
ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
အခြား မည်သည့် တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု (livestream) နှင့်မျှ မတူသည့် ထုတ်လွှင့်မှုတစ်ခုဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များမဟုတ်ဘဲ JD.com ၊ ပိုင်သု (Baidu) ၊ အလီဘာဘာ စသည့် တရုတ်နိုင်ငံ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးများ၏ HR မန်နေဂျာများက ထုတ်လွှင့်မှုတွင်ပါဝင်ကာ အထူးအလုပ်အကိုင် အခွင့်အလမ်းများကို ထုတ်ဖော်ကြေညာခြင်း၊ လစာနှင့် လုပ်ငန်းခွင်တိုးတက်မှုတို့နှင့် သက်ဆိုင်သည့် အရေးကြီးမေးခွန်းများကို ဖြေကြားပေးခြင်း၊ ကြည့်ရှုသူများအား အွန်လိုင်းမှတစ်ဆင့် ရုံးအဆောက်အဦအား လှည့်လည်ပြသခြင်းတို့ လုပ်ဆောင်ခဲ့ရာ လူအများ၏ အာရုံစိုက်မှုကို အကြီးအကျယ်ရရှိခဲ့သည်။ ထို့ထက်ပို၍ ထူးခြားသည်မှာ အလုပ်အကိုင်ရှာဖွေသည့် လူငယ်များအနေဖြင့် သက်မွေးမှုလုပ်ငန်းနှင့် ပတ်သက်၍ အလုပ်အကိုင် အကြံပေးများထံမှ အကြံဉာဏ်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ခြင်းဖြစ်သည်။
ဇွန်လ၌ ကျင်းပခဲ့သည့် အဆိုပါအစီအစဉ်မှာ တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက တစ်လကြာ ဖော်ဆောင်ခဲ့သည့် အွန်လိုင်းမှ အလုပ်အကိုင်ခေါ်ယူခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ယင်းအစီအစဉ်၌ အင်တာနက်ကုမ္ပဏီ ၅,၀၀၀ ကျော် ပါဝင်ခဲ့ပြီး အလုပ်အကိုင်နေရာ ၂၀၀,၀၀၀ ကျော် ခေါ်ယူခဲ့ကြောင်း သိရသည်။
"လိုက်ဖ်စထရင်းကနေ ဝန်ထမ်းခေါ်ယူတာဟာ အလုပ်ရှင်တွေနဲ့ အလုပ်အကိုင်ရှာဖွေသူတွေအကြား သတင်းအချက်အလက် ကွာဟချက်ကို ပေါင်းကူးချိတ်ဆက်ပေးရာမှာ အထောက်အကူဖြစ်စေပြီး ကျွန်တော်တို့ရဲ့ အရည်အချင်းနဲ့ အမှန်တကယ်ကိုက်ညီတဲ့ အလုပ်နေရာတွေ ရှာဖွေတဲ့အခါမှာလည်း ပိုပြီးလွယ်ကူစေတယ်" ဟု ပေကျင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားတစ်ဦးဖြစ်သူ လျိုဝေချိုင် က ပြောသည်။
JD.com ကုမ္ပဏီတစ်ခုတည်းက နည်းပညာနှင့် အရောင်းပိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်း ၂၅,၀၀၀ ကို ကြေညာခဲ့သည်။ Tencent ကုမ္ပဏီကလည်း ဉာဏ်ရည်တု (AI) အယ်လ်ဂိုရစ်သမ်နှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာပညာရပ်တို့ လွှမ်းခြုံပါဝင်လျက် လူ ၈,၀၀၀ ကျော်ကို အလုပ်ခန့်အပ်ရန် စီစဉ်လျက်ရှိသည်။ ထို့အတူ ByteDance ကုမ္ပဏီကလည်း ကျယ်ပြန့်သည့် ဘာသာစကားဆိုင်ရာ AI မော်ဒယ်များနှင့် AI ရှာဖွေမှုအပြင် အခြားနယ်ပယ်များနှင့် သက်ဆိုင်သည့် အလုပ်အကိုင်နေရာ ၇,၀၀၀ ခန့်ကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260707/a26b9829327a4ff1bea452170af5d8f6/c.html
....................................................................
(English Version)
China moves to bolster youth employment for the AI era
BEIJING, July 7 (Xinhua) -- This was a livestream like no other! Instead of social media influencers, it featured HR managers from China's top tech giants like JD.com, Baidu and Alibaba stepping into the spotlight to unveil exclusive job openings, tackle burning questions about salaries and career growth, and even take viewers on virtual office tours. To top it off, young jobseekers received real-time career advice straight from employment counselors.
This event in June was part of a month-long online recruitment campaign launched by China's Ministry of Human Resources and Social Security, which brought together more than 5,000 internet companies and offered over 200,000 job vacancies.
"The livestream recruitment helps bridge the information gap between employers and jobseekers, making it easier for us to find positions that truly match our skills," said Liu Weicai, a graduating student from the University of Science and Technology Beijing.
JD.com alone announced 25,000 openings across technology and sales. Tencent plans to recruit more than 8,000 people, covering artificial intelligence (AI) algorithms and high-performance computing. ByteDance is hiring about 7,000 for positions related to large language models and AI search, among other areas.
https://english.news.cn/20260707/a26b9829327a4ff1bea452170af5d8f6/c.html
English Caption
This photo taken on April 18, 2026 shows a scene at a job fair held at Hunan University in Changsha, central China's Hunan Province. (Xinhua/Chen Zhenhai)








