မုံရွာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစက်မှုဇုန်အတွင်းရှိ ဆီစက်ရုံ တစ်ခုတွင် ဆီထွက်သီးနှံမြေပဲကို ကြိတ်ခွဲကာ မြေပဲဆီ ထုတ်လုပ်နေသည့် မြင်ကွင်းကို ဇူလိုင် ၁၀ ရက်က ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။
နှစ်စဉ် ဩဂုတ်၊ စက်တင်ဘာလတွင် ပေါ်သောမြေပဲဈေးနှုန်းသည် လက်ရှိ တစ်ပိဿာလျှင် ကျပ်၂,၀၀၀ ခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခင်က မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၁၁,၅၀၀ မှ လက်ရှိ ဇူလိုင် ၁၀ ရက်တွင်မူ ကျပ် ၁၃,၅၀၀ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ (XInhua)








