
ဟွမ်ကန်း (ဟူပေ)၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ဇူလိုင် ၆ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဟွမ်ကန်းမြို့၌ ကြုံခဲသော လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့ရာ ဟွမ်ကျိုးခရိုင်ရှိ ထောက်ပံ့ပို့ဆောင်ရေးဝင်း စက်ရုံတစ်ရုံမှာ ပြင်းထန်စွာ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ကျန် ဆန်၊ ဂျုံ၊ ပြောင်းနှံ၊ စားသုံးဆီနှင့် အလွယ်တကူစားသုံးနိုင်သော အစားအစာ စသည့် ယွမ် သိန်းရာကျော်တန်ဖိုးရှိသော ပြည်သူ့လူနေမှုဘဝ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများမှာ ရေနစ်မြုပ်ပြီး အလဟဿဖြစ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ဇူလိုင် ၉ ရက် ညနေပိုင်းမှ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းအထိ ဟူပေပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေး မိုဘိုင်းတပ်ဖွဲ့ချုပ်သည် တပ်ဖွဲ့ဝင် ၄၀၀ ကျော်ကို စေလွှတ်ခဲ့ပြီး နေ့ရောညပါ လုပ်ဆောင်ခဲ့ရာ အချိန် ၁၀ နာရီကျော်ကြာ အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပြီးနောက် စက်ရုံအတွင်းရှိ ပြည်သူ့လူနေမှုဘဝ အထောက်အပံ့ပစ္စည်းများကို သတ်မှတ်ထားသော သိုလှောင်ရာနေရာသို့ ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့သည်။
ဇူလိုင် ၆ ရက် ညပိုင်းတွင် ဘေးဒဏ်သင့်ဒေသသို့ အလျင်အမြန် လာရောက်ကူညီခဲ့ချိန်မှစ၍ ပါတီအဖွဲ့ဝင် ၄၇၆ ဦးအပါအဝင် ဟူပေပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေး မိုဘိုင်းတပ်ဖွဲ့ချုပ်မှ တပ်ဖွဲ့ဝင် ၉၈၀ ဦးက နေ့ရော ညပါ လေးရက် ဆက်တိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့က လူရှာဖွေကယ်ဆယ်ရေး၊ လမ်းပိတ်ဆို့မှုများ ရှင်းလင်းခြင်း၊ အန္တရာယ်ရှိသော အဆောက်အအုံ ဘေးကင်းရန် လုပ်ဆောင်ခြင်း၊ အထောက်အပံ့ပစ္စည်းများ ပြောင်းရွှေ့သယ်ယူပေးခြင်း စသည့် တာဝန်များစွာကို ဆက်တိုက်ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် မိုဘိုင်းတပ်ဖွဲ့ချုပ်မှ ဘေးအန္တရာယ်ကယ်ဆယ်ရေးတွင် ပါဝင်သော အဖွဲ့ဝင်အားလုံးသည် ဘေးဒဏ်သင့် နေရာအသီးသီးတွင် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပြီး ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ကာ ဘေးဒဏ်သင့်ပြည်သူများအနေဖြင့် ထုတ်လုပ်မှုများ လုပ်ဆောင်နိုင်သော နေ့စဉ်ဘဝကို အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အစွမ်းကုန် ကူညီလျက်ရှိသည်။ (Xinhua)
.........................
(Chinese Version)
湖北消防连夜转运超千万元民生物资
新华社照片,黄冈(湖北),2026年7月10日
7月6日晚,湖北黄冈市区遭遇罕见龙卷风,黄州区一物流园厂房严重受损,库存米面粮油、方便食品等价值超千万元的民生必需品面临泡水报废风险。
7月9日下午至10日上午,湖北消防救援机动总队调派400余名指战员昼夜作业,经过10余小时连续奋战,将厂房内民生物资安全转移至指定仓储点。
据悉,自7月6日晚驰援灾区以来,包括476名党员在内的980名湖北消防救援机动总队指战员,已连续奋战4昼夜,先后完成人员搜救、道路清障、危房排险、物资转运等多项任务。
目前,总队全体参与救灾的指战员仍坚守在各受灾点位,持续开展灾后恢复与助民帮困工作,竭力帮助受灾群众尽快恢复生产生活秩序。
图说:7月9日夜间,在湖北省黄冈市受灾物流园区,湖北消防救援机动总队消防员在转运物资(无人机照片)。 新华社记者 伍志尊 摄








