုနှင့် ရောင်းချမှုအပေါ် ရက် ၆၀ ကြာခွင့်ပြုချက်ပေးထားခြင်းကို ရုပ်သိမ်းပြီး အီရန်ရေနံပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်ကြောင်း အမေရိကန်ဘက်က ဇူလိုင် ၇ ရက်တွင် ကြေညာခဲ့သည်။

အီရန်ဘက်က နားလည်မှုစာချွန်လွှာကို အမေရိကန်ချိုးဖောက်သည်ဟု အပြစ်တင်ခဲ့သည်။ ဘာရိန်းရှိ Sheikh Isa လေတပ်အခြေစိုက်စခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်လိုက်ပြီဖြစ်ကြောင်း အီရန်စစ်တပ်က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။

ယခုတစ်ကြိမ် ဖြစ်ပွားနေသည့် ပဋိပက္ခ၏ အဓိကဇာစ်မြစ်မှာ အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာတွင် ပါရှိသော ဟော်မုဇ်ရေလက်ကြားထိန်းချုပ်ရေးဆိုင်ရာ အချက်အလက်များကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သဘောထားကွဲလွဲနေခြင်းကြောင့် ဖြစ်သည်ဟု ရိုက်တာသတင်းဌာန၏သုံးသပ်ချက်က ယူဆထားသည်။ အီရန်က ၎င်းအနေဖြင့် နောင်အနာဂတ်တွင် ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှု၌ ပါဝင်ဆောင်ရွက်ခွင့်ရှိသင့်ရုံသာမက ထိုသို့ဆောင်ရွက်ရာတွင် ဝန်ဆောင်ခများပင် ကောက်ခံနိုင်ဖွယ်ရှိကြောင်း ယူဆထားသည်။ သို့သော် ထရမ့်နှင့် အမေရိကန်၏ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများကမူ အဆိုပါရေလက်ကြားတွင် လွတ်လပ်စွာနှင့် လုံခြုံစွာ သွားလာခွင့်အား ပြန်လည်ဖော်ဆောင်ရန်တောင်းဆိုချက်ကို ခိုင်မာစွာ ကိုင်စွဲထားသည်။

နားလည်မှုစာချွန်လွှာကို အပြီးသတ် ငြိမ်းချမ်းရေးစာချုပ်အဖြစ် ပြောင်းလဲနိုင်မည်ဟူသော ပြင်ပလောက၏ မျှော်လင့်ချက်များမှာလည်း များစွာ လျော့ကျသွားခဲ့သည်။ အမေရိကန်နှင့် အီရန်တို့အနေဖြင့် အဆိုပါနားလည်မှုစာချွန်လွှာတွင် ပြဋ္ဌာန်းထားသည့် ရက် ၆၀ ကြာ ဆွေးနွေးညှိနှိုင်းမှုကာလအတွင်း အဓိက သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်မည်လောဆိုသည့်အပေါ် လေ့လာသူအများစုက သံသယရှိနေကြသည်။ အဆိုပါစာချွန်လွှာတွင် အခက်ခဲဆုံးပြဿနာ အများအပြားကို နောက်ပိုင်းဆွေးနွေးပွဲများတွင်သာ ဆက်လက်ဖြေရှင်းရန် ချန်လှစ်ထားသော်လည်း သက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများမှာ တိုးတက်မှု အကန့်အသတ်သာရှိသဖြင့် နောက်တစ်ကြိမ် ဆွေးနွေးပွဲ ကျင်းပနိုင်ခြေမှာလည်း မရေရာသေးပေ။

ယခုအကြိမ် ပဋိပက္ခတွင် ထရမ့်အစိုးရ ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ပေါ်လွင်စေကြောင်း၊ ယင်းမှာ ဘက်စုံငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ခက်ခဲနေသလို ယခုစစ်ပွဲမှ ဂုဏ်သိက္ခာရှိစွာ အလွတ်ရုန်းရန်လည်း ခက်ခဲနေခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

လက်ရှိတွင် ထရမ့်အစိုးရ၏ ရွေးချယ်မှုက အလွန်အကန့်အသတ်ရှိနေပြီး အများစုမှာ နည်းလမ်းကောင်းများမဟုတ်ကြောင်း၊ ယင်းမှာ ပဋိပက္ခဆက်လက်အရှိန်မြင့်တက်နေမည်ဆိုလျှင် အမေရိကန်နှင့် အီရန်အနေဖြင့် “ဘက်စုံစစ်ပွဲ” သို့ ထပ်မံသက်ဆင်းနိုင်ပြီး အီရန်၏ တင်းမာသောသဘောထားရှေ့မှောက်တွင် အလျှော့ပေးလိုက်လျှင် ဟော်မုဇ်ရေလက်ကြားအရေးကိစ္စ၌ အီရန်၏အပေးအယူလုပ်နိုင်မှု အသာစီးရရန် အသံတိတ်ခွင့်ပြုခြင်းအဖြစ် ရှုမြင်ခံရနိုင်ကြောင်း သုံးသပ်သူများက ထောက်ပြထားသည်။

