
နယူးယောက်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
“တရုတ်ကွန်မြူနစ်ပါတီဟာ ပါတီအတွင်းကဖြစ်စေ၊ ပါတီပြင်ပကဖြစ်စေ ထွက်ရှိလာတဲ့ လူထုသဘောထားမှတ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် နားဆင်ပြီး လေးစားမှုရှိကြတယ်” ဟု တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် အမေရိကန် Kuhn Foundation ဥက္ကဋ္ဌ Robert Lawrence Kuhn က ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။ “ဒါဟာ တရုတ်နိုင်ငံက အံ့ဖွယ်ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်ခဲ့တဲ့ အဓိကလျှို့ဝှက်ချက်တွေထဲက တစ်ခုဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
Kuhn က တရုတ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် လေ့လာစောင့်ကြည့်ခဲ့သူဖြစ်သည်။ ၎င်းက မိမိသည် ကိုယ်တိုင်ပါဝင်တွေ့ကြုံသူနှင့် စောင့်ကြည့်သူ အနေဖြင့် အငြင်းပွားဖွယ်မရှိသည့် ဖြစ်ရပ်မှန်တစ်ခုကို မြင်တွေ့လိုက်ရပြီးဖြစ်ကြောင်း၊ ယင်းသည် တရုတ်ကွန်မြူနစ်ပါတီက စည်းလုံးညီညွတ်စွာ တရုတ်ပြည်သူများကို ဦးဆောင်၍ အံ့ဖွယ်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီကို နားလည်သိရှိရန်အတွက် ၎င်းသည် ပြည်သူလူထု၏ အကျယ်ပြန့်ဆုံးသော အခြေခံအကျိုးစီးပွားများကို ကိုယ်စားပြု၍ ပြည်သူ ဗဟိုပြုမှုအား ခိုင်မာစွာလက်ကိုင်ထားပြီး တရုတ်ပြည်သူများ၏ အလုံးစုံကောင်းကျိုးသုခကို မြှင့်တင်ရန် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်းကို ဦးစွာသိရှိရမည်ဟု Kuhn က ဆိုခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် အနောက်တိုင်းနိုင်ငံရေးပါတီအချို့သည် ယေဘုယျအားဖြင့် အုပ်စုအချို့၏ အကျိုးစီးပွားများကိုသာ ကိုယ်စားပြုလေ့ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
http://xhtxs.cn/bdt0

.............................
(Chinese Version)
世界读懂中国共产党|库恩眼中的中共“制胜秘诀”
新华社纽约7月4日电 世界读懂中国共产党|库恩眼中的中共“制胜秘诀” 新华社记者杨士龙
“中国共产党广泛听取并尊重民意,无论这些意见来自党内还是来自党外。”在中国共产党成立105周年之际,美国库恩基金会主席罗伯特·劳伦斯·库恩接受新华社记者专访时说,“这是中国创造发展奇迹的重要秘诀之一。”
库恩研究观察中国30多年。他说,自己“以亲历者和观察者的双重身份看到一个无可争辩的事实”——中国共产党团结带领中国人民取得了奇迹般的发展成就。
库恩说,要读懂中国共产党,首先要认识到它代表最广大人民的根本利益,坚持以人民为中心,致力于提升中国人民的整体福祉。相比之下,一些西方政党通常只代表某些群体的利益。
http://xhtxs.cn/bdt0
English Caption 1: Robert Lawrence Kuhn, chairman of the Kuhn Foundation, speaks during an interview with Xinhua in New York, the United States, Sept. 17, 2023. (Xinhua/Wu Xiaoling)
English Caption 2: A gathering in celebration of the 105th founding anniversary of the Communist Party of China (CPC) is held at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Huang Jingwen)








