ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် ကျင်းပသော “ရှီကျင့်ဖိန် နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ် တရုတ်-ကင်ညာ စာဖတ်သူများဖိုရမ်၌ အမှာစကား ပြောကြားနေသော ကင်ညာနိုင်ငံ စုပေါင်းဒီမိုကရက်တစ် မဟာမိတ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် Hassan Omar Hassan ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် ကျင်းပသော “ရှီကျင့်ဖိန် နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ် တရုတ်-ကင်ညာ စာဖတ်သူများဖိုရမ်၌ အမှာစကား ပြောကြားနေသော ကင်ညာနိုင်ငံ စုပေါင်းဒီမိုကရက်တစ် မဟာမိတ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် Hassan Omar Hassan ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကင်ညာနိုင်ငံ အာဏာရပါတီဖြစ်သည့် စုပေါင်းဒီမိုကရက်တစ်မဟာမိတ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် Hassan Omar Hassan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်သို့ ခရီးစဉ်လာရောက်ခဲ့ပြီး ဟန်ကျိုးမြို့ လျင်ဖိန်ခရိုင် ထန်ရှီးရွာတွင် ကျေးရွာပါတီဌာနခွဲ အစည်းအဝေးနှင့် ရွာသူ၊ ရွာသား ညီလာခံကျင်းပမှုကို လက်တွေ့သွားရောက်လေ့လာခဲ့သည်။ ယခုအကြိမ် တရုတ်နိုင်ငံခရီးစဉ်က ၎င်းအား တရုတ်ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းမှုစနစ်အပေါ် နားလည်သိရှိမှုများ အသစ်တိုးပွားစေခဲ့သည်ဟု ဆိုသည်။

“ဖွဲ့စည်းပုံမူဘောင်၊ ဆုံးဖြတ်ချက်ချမှတ်မှု ယန္တရား၊ ပြည်သူလူထုရဲ့လိုအပ်ချက်အပေါ် တုံ့ပြန်တဲ့ အမြန်နှုန်းဖြစ်စေ၊ ပြည်သူလုထု ပါဝင်မှုရဲ့ ကျယ်ပြန့်မှုဖြစ်စေ အားလုံးဟာ ချီးကျူးအံ့ဩဖွယ် ကောင်းလှပါတယ်” ၊ “တရုတ်ကွန်မြူနစ်ပါတီဟာ ကျစ်လျစ်တိကျတဲ့ ဖွဲ့စည်းမှုစနစ်နဲ့ အားကောင်းတဲ့ စီမံခန့်ခွဲမှုစွမ်းရည်ကို ဖော်ထုတ်ပြီး ဒီစွမ်းရည်ကို ကျေးလက်နဲ့ လူမှုအသိုက်အဝန်းတစ်ခုဆီ ဖြန့်ကြက်ပေးကာ ထိုမှတစ်ဆင့် မိသားစုနဲ့ တစ်ဦးတစ်ယောက်ချင်းရဲ့ အကျိုးစီးပွားကိုမြှင့်တင်ပေးတယ်” ဟု Hassan Omar Hassan က တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်‌မြောက် အခါသမယတွင် ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း ၎င်း၏ ကျဲ့ကျန်းပြည်နယ်သို့ သွားရောက်မှု ခံစားချက်ကို မျှဝေပြောကြားခဲ့သည်။

Hassan Omar Hassan က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို “ယနေ့ခေတ် အထူးချွန်ဆုံး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ရပ်များအနက်တစ်ခုဖြစ်သည်” ဟု ခေါ်ဆိုခဲ့ပြီး “တရုတ်နိုင်ငံရဲ့အောင်မြင်မှုက နိုင်ငံများစွာက နိုင်ငံရေးပါတီတွေကိုအားပေးမှုဖြစ်စေပါတယ်” ဟု အလေးထား ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ http://xhtxs.cn/bdt2

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထန်ရှီးမြို့ဟောင်း၏ တူးမြောင်း ညရှုခင်းမြင်ကွင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထန်ရှီးမြို့ဟောင်း၏ တူးမြောင်း ညရှုခင်းမြင်ကွင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

世界读懂中国共产党|以严密组织体系释放强大治理效能

新华社内罗毕7月6日电 世界读懂中国共产党|“以严密组织体系释放强大治理效能”
新华社记者严钰景  

今年年初,肯尼亚执政党联合民主同盟总书记哈桑·奥马尔率团访问了中国浙江,在杭州市临平区塘栖村实地观摩了村党支部会议和村民大会。这次中国之行,让他对中国共产党的组织体系有了新的认识。  

“无论是组织架构、决策机制、对群众需求的响应速度,还是人民参与的广泛度,都令人赞叹。”中国共产党成立105周年之际,奥马尔接受新华社记者专访时谈起自己参访浙江的感受,“中国共产党以严密的组织体系释放强大的治理效能,并将其投射至每个乡村和社区,进而促进家庭和个人的福祉。”

奥马尔将中国的发展称为“当代最卓越的发展故事之一”,强调“中国的成功鼓舞了许多国家的政党”。 http://xhtxs.cn/bdt2

图说1:2025年12月1日,在肯尼亚首都内罗毕,肯尼亚联合民主同盟总书记奥马尔在《习近平谈治国理政》中肯读者会上讲话新华社记者 韩旭

图说2:这是2025年10月2日在塘栖古镇拍摄的运河夜景(无人机照片)新华社记者 徐昱