အမေရိကန်နိုင်ငံ နယူးယောက် နယူးဂျာစီအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က ပြင်သစ်အသင်းနှင့် ဆွီဒင်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်၌ ပြင်သစ်အသင်းမှ ကီလီယန် အမ်ဘာပေ (ဝဲ-ဒုတိယ) ဒုတိယဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက် နယူးဂျာစီအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က ပြင်သစ်အသင်းနှင့် ဆွီဒင်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်၌ ပြင်သစ်အသင်းမှ ကီလီယန် အမ်ဘာပေ (ဝဲ-ဒုတိယ) ဒုတိယဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဟောင်း လေးသင်း ဆက်လက်ကျန်ရှိနေသည့်တိုင် နော်ဝေ၊ မော်ရိုကိုနှင့် ဆွစ်ဇာလန်အသင်းတို့ကလည်း ပြိုင်ပွဲ၏ အစဉ်အလာ အင်အားကြီးအသင်းများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် အခွင့်အရေးရှိနေသည်။

ပြင်သစ်အသင်းမှာ ယခုပြိုင်ပွဲ၏ ခြေစွမ်းပိုင်းအရ အားရစရာအကောင်းဆုံး အသင်းတစ်သင်းအဖြစ် ကွာတားဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်သည်။ ဒီဒီယာ ဒက်စ်ချမ့်ပ်၏ အသင်းမှာ အုပ်စုအဆင့်ကို အခက်အခဲမရှိ ကျော်ဖြတ်လာပြီးနောက် ဆွီဒင်နှင့် ပါရာဂွေးအသင်းတို့ကိုပါ ဖြုတ်ချနိုင်ခဲ့သည်။ ကီလီယန် အမ်ဘာပေမှာ ခုနစ်ဂိုးသွင်းယူထားပြီး ၎င်း၏အရေးပါမှုကို သက်သေပြခဲ့ကာ ကမ္ဘာဖလားပြိုင်ပွဲ၌ ၎င်း၏ အမွေအနှစ်ကို ဆက်လက်တည်ဆောက်လျက်ရှိသည်။

ကမ္ဘာ့ဖလားချန်ပီယံ နှစ်ကြိမ်ဖြစ်ထားသည့် ပြင်သစ်အသင်းမှာ တိုက်စစ်ပိုင်းတွင် အားရစရာကောင်းသလို ခံစစ်ကလည်း စနစ်ကျ၍ ကျစ်လျစ်ခိုင်မာသည့်အတွက် ဆုဖလားကိုင်မြှောက်နိုင်မည့် ရေပန်းအစားဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်နေသည်။

ပြင်သစ်အသင်းအနေဖြင့် ပြိုင်ပွဲ၌ တစ်သင်းတည်းသာ ကျန်ရှိသော အာဖရိကအသင်းဖြစ်သည့် မော်ရိုကိုအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မော်ရိုကိုက နယ်သာလန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့သလို ပူးတွဲအိမ်ရှင် ကနေဒါကို ၃-၀ ဂိုးပြတ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။

မော်ရိုကိုအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် ပြင်သစ်အား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်မှုကို လက်စားချေရန် အခွင့်အရေးရှိနေပြီဖြစ်ကာ ၎င်းတို့အနေဖြင့် အံ့အားသင့်ဖွယ် ရလဒ်တစ်ခုကို ထပ်မံစွမ်းဆောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

လော့စ်အိန်ဂျလိစ်သို့ မတူညီသည့် လမ်းကြောင်းများမှတစ်ဆင့် တက်လှမ်းလာသည့် ဥရောပ ထိပ်သီးနှစ်သင်းဖြစ်သော စပိန်နှင့် ဘယ်လ်ဂျီယမ်တို့မှာလည်း ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။

စပိန်က မစ်ကယ် မယ်ရီနို၏ ထပ်ဆောင်းအချိန်ပို အနိုင်ဂိုးနှင့်အတူ ပေါ်တူဂီကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားတွင် ခြောက်ပွဲဆက် ပေးဂိုးမရှိသည့် စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ထားသည်။

ဘယ်လ်ဂျီယမ်အသင်းကမူ ဇွဲကောင်းကောင်းဖြင့် ပွဲကို တတ်နိုင်သမျှထိန်းချုပ်ကာ အရှိန်အဟုန် တည်ဆောက်လေ့ရှိသည်။

ဝါရင့်ကစားသမားများဖြစ်သည့် ကယ်ဗင် ဒီဘရိုင်းနားနှင့် ရိုမီလူ လူကာကူတို့အတွက် ဘယ်လ်ဂျီယမ်၏ ရွှေရောင်မျိုးဆက်တွင် ရယူနိုင်ခြင်းမရှိသေးသည့် အဓိက နိုင်ငံတကာဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ရန် နောက်ဆုံးအခွင့်အရေး ဖြစ်ဖွယ်ရှိသည်။

ဘရာဇီးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် နော်ဝေအသင်းက မိုင်ယာမီတွင် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

နော်ဝေဂိုးသမား အော်ဂျန် နိုင်လန်က ဘရူနို ဂီမာရေးစ်၏ ပထမပိုင်း ပင်နယ်တီကန်ချက်ကို ကာကွယ်ခဲ့ပြီးနောက် အာလင် ဟာလန်းက နှစ်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် နော်ဝေအသင်းမှာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။

အင်္ဂလန်အသင်းက အသင်းခေါင်းဆောင် ဟယ်ရီကိန်းနှင့် ဂျုဒ် ဘယ်လင်ဟမ်တို့ကို အဓိကအားထားနေရပြီး အင်္ဂလန်အသင်း၏ သွင်းဂိုး ၁၁ ဂိုးအနက် ၁၀ ဂိုးကို အဆိုပါကစားသမားနှစ်ဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။ သောမတ်စ် တူချယ်လ်၏ အသင်းအနေဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် ၎င်းတို့အတွဲအဖက်မှာ အဓိကကျနေဦးမည်ဖြစ်သည်။

၁၆ သင်းအဆင့်တွင် အကြီးမားဆုံး စိုးရိမ်ဖွယ်အခြေအနေကို ကျော်လွှားနိုင်ခဲ့သည့် အာဂျင်တီးနားအသင်းက ကွာတားဖိုင်နယ်တွင် ဆွစ်ဇာလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

လီယွန်နယ် စကာလိုနီ၏ အသင်းမှာ ပွဲချိန် ၇၉ မိနစ်အထိ နှစ်ဂိုးရှုံးနိမ့်နေသော်လည်း အီဂျစ်ကို သုံးဂိုးပြန်လည်သွင်းယူ၍ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ လီယွန်နယ် မက်ဆီက အစောပိုင်းတွင် ပင်နယ်တီလွဲချော်မှုကို ပြန်လည်ချေဖျက်နိုင်ခဲ့သလို ထပ်ဆောင်းအချိန်ပိုတွင် အန်ဇို ဖာနန်ဒက်ဇ်က အနိုင်ဂိုးသွင်းယူခဲ့သည်။ (Xinhua)

........................................................

(English Version)

Heavyweights, surprise packages set for blockbuster World Cup quarterfinals

NEW YORK, July 8 (Xinhua) -- Four former champions are still standing in the World Cup, but Norway, Morocco and Switzerland have earned the chance to challenge the game's traditional powers.

France enters the last eight as one of the tournament's most convincing teams. Didier Deschamps' side advanced through the group stage without difficulty before eliminating Sweden and Paraguay. Kylian Mbappe has proved decisive with seven goals so far as he continues to build his World Cup legacy.

The two-time World Cup winner has impressed with attacking depth, while also showing the defensive discipline that has made Les Bleus one of the favorites to lift the trophy.

Standing in its way is the only African team still alive in the competition. Morocco followed its penalty-shootout victory over the Netherlands with an emphatic 3-0 win over co-host Canada to reach the quarterfinals.

The Atlas Lions now have the chance to avenge their 2-0 semifinal defeat to France at the 2022 World Cup as they seek another landmark result.

Spain and Belgium meet in a clash between two European heavyweights after taking very different routes to Los Angeles.

Spain edged Portugal 1-0 thanks to Mikel Merino's stoppage-time winner, extending its run to six consecutive World Cup clean sheets, a tournament record.

Belgium, by contrast, has built momentum through resilience as much as control.

For veterans Kevin De Bruyne and Romelu Lukaku, the tournament could represent a final opportunity to deliver the major international title that has eluded Belgium's so-called Golden Generation.

Norway's reward for beating Brazil 2-1 is a meeting with England in Miami.

Erling Haaland struck twice after Orjan Nyland saved Bruno Guimaraes' first-half penalty to clinch Norway's first appearance in a World Cup quarterfinal.

England has relied heavily on captain Harry Kane and Jude Bellingham, who have combined for 10 of the team's 11 goals. Their partnership could again be central as Thomas Tuchel's side pursues a place in the semifinals.

Argentina completes the quarterfinal lineup against Switzerland after surviving the round of 16's biggest scare.

Lionel Scaloni's side recovered from two goals down in the 79th minute to beat Egypt 3-2, with Lionel Messi responding to an earlier penalty miss before Enzo Fernandez headed the winner in stoppage time.

English Caption

Kylian Mbappe (2nd L) of France celebrates his second goal during the round of 32 match between France and Sweden at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, June 30, 2026. (Xinhua/Lui Siu Wai)