တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ နိုင်ငံတကာကြွေထည်အကယ်ဒမီ (IAC) ညီလာခံတွင် အနုပညာလက်ရာပြခန်း၌ လေ့လာကြည့်ရှုနေသည့် နိုင်ငံတကာကြွေထည်ပညာရှင်များကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ နိုင်ငံတကာကြွေထည်အကယ်ဒမီ (IAC) ညီလာခံတွင် အနုပညာလက်ရာပြခန်း၌ လေ့လာကြည့်ရှုနေသည့် နိုင်ငံတကာကြွေထည်ပညာရှင်များကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ချန်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တစ်လွှာပြီးတစ်လွှာထပ်၍ အလှဆင်ထားသော ကြွေဖြူထည်လက်ရာများ‌သည် အပေါ်သို့မြှောက်ပင့်ထားသည့် လက်အစုံများနှင့် အလားတူသကဲ့သို့ အတောင်ပံဖြန့်ကာ ပျံသန်းတော့မည့် ခိုဖြူငှက်လေးများနှင့်လည်း သဏ္ဌာန်တူပေသည်။ ခရိုအေးရှား အမြင်ဖြင့်ခံစားနိုင်သော အနုပညာလက်ရာများ ဖန်တီးသည့် အနုပညာရှင် (Visual artist) Sandra Ban သည် မကြာသေးမီက တရုတ်နိုင်ငံ ကြွေထည်မြို့တော်ဖြစ်သည့် ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

လွန်ခဲ့သည့်နှစ်ဝက်က ၎င်းသည် ထောင်ရှီးချွမ်းအနုပညာစင်တာ၌ အခြေစိုက်၍ သုံးလကြာ တီထွင်ဖန်တီးမှုများ ပြုလုပ်ခဲ့သည်။ ယမန်သီတင်းပတ်တွင် ၎င်း၏ကြွေထည်လက်ရာ ဒါဇင်ချီကို ဆန်းပေါင် နိုင်ငံတကာကြွေထည်လျှိုမြောင်၌ ခင်းကျင်းပြသကာ ပြပွဲကို “အဆုံးမဲ့” ဟု အမည်ပေးထားပြီး ကြွေထည်အနုပညာဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာကို ဖော်ပြခဲ့သည်။

ပြပွဲကျင်းပသည့်နေ့တွင် Sandra Ban သည် ၎င်းတီထွင်ဖန်တီးထားသော ကြွေထည်အပိုင်းလေးများကို ပြပွဲလာရောက်ကြည့်ရှုသူများအား ဖြန့်ဝေလက်ဆောင်ပေးခဲ့သည်။

“ကြွေထည်က လူသားတို့ ဘုံနားလည်နိုင်တဲ့ဘာသာစကားဖြစ်ပြီး လက်မှုပညာက လူသားနဲ့ သဘာဝကို ချိတ်ဆက်ပေးတဲ့ သဘာဝနှောင်ကြိုးပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါလက်ရာများမှတစ်ဆင့် “လူသားနှင့် သဘာဝသည် မူလကတည်းက တစ်သားတည်းဖြစ်သည်” ဟူသော အယူအဆကို လက်ဆင့်ကမ်းပေးရန် ၎င်းက မျှော်လင့်လျက်ရှိသည်။

ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ နိုင်ငံတကာကြွေထည်အကယ်ဒမီ (IAC) ညီလာခံကို တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့ရာ ကမ္ဘာတစ်ဝန်းမှ ကြွေထည်အနုပညာရှင်ပေါင်း ၄၀၀ ကျော် တစ်နေရာတည်းတွင် စုစည်း၍ ကြွေထည်ယဉ်ကျေးမှုအား လက်ဆင့်ကမ်း ဆန်းသစ်တီထွင်မှုအကြောင်း အတူဆွေးနွေးခဲ့ကြသည်။

ညီလာခံပြင်ပတွင် မြို့တစ်မြို့လုံးသည် ဧရာမကြီးမားသော သက်ဝင်လှုပ်ရှားနေသည့် အလုပ်ရုံအလားပင်။ လမ်းမလမ်းသွယ်နေရာအစုံတွင် ကြွေထည်အလုပ်ရုံပေါင်း ၆၀,၀၀၀ ကျော် တည်ရှိနေပြီး အိုးထိန်းစက်လှည့်သူ၊ ပုံသွင်းသူ၊ ‌‌ကြွေထည်မျက်နှာပြင်တွင် အလှဖော်သူ၊ ဖိုမီးဖုတ်သူတို့သည် မိမိကျရာနေရာတွင် တာဝန်ကိုယ်စီ ထမ်းဆောင်လျက်ရှိသည်။ ခရီးဝေးမှ လာရောက်ကြသော နိုင်ငံတကာ ကြွေထည်ပညာရှင်များအတွက်ကမူ ကျင်တယ်ကျိန့်မြို့၏ ဆွဲဆောင်မှုအရှိဆုံးအရာမှာ စနစ်ကျလုပ်ငန်းတာဝန်ခွဲဝေထားပြီး ထူးချွန်ပြောင်မြောက်သော လက်ရာများကို ပိုင်ဆိုင်ထားသည့် လက်အစုံများပင်ဖြစ်ပေသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

http://xhtxs.cn/bdt4

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ နိုင်ငံတကာကြွေထည်အကယ်ဒမီ (IAC) ညီလာခံတွင် အနုလက်ရာပြခန်း၌ လေ့လာကြည့်ရှုနေသည့် နိုင်ငံတကာကြွေထည်ပညာရှင်များကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ နိုင်ငံတကာကြွေထည်အကယ်ဒမီ (IAC) ညီလာခံတွင် အနုလက်ရာပြခန်း၌ လေ့လာကြည့်ရှုနေသည့် နိုင်ငံတကာကြွေထည်ပညာရှင်များကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

行走中国|中国瓷都接住世界创意

新华社南昌7月2日电 题:中国瓷都接住世界创意  新华社记者黄浩然、陈毓珊、郭思缘  

白色陶瓷装置层层叠叠,像一只只向上的手,也像展翅的白鸽。克罗地亚视觉艺术家桑德拉·班,最近又回到中国瓷都江西省景德镇市。  

半年前,她在陶溪川艺术中心驻场创作三个多月。上周,她的数十件作品在三宝国际瓷谷展出,展览取名“无尽”,以陶瓷艺术表达环保主题。  

展览开幕那天,班双手捧起自己创作的瓷片,分送给观展者。“陶瓷是人类共通的语言,手艺是连接人与自然的纽带。”她说,希望通过这些作品传递“人与自然本为一体”的理念。  

6月28日至7月2日,2026年联合国教科文组织国际陶艺学会大会在景德镇开幕,全球400余位陶艺家齐聚,共话陶瓷文化传承创新。  

会场外,整座城市像一座巨大的活态工坊——6万多家制瓷作坊遍布街头巷尾,拉坯的、修坯的、画坯的、烧窑的,各守一摊,各司其职。对远道而来的国际陶艺家而言,景德镇最迷人的,正是一双双分工有序、各怀绝技的手。http://xhtxs.cn/bdt4  

图说1、2:6月28日,国际陶艺家在景德镇举办的2026年联合国教科文组织国际陶艺学会大会参观作品展。新华社发(刘斌摄)