အမေရိကန်နိုင်ငံ ဘော့စတွန်မြို့ရှိ ဘော့စတွန်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က ပြင်သစ်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်အသင်းမှ ကီလီယန် အမ်ဘာပေ ပင်နယ်တီကန်သွင်းနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဘော့စတွန်မြို့ရှိ ဘော့စတွန်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က ပြင်သစ်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်အသင်းမှ ကီလီယန် အမ်ဘာပေ ပင်နယ်တီကန်သွင်းနေစဉ် (ဆင်ဟွာ)

ဘော့စတွန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘော့စတွန်မြို့တွင် ဇူလိုင် ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမဆုံး ကွာတားဖိုင်နယ်ပွဲစဉ်၌ ပြင်သစ်အသင်းက မော်ရိုကိုအသင်းကို ခြေစွမ်းအသာစီးဖြင့် ကစားကာ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ သုံးကြိမ်ဆက် တက်ရောက်နိုင်သည့် ဒုတိယမြောက် ဥရောပအသင်း ဖြစ်လာရန် ဆက်လက်ကြိုးပမ်းလျက်ရှိကာ စပိန်အသင်းနှင့် ဘယ်လ်ဂျီယမ်အသင်း၏ ပွဲစဉ်မှ အနိုင်ရရှိသည့် အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အဆိုပါနှစ်သင်းမှာ ပထမပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းတွင် ကီလီယန် အမ်ဘာပေနှင့် အူစမန် ဒမ်ဘီလီတို့က ပြင်သစ်အတွက် အနိုင်ဂိုးများ သွင်းယူခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အသင်းက ပါရာဂွေးအသင်းကို အမ်ဘာပေ၏ ပင်နယ်တီသွင်းဂိုးနှင့်အတူ ၁-၀ ဂိုးဖြင့် ခက်ခက်ခဲခဲ အနိုင်ကစားပြီးနောက် ကွာတားဖိုင်နယ်သို့ တက်ရောက်လာခဲ့သော်လည်း မော်ရိုကိုအသင်းကမူ ပူးတွဲအိမ်ရှင် ကနေဒါအသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ နှစ်သင်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်၌လည်း ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ထိုပွဲစဉ်၌ ပြင်သစ်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းတွင် ပွဲမှာတစ်ဖက်သတ်ဆန်ဆန်ဖြစ်ခဲ့ပြီး ပြင်သစ်က ဂိုးကန်သွင်းမှု ၁၃ ကြိမ်ရှိခဲ့ပြီး မော်ရိုကိုကမူ ၁ ကြိမ်သာ ရှိခဲ့သည်။

ပြင်သစ်အသင်းအနေဖြင့် ပွဲအစကတည်းကပင် မော်ရိုကိုအသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး အမ်ဘာပေ၏ အဝေးကန်ချက်ကို မော်ရိုကိုဂိုးသမား ယာဆင်း ဘူနူ ကာကွယ်နိုင်ခဲ့ကာ စက္ကန့်ပိုင်းအကြာတွင် ဒါယော့ အူပါမီကာနို၏ ခေါင်းတိုက်ချက်ကိုလည်း ဘူနူ ပုတ်ထုတ်ကာကွယ်သွားခဲ့သည်။

ပွဲကစားချိန် ၂၅ မိနစ်တွင် မော်ရိုကိုဂိုးဧရိယာထဲသို့ အမ်ဘာပေ ထိုးဖောက်လာစဉ် နူဆာအီယာ မာဇရာဝီက ဆွဲလှဲခဲ့သဖြင့် ပြင်သစ်အသင်း ပင်နယ်တီရရှိခဲ့သော်လည်း အမ်ဘာပေ၏ ကန်ချက်မှာ အနည်းငယ်အားပျော့နေခဲ့ပြီး ဘူနူက လက်စွမ်းပြကာကွယ်သွားခဲ့သည်။

ပွဲချိန် ၃၅ မိနစ်တွင် ဒီဆရဲ ဒူယေ ဘောလုံးလုယူကာ ဆွဲပြေးကန်သွင်းခဲ့သော်လည်း ဘူနူက ပုတ်ထုတ်ကာကွယ်သွားခဲ့သလို ထပ်ဆောင်းအချိန်ပို၌လည်း လူးကက်စ် ဒစ်ဂ်နီ၏ အရှိန်နှုန်းမြင့်၍ အားပါသည့် ရော့ကက်ကန်ချက်မှာလည်း ဂိုးတိုင်နှင့်ထိခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ‌ ပြင်သစ်အသင်းက မော်ရိုကိုအသင်းဘက်ကို တောက်လျှောက်ဖိအားကစားခဲ့ရာ ပွဲချိန် မိနစ် ၆၀ တွင် ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ ဒူယေ၏ ဘောလုံးမျှောထိုးပေးမှုကို အမ်ဘာပေက ညာခြေဖြင့် ဝေ့ဝိုက်ကန်သွင်းခဲ့ရာ ဂိုးသမား ဘူနူကိုကျော်၍ ဂိုးဝင်သွားခဲ့သည်။