အမေရိကန်ဘက်က အီရန်နျူကလီးယားသဘောတူညီချက်ရရှိခြင်းကို အဓိကစစ်ရေးလှုပ်ရှားမှုရည်မှန်းချက်အဖြစ် ထည့်သွင်းထားရာ နောက်ထပ်တစ်ဖန် စတင်တိုက်ခိုက်ခြင်းမှာ အီရန်ကို ဆွေးနွေးပွဲစကားဝိုင်းသို့ ပြန်ရောက်အောင် ဖိအားပေးရန်အတွက် ဖြစ်နိုင်သည်။ သို့သော် ကျွမ်းကျင်သူများက လက်ရှိ အီရန်ဘက်သည် ထရမ့်အစိုးရမျှော်လင့်သည့်အတိုင်း ကြီးကြီးမားမားနောက်ဆုတ်ပေးမည့် အရိပ်လက္ခဏာမရှိလုနီးပါးဖြစ်သည်ဟု ယူဆကြသည်။

အမေရိကန် ကာနီဂျီ နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနမှ အကြီးတန်းသုတေသီနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အလယ်ပိုင်းရေးရာ စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်ဟောင်းဖြစ်သူ Aaron David Miller က ထရမ့်သည် "မိမိကိုယ်ကို အကျပ်အတည်းတွင် ပိတ်မိစေသည်" ဟု မှတ်ချက်ပြုခဲ့သည်။ "စစ်ရေးနည်းလမ်းကို သုံးသည်ဖြစ်စေ၊ သံတမန်ရေးနည်းလမ်းကို သုံးသည်ဖြစ်စေ သူ့အတွက်ကတော့ အီရန်ဘက်မှ ရလဒ်ကောင်းတစ်ခုခု ရရှိဖို့ ခက်ခဲပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်အစိုးရသည် စစ်ပွဲတွင်သာမက ပြည်တွင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဖိအားများကိုပါ ရင်ဆိုင်နေရသည်။ ထရမ့်သည် ရွေးကောက်ပွဲ ကာလအတွင်း အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုကို ရှောင်ရှားပြီး အမေရိကန်၏ ပြည်တွင်းစီးပွားရေးကိစ္စရပ်များကိုသာ အာရုံစိုက်လုပ်ဆောင်မည်ဟု ကတိပြုခဲ့ဖူးသည်။ သို့သော် အီရန်စစ်ပွဲကြောင့် လူအများအပြား သေဆုံးမှုများ ဖြစ်ပေါ်လာခဲ့သလို အမေရိကန်၏ ပြည်တွင်းစီးပွားရေး ဖိအားများမှာလည်း ပိုမိုကြီးမားလာရာ ယင်းမှာ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရီပတ်ဘလစ်ကန်ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးအပေါ်  သက်ရောက်မှုရှိလာနိုင်ပေသည်။ ရိုက်တာသတင်းဌာနနှင့် Ipsos တို့က ဇွန်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သော ပူးတွဲစစ်တမ်းတွင် ထရမ့်၏ ထောက်ခံမှုနှုန်းမှာ ၃၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဧပြီလကရှိခဲ့သည့် အခြေအနေအတိုင်းပင်ဖြစ်ကာ ၎င်း၏ ဒုတိယသက်တမ်းအတွင်း အနိမ့်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်သည်။

အမေရိကန်နှင့် အီရန်အကြား နားလည်မှုစာချွန်လွှာရရှိပြီးနောက် ထရမ့်က အမေရိကန်အနေဖြင့် "ကြီးမားသော အောင်ပွဲ" ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် လေ့လာသုံးသပ်သူများကမူ ထရမ့်သည် ယခင်က အီရန်ကို "ခြွင်းချက်မရှိ လက်နက်ချအညံ့ခံရန်" တောင်းဆိုခဲ့ပြီး ၎င်း၏ စစ်ရေးလှုပ်ရှားမှု ရည်မှန်းချက်များမှာ  အဆက်မပြတ် ပြောင်းလဲလျက်ရှိရာ အများစုကိုမူ မဖော်ဆောင်နိုင်ခဲ့ကြောင်း ထောက်ပြကြသည်။

