
အန်ကာရာ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်များက ၂၀၂၆ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား ယူရို ၇၀ ဘီလီယံတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ၊ သက်ဆိုင်ရာ ပံ့ပိုးမှုများနှင့် လေ့ကျင့်မှုများ ပံ့ပိုးပေးရန် ကတိပြုထားပြီး ၂၀၂၇ ခုနှစ်တွင် အနည်းဆုံး တူညီသော အဆင့်၌ ထိန်းသိမ်းထားမည်ဟု ဇူလိုင် ၈ ရက်၌ NATO က ပြောကြားခဲ့သည်။
NATO ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၇ ရက်မှ ၈ ရက်အထိ တူကီယဲနိုင်ငံ မြို့တော် အန်ကာရာတွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီးတွင် "အန်ကာရာထိပ်သီးအစည်းအဝေးကြေညာချက်" ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် NATO သည် အန်ကာရာတွင် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော်တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူမှုအသစ်ကို ကြေညာခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ စက်မှုထုတ်လုပ်ရေးစွမ်းရည်များကို မြှင့်တင်ရန်၊ စက်မှုလုပ်ငန်းနယ်ပယ်နှင့် ပူးပေါင်းဆောင်ရွက်ကာ ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်တင်ရန် ကတိပြုထားကြောင်း ဖော်ပြထားသည်။ NATO အနေဖြင့် မဟာမိတ်များအကြား ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ပြီး NATO မိတ်ဖက်ဆက်ဆံရေးကို အသုံးပြု၍ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းအဆင့်ကို အမြင့်ဆုံးအထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကြေညာချက်တွင် နောက်တစ်ကြိမ် NATO ထိပ်သီးအစည်းအဝေး ကျင်းပရာ နေရာ သို့မဟုတ် အချိန်ကို ဖော်ပြခြင်းမရှိဘဲ "နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကို မျှော်လင့်ပါတယ်" ဟုသာ ဖော်ပြခဲ့သည်။ NATO သည် ၂၀၂၇ ခုနှစ် ထိပ်သီးအစည်းအဝေးကို ပုံမှန်အတိုင်း မကျင်းပရန် ထည့်သွင်းစဉ်းစားနေပြီး အကြောင်းရင်းများအနက် တစ်ခုမှာ အမေရိကန်သမ္မတ ထရမ့်နှင့် NATO မဟာမိတ်များအကြား တင်းမာမှုများကို လျှော့ချရန် မျှော်လင့်သောကြောင့်ဖြစ်သည်ဟူ၍ သုံးသပ်မှုများရှိသည်။
အီရန်အပေါ် အမေရိကန်၏စစ်ရေးလှုပ်ရှားမှုများတွင် NATO အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်ချက်အပေါ် "စိတ်ပျက်မိကြောင်း" ထရမ့်က ဇူလိုင် ၇ ရက်တွင် အန်ကာရာ၌ ပြောကြားခဲ့သည်။ ဂရင်းလန်းကို ဒိန်းမတ်မဟုတ်ဘဲ "အမေရိကန်က ထိန်းချုပ်သင့်တယ်" ဟူ၍ ထပ်မံပြောကြားခဲ့သည်။ ထရမ့်က ဇူလိုင် ၈ ရက်တွင် စပိန်နိုင်ငံကို NATO ၏ "ဆိုးရွားတဲ့ မိတ်ဖက်” ဖြစ်သည်ဟု စွပ်စွဲခဲ့ပြီး “စပိန်နှင့် ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်မည်” ဟု ပြောကြားခဲ့သည်။ (Xinhua)
............................
(Chinese Version)
北约称2026年将向乌克兰提供700亿欧元军援
新华社安卡拉7月8日电(记者张兆卿 王腾飞)北大西洋公约组织(北约)8日表示,北约盟国承诺在2026年向乌克兰提供价值700亿欧元的军事装备、以及相关支持和培训,并将在2027年维持至少同等水平。
北约峰会于7日至8日在土耳其首都安卡拉举行,会后发表《安卡拉峰会宣言》。宣言说,北约在安卡拉宣布超过500亿美元的新军事采购,并承诺提升国防工业制造能力,与工业界合作加快创新。北约将继续努力消除盟国之间的国防贸易壁垒,并利用北约伙伴关系最大限度提高国防工业水平。
该宣言并未说明北约下届峰会举办地和时间,仅表示“期待下次会晤”。有分析称,北约正考虑不按惯例举行2027年峰会,原因之一是希望缓和美国总统特朗普与北约盟友之间的紧张关系。
特朗普7日在安卡拉表示,他对北约国家在美国对伊朗军事行动中的表现感到“失望”。他再次声称格陵兰岛“应该由美国控制”,而不是丹麦。8日,特朗普指责西班牙是北约“糟糕的伙伴”,称要“切断与西班牙一切贸易往来”。(完)
图说1:7月8日,在土耳其安卡拉,美国总统特朗普(中)、北约秘书长吕特(左)和土耳其总统埃尔多安出席北约峰会。新华社发(穆斯塔法·卡亚摄)
图说2:7月8日,在土耳其安卡拉,法国总统马克龙(中)、北约秘书长吕特(左)和土耳其总统埃尔多安出席北约峰会。新华社发(穆斯塔法·卡亚摄)