အဆိုပါသွင်းဂိုးမှာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမ်ဘာပေ၏ ၈ ဂိုးမြောက်သွင်းဂိုးဖြစ်ကာ ၎င်းအနေဖြင့် ကမ္ဘာ့ဖလားနှစ်ကြိမ်တွင် အနည်းဆုံး ၈ ဂိုးသွင်းယူနိုင်ခဲ့သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။

မိနစ်ပိုင်းအကြာတွင် ပြင်သစ်၏ သေသပ်ကောင်းမွန်သော အသင်းလိုက်ကစားပုံမှတစ်ဆင့် အူစမန် ဒမ်ဘီလီက ဒုတိယဂိုးသွင်းယူနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဘလွန်းဒီအောဆုရှင် ဒမ်ဘီလီက ပင်နယ်တီဧရိယာအပြင်ဘက်၌ ဘောလုံးလက်ခံရယူကာ ထိချက်အနည်းငယ်ဖြင့် အပြင်းဝေ့ဝိုက်ကန်သွင်းခဲ့ရာ ဘူနူ ကာကွယ်နိုင်ခြင်းမရှိပေ။

ပွဲချိန် ၇၇ မိနစ်တွင် အမ်ဘာပေ အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး ဂျင်န်-ဖိလစ် မာတေတာနှင့် လူစားလဲခဲ့ရခြင်းက ပြင်သစ်အသင်းအတွက် စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်လာခဲ့သည်။

"ကျွန်တော် အသေးစား ခြေချင်းဝတ်ဒဏ်ရာ ရခဲ့ပေမဲ့ လုံးဝပြန်ကောင်းသွားပါပြီ။ ဒီပွဲစဉ်မှာ လက်ကျန်မိနစ်တွေကို ဆက်ကစားဖို့တော့ မာတေတာက ပိုကောင်းတဲ့အနေအထားမှာရှိနေခဲ့ပြီး အဲဒီတုန်းက သူက ကြံ့ခိုင်မှုပိုကောင်းနေတာကြောင့်ပါ။ အဖြစ်အပျက်ကတော့ အဲဒီလောက်ပါပဲ" ဟု အသင်းခေါင်းဆောင် အမ်ဘာပေက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ပြင်သစ်အသင်းမှာ ဆီမီးဖိုင်နယ်တွင် စပိန် သို့မဟုတ် ဘယ်လ်ဂျီယမ်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ (Xinhua)

..................................................................

(English Version)

Mbappe and Dembele inspire France past Morocco to World Cup semis

BOSTON, July 9 (Xinhua) -- France continued its bid to become the second European nation to reach three consecutive World Cup finals, as it dominated Morocco 2-0 in the first quarterfinals of 2026 World Cup here on Thursday, setting up a clash against the winner between Spain and Belgium.

The two sides were locked in a goalless first half before second-half strikes from Kylian Mbappe and Ousmane Dembele powered France to victory.

France moved into the last 8 after a tough 1-0 victory over Paraguay thanks to Mbappe's penalty, while Morocco knocked out co-host Canada with a convincing 3-0 win. The two sides had already met in the 2022 World Cup semifinal with France winning 2-0.

It was almost a lop-sided first-half as France had 13 attempts while Morocco only managed one.

Les Bleus threatened from the very beginning, as Mbappe's long range strike was denied by Yassine Bounou, seconds before Dayot Upamecano's header was parried away by the Al Hilal goalkeeper.

France won a penalty in the 25th minute, when Mbappe broke into the box and was brought down by Noussair Mazraoui, but Bounou played heroics to save Mbappe's fairly weak attempt.

Desire Doue robbed the ball in the 35th minute and surged forward but only saw his strike tipped away by Bounou, while Lucas Digne's rocket in the stoppage time rattled the crossbar.

The 2018 World Cup champion kept up the pressure and finally broke the deadlock just after the hour mark. Doue slipped a pass to Mbappe, whose curling right-footed effort flew beyond the reach of a helpless Bounou.

It is Mbappe's eighth goal of the tournament which made him the first player to score at least 8 goals in each of two editions of World Cup.

Ousmane Dembele doubled France's lead minutes later after a well-worked team move. The 2025 Ballon d'Or winner collected the ball just outside the penalty area, took a few touches and unleashed a powerful curling strike that beat Bounou.

France had suffered a scare when Mbappe limped off in the 77th minute and was replaced by Jean-Philippe Mateta.

The captain noted it was nothing serious, he said: "I have a minor ankle injury, but I'm completely fine. Mateta was in a better position to play the remaining minutes of the match and was fitter at that moment. That's all that happened."

France will take on either Spain or Belgium.

English Caption 1

Kylian Mbappe of France shoots a penalty kick during the quarter final match between France and Morocco at the 2026 FIFA World Cup at Boston Stadium in Boston, the United States, July 9, 2026. (Xinhua/Lui Siu Wai)

English Caption 2

Achraf Hakimi (L) of Morocco vies with Lucas Digne (C) of France during the quarter final match between France and Morocco at the 2026 FIFA World Cup at Boston Stadium in Boston, the United States, July 9, 2026. (Xinhua/Xu Zijian)

English Caption 3

Ousmane Dembele (top) of France celebrates scoring with his teammates during the quarter final match between France and Morocco at the 2026 FIFA World Cup at Boston Stadium in Boston, the United States, July 9, 2026. (Xinhua/Zhang Chen)