အမေရိကန် Think Tank ဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ သုတေသနစင်တာ (CSIS) မှ ကျွမ်းကျင်သူ Jon Alterman က  အီရန်ဘက်က အမေရိကန်သမ္မတ ထရမ့်သည် အဆုံးမရှိသော စစ်ပွဲတစ်ခုအတွင်း နစ်မွန်းသွားရန် မလိုလားသည့်အပြင် ပင်လယ်ကွေ့ဒေသရှိ အခြားနိုင်ငံများမှာလည်း ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် မျှော်လင့်နေကြသည်ဟု တွက်ဆထားကြောင်း၊ ထို့ကြောင့် အီရန်တို့ “လောင်းကြေးထပ်လိုက်တာက ထရမ့်အနေဖြင့် စစ်ပွဲကို ရက်အနည်းငယ်သာ ဆင်နွှဲနိုင်မည်ဖြစ်ပြီး ပင်လယ်ကွေ့ အာရပ်နိုင်ငံများက စစ်ပွဲကို ရပ်တန့်ပေးရန် သူ့ကို ဖိအားပေးလာလိမ့်မည်" ဟူ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

....................

(Chinese Version)

分析认为美国在伊朗战事中陷入军事和外交两难

新华社北京7月9日电 美国和伊朗近日持续相互打击,特朗普领导的美国政府试图从伊朗战事抽身再遇阻碍。分析认为,在美国国会中期选举临近、国内经济压力上升、霍尔木兹海峡通航问题持续、伊朗核问题谈判前景不明的背景下,特朗普政府既要避免“重新回到全面战争”,又不愿在伊朗强硬姿态面前显示退让,其可选择的政策空间正变得更加有限。

特朗普8日称美伊达成的谅解备忘录“已终结”,并下令对伊朗发动新一轮打击。美军中央司令部8日最新通报,已完成的又一轮打击涉及约90个伊朗军事目标,包括防空系统、海岸监视设施、导弹和无人机储存设施等。美方称其打击是对伊朗近期袭击通过霍尔木兹海峡商船的回应。此外,美方7日宣布撤销日前对伊朗石油的生产、交付和销售为期60天的授权,恢复对伊朗的石油制裁。

伊朗方面指责美国违反谅解备忘录。伊朗军方8日称,已动用无人机对美军在巴林的谢赫伊萨空军基地实施打击。

路透社分析认为,本轮冲突爆发的根源,在于美伊对谅解备忘录中霍尔木兹海峡控制权条款的解读存在分歧。伊朗认为自身未来应在霍尔木兹海峡管理中发挥作用,甚至可能收取费用;而特朗普与美国的海湾盟友则坚持要求恢复自由、安全通行。

外界对谅解备忘录转化为最终和平协议的期待也大打折扣。分析人士普遍怀疑,美伊能否在备忘录规定的60天谈判窗口内解决关键分歧。该备忘录将许多最棘手问题留待后续谈判处理,而相关磋商进展有限,下一轮会谈能否举行仍不确定。

路透社称,本轮冲突凸显出特朗普政府面临的困境:既难达成全面和平协议,也难体面从这场战事中抽身。

分析人士指出,眼下,特朗普政府的选择十分有限,且大多非良策:如果冲突继续升级,可能导致美伊重新滑向“全面战争”;如果在伊朗强硬姿态面前退让,又可能被视作默许伊朗在霍尔木兹海峡问题上扩大筹码。

美方把达成伊朗核问题协议列为主要军事行动目标,再次发动打击或是为了迫使伊朗回到谈判桌。然而专家认为,目前几乎没有迹象表明伊朗会作出特朗普政府期待的重大让步。

美国卡内基国际和平研究院高级研究员、曾担任美国国务院中东谈判代表的阿伦·戴维·米勒说,特朗普“把自己困住了”,“无论通过军事还是外交手段,他都难以从伊朗方面获得多少成果”。

特朗普政府面临的压力不仅来自战场,还来自国内政治和经济。特朗普在竞选时曾承诺避免干预他国,聚焦美国国内经济议题,但伊朗战事造成大量人员死亡,也加重了美国国内经济压力,进而可能在11月举行的中期选举中影响共和党选情。路透社和益普索集团6月23日公布的联合民调结果显示,特朗普支持率降至34%,与4月持平,回到其第二任期最低水平。

美伊达成谅解备忘录后,特朗普称美国取得“重大胜利”。不过,分析人士认为,特朗普先前要求伊朗“无条件投降”,他的军事行动目标不断变化,且大都未能实现。

美国智库战略与国际问题研究中心专家乔恩·奥尔特曼说,伊朗方面判断特朗普不想陷入一场无休止战事,且海湾其他国家也迫切希望恢复常态,伊朗人“赌的是,特朗普只会打几天,海湾阿拉伯国家就会施压让他停手”。(高冰冰)