
ကူမင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဆိုင်ရာ Think Tank ဖလှယ်ရေး အခမ်းအနားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ဇူလိုင် ၉ ရက်က ဖွင့်လှစ်ခဲ့ပြီး တရုတ်နှင့် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ ကာကွယ်ရေးအရာရှိများနှင့် Think Tank ပညာရှင်များ စသည့် ပုဂ္ဂိုလ် ၁၅၀ ခန့် ပါဝင်တက်ရောက်ခဲ့သည်။
ယခုအကြိမ် အခမ်းအနားကို “အာရှလုံခြုံရေးပုံစံကို ကျင့်သုံးခြင်း - ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများကို တရုတ်နှင့် အာဆီယံ လက်တွဲ ရင်ဆိုင်ဖြေရှင်းခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကာကွယ်ရေးကဏ္ဍ၏ ဉာဏ်ပညာနှင့် ခွန်အားကို စုစည်းရန်၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု နက်ရှိုင်းစေရန်၊ လုံခြုံရေး အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရန်နှင့် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဉာဏ်ပညာဆိုင်ရာ ပံ့ပိုးမှုပေးရန် ရည်ရွယ်သည်။
၃ ရက်ကြာမြင့်မည့် ဖလှယ်ရေး အခမ်းအနားကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဘက်သိပ္ပံအကယ်ဒမီက ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ထိုကာလအတွင်း တက်ရောက်လာကြသော ကိုယ်စားလှယ်များသည် မျက်နှာစုံညီအစည်းအဝေးတွင် အခမ်းအနားခေါင်းစဉ်နှင့် စပ်လျဉ်း၍ ဖလှယ်မှုများ ပြုလုပ်ကြမည်ဖြစ်ပြီး “ဒေသတွင်း အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် အာရှတိုက်ပုံစံနှင့် လမ်းစဉ်” ၊ “ပင်လယ်ပြင်လုံခြုံရေးနှင့် ပင်လယ်သမုဒ္ဒရာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်း”၊ “လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုဖြင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ခြင်း”၊ “အနာဂတ်ကို ဦးတည်သော ကာကွယ်ရေးဆိုင်ရာ လုံခြုံမှုပူးပေါင်းဆောင်ရွက်ရေး” ဟူသည့် အကြောင်းအရာ ၄ ခုကို အဖွဲ့ခွဲ၍ လေ့လာဆွေးနွေးကြမည်ဖြစ်သည်။
တရုတ်-အာဆီယံ ကာကွယ်ရေးဆိုင်ရာ Think Tank ဖလှယ်ရေး အခမ်းအနားကို ကျင်းပရခြင်းသည် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ရလဒ်အား လက်တွေ့ဖော်ဆောင်သည့် တရုတ်နိုင်ငံ၏ တိကျသော အစီအမံဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ် ဖလှယ်ရေး အခမ်းအနားကို ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ Think Tank ယန္တရားအသွင် ဖလှယ်မှုကို ‘တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး လုပ်ဆောင်ချက်အစီအစဉ် (၂၀၂၆-၂၀၃၀)’ တွင် ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)
......................................
(Chinese Version)
第四届中国—东盟防务智库交流活动开幕
新华社昆明7月9日电(孙鲁明、邢扬)第四届中国—东盟防务智库交流活动9日在云南昆明开幕,来自中国和东盟11国的防务官员、智库学者等约150人参加。
这届活动以“践行亚洲安全模式:中国东盟携手应对世界变局”为主题,旨在汇聚中国与东盟国家防务领域的智慧力量,深化战略沟通,增进安全互信,为构建更为紧密的中国—东盟命运共同体提供智力支持。
交流活动由中国人民解放军军事科学院主办,为期3天。其间,与会代表将在全体会议上围绕活动主题展开交流,聚焦“区域争端解决的亚洲范式与路径”“海上安全与海洋命运共同体建设”“以务实合作增强战略互信”“面向未来的防务安全合作”4个议题进行分组研讨。
举办中国—东盟防务智库交流活动,是中方落实中国—东盟防长非正式会晤成果的具体举措。2019年,首届交流活动在北京举办。2025年,防务智库机制化交流被写入《中国—东盟全面战略伙伴关系行动计划(2026—2030)》。(完)








