တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ကျင့်ကျန်းမြို့ ချန်သိုက်မြို့နယ်၊ ကျန်းထိုကျေးရွာတွင် ဖိနပ်စက်ရုံမီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးတပ်ဖွဲ့များ လုပ်ငန်းဆောင်ရွက်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ကျင့်ကျန်းမြို့ ချန်သိုက်မြို့နယ်၊ ကျန်းထိုကျေးရွာတွင် ဖိနပ်စက်ရုံမီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးတပ်ဖွဲ့များ လုပ်ငန်းဆောင်ရွက်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ကျင့်ကျန်းမြို့တွင် ဇူလိုင် ၉ ရက်က ဖိနပ်စက်ရုံမီးလောင်မှုဖြစ်ပွားကာ လူအများအပြား ထိခိုက်သေဆုံးပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက မတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းအရင်းကို သိရှိအောင်လုပ်ဆောင်ရန်နှင့် ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသူအား တင်းကျပ်စွာကိုင်တွယ်ဆောင်ရွက်ရန် ညွှန်ကြားချက်တွင် ပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ အဓိကလုပ်ငန်းခွင်မတော်တဆမှု အများအပြား ဖြစ်ပွားလျက်ရှိသည်ကို သတိပြုမိကြောင်း၊ ဒေသများနှင့် ဆက်စပ်ဌာနများအားလုံးအနေဖြင့် အဆိုပါ မတော်တဆမှုများမှ လေးလေးနက်နက်သင်ခန်းစာ ရယူရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအား ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းခွင်ဘေးကင်းရေးအတွက် အဆက်မပြတ် နိုးနိုးကြားကြား ရှိရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် ဘေးကင်းရေးအတွက် အန္တရာယ်ရှိနိုင်သည့် အမျိုးအစားများနှင့် မမြင်နိုင်သည့် အန္တရာယ်များအားလုံးကို စေ့စေ့စပ်စပ်ခွဲခြမ်းစိတ်ဖြာကာ ဖော်ထုတ်ရေး၊ လုပ်ငန်းခွင်ဘေးကင်းရေး အစီအမံများကို အသေးစိတ် အကောင်အထည်ဖော်ဆောင်ရွက်မှု သေချာအောင်လုပ်ဆောင်ရေး၊ ကြီးမား၍ ပြင်းထန်သော မတော်တဆမှုများ ဖြစ်ပွားခြင်းကို အပြည့်အဝကာကွယ်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းရေး စသည့် ကြိုးပမ်းအားထုတ်မှုများကိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီအောက်ရှိ လုပ်ငန်းခွင်ဘေးကင်းရေးကော်မရှင်ရုံးအနေဖြင့် လုပ်ငန်းခွင်ဘေးကင်းရေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အန္တရာယ်များအား အဆက်မပြတ် စစ်ဆေးမှုများ လုပ်ဆောင်ရန်၊ ကြီးမား၍ ပြင်းထန်သော မတော်တဆမှုများဖြစ်ပွားခြင်း ကာကွယ်ရေး အဆင့်များကို အပြည့်အဝလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

သတင်းထုတ်ပြန်ချိန်အထိ အဆိုပါ မီးလောင်မှုကြောင့် အတည်ပြုထားသည့် သေဆုံးသူအရေအတွက်မှာ ၂၈ ဦးရှိလာခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို လမ်းညွှန်ရန် အခင်းဖြစ်ပွားရာနေရာသို့ လုပ်ငန်းအဖွဲ့ စေလွှတ်ထားပြီးဖြစ်ကြောင်း၊ ဖူကျန့်ပြည်နယ်အာဏာပိုင်များအနေဖြင့် ဒဏ်ရာရရှိသူများကို ကုသပေးရန်နှင့် မီးလောင်မှုဖြစ်ပွားသောနေရာ၌ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အရင်းအမြစ်များ စုစည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  (Xinhua)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ကျင့်ကျန်းမြို့ ချန်သိုက်မြို့နယ်၊ ကျန်းထိုကျေးရွာတွင် ဖိနပ်စက်ရုံမီးလောင်မှု ဖြစ်ပွားပြီးနောက် မီးသတ်သမားများ လုပ်ငန်းဆောင်ရွက်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ကျင့်ကျန်းမြို့ ချန်သိုက်မြို့နယ်၊ ကျန်းထိုကျေးရွာတွင် ဖိနပ်စက်ရုံမီးလောင်မှု ဖြစ်ပွားပြီးနောက် မီးသတ်သမားများ လုပ်ငန်းဆောင်ရွက်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..

(English Version)

Xi urges all-out rescue efforts after shoe factory fire in east China

BEIJING, July 9 (Xinhua) -- Chinese President Xi Jinping has urged full efforts in search-and-rescue operations after a fire at a shoe factory caused major casualties Thursday in Jinjiang City, east China's Fujian Province.

Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, said in an instruction that efforts must be made to identify the cause of the accident and hold those responsible strictly accountable.

Noting that multiple major workplace safety accidents have occurred in the country since the beginning of this year, Xi required all regions and relevant departments to draw profound lessons from these accidents, better coordinate development and security, and remain constantly vigilant about workplace safety.

Efforts must be made to thoroughly identify and root out all types of safety risks and hidden hazards, ensure that workplace safety measures are implemented meticulously, resolutely prevent major and serious accidents, and effectively safeguard people's lives and property.

Premier Li Qiang, also a member of the Standing Committee of the Political Bureau of the CPC Central Committee, urged the Office of the Work Safety Commission under China's State Council to guide local authorities to conduct thorough inspections on workplace safety risks and hazards and take resolute steps to prevent major and serious accidents.

By press time, confirmed deaths from the fire have reached 28.

The Ministry of Emergency Management has dispatched a work team to the site to guide rescue efforts, while the provincial authorities of Fujian have mobilized resources to treat the injured and carry out on-site response efforts.

Photo 1: Rescue forces work after a fire broke out at a footwear factory in Jiangtou Village, Chendai Township of Jinjiang City, southeast China's Fujian Province, on July 9, 2026. (Xinhua/Zheng Liang)

Photo 2: Firefighters work after a fire broke out at a footwear factory in Jiangtou Village, Chendai Township of Jinjiang City, southeast China's Fujian Province, on July 9, 2026. (Xinhua/Zheng Liang)