
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
လတ်တလောကာလတွင် တရုတ်-အမေရိကန် သက်ဆိုင်ရာ ဖလှယ်ရေးလှုပ်ရှားမှုများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာ ယင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံပြည်သူများတွင် တူညီသောသံယောဇဉ်များရှိသည်ကို အပြည့်အဝဖော်ပြနေကြောင်း၊ တရုတ်နိုင်ငံသို့ အမေရိကန်ပြည်သူများစွာ လာရောက်လည်ပတ်ဖလှယ်၍ စစ်မှန်သော၊ ရုပ်လုံးကြွ၍ ဘက်စုံဖြစ်သည့် တရုတ်နိုင်ငံအား လက်တွေ့ခံစားသိရှိရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဇူလိုင် ၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်-အမေရိကန် အရပ်ဘက်ဖလှယ်မှုနှင့် စပ်လျဉ်း၍ မေးမြန်းမှုကို ဖြေကြားမှုအတွင်း ပြောကြားခဲ့သည်။
သတင်းများအရ ၂၀၂၆ ခုနှစ် “ကူလျင်ယွမ်” တရုတ်-အမေရိကန် လူငယ် ဘေ့စ်ဘော ချစ်ကြည်ရေးပြိုင်ပွဲနှင့် အားကစားဖလှယ်ရေး သီတင်းပတ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး တရုတ်-အမေရိကန် လူငယ်ဘေ့စ်ဘောအသင်း ၈ သင်းသည် အတူယှဉ်ပြိုင်၍ “ဘေ့စ်ဘောဖြင့် မိတ်ဖွဲ့” ခဲ့ရာ အပြန်အလှန် နားလည်သိရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ထိုမတိုင်မီ “၅ နှစ်အတွင်း အမေရိကန်လူငယ် ၅ သောင်း တရုတ်နိုင်ငံသို့ လာရောက် လေ့လာဖလှယ်ရန် ဖိတ်ခေါ်ခြင်း” အဆိုပြုချက်သည် မျှော်မှန်းရည်မှန်းချက်ကို အချိန်စော၍ အကောင်အထည်ဖော်နိုင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်မှ ပြည်ဝင်လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်ပမာဏသည်လည်း အရှိန်မြင့်တိုးတက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် အရပ်ဘက်ဖလှယ်မှုအပေါ် မည်ကဲ့သို့ မျှော်လင့်ချက်ရှိသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
မော်နင်က “ကျွန်မတို့အနေနဲ့ ကူလျင်အကြောင်းအရာဟာ နှစ်တစ်ရာကျော် ကျော်ဖြတ်ပြီးတဲ့တိုင် ရှင်သန်စွမ်းအားများနဲ့ သစ်လွင်နေပြီး ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှု စာမျက်နှာသစ်များစွာ ဆက်လက်ရေးခြယ်နေတာကို ဝမ်းမြောက်စွာ တွေ့မြင်ရပါတယ်” ဟု ဆိုသည်။
လတ်တလောကာလတွင် တရုတ်-အမေရိကန်လူငယ်များ အားကစားဖလှယ်ရေးသီတင်းပတ်၊ Flying Tigers လူငယ်ခေါင်းဆောင်တွေ့ဆုံဆွေးနွေးပွဲ၊ “ပန်ဒါဝက်ဝံကြီးများနှင့်အတူ တရုတ်နိုင်ငံအား လည်ပတ်ခြင်း” စသည့် ကူးလူးဖလှယ်မှု အစီအစဉ်အများအပြား အောင်မြင်စွာကျင်းပခဲ့ကြောင်း၊ ယင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြည်သူများက တူညီသည့် သံယောဇဉ်များရှိသဖြင့် ကွာဟမှုများကို လုံးဝကျော်ဖြတ်ပြီး အပြန်အလှန် နှစ်သက်သဘောကျကာ ချစ်ကြည်ရေးသံယောဇဉ်မိတ်ဖွဲ့နိုင်သည်ကို အပြည့်အဝ ဖော်ပြနေကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး၏ မျှော်လင့်ချက်သည် ပြည်သူများလက်ထဲတွင်ရှိပြီး အခြေခံသည် အရပ်ဘက်တွင်ဖြစ်ကာ အနာဂတ်သည် လူငယ်များလက်ထဲတွင်ရှိသလို ရှင်သန်တက်ကြွမှုသည် ဒေသန္တရဖလှယ်မှုများတွင်ရှိသည်ကို အပြည့်အဝ သက်သေထူနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံကို အမေရိကန်ပြည်သူများစွာ လာရောက်လည်ပတ်ဖလှယ်ကာ စစ်မှန်တဲ့ ရုပ်လုံးကြွပြီးဘက်စုံဖြစ်တဲ့ တရုတ်နိုင်ငံကို လက်တွေ့ခံစားသိရှိပြီး တရုတ်-အမေရိကန် ချစ်ကြည်ရေးလုပ်ငန်းမှာ ပါဝင်ကြဖို့ ကျွန်မတို့ ကြိုဆိုပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
外交部:欢迎更多美国民众来华参访交流
新华社北京7月8日电(记者王宾、董雪)外交部发言人毛宁8日在例行记者会上就中美民间交流答问时表示,近期中美相关交流活动成功举办,充分说明中美两国人民有着共通的情感。欢迎更多美国民众来华参访交流,实地感知真实、立体、全面的中国。
有记者问:据报道,2026年“鼓岭缘”中美青少年棒球友谊赛暨体育交流周在华成功举办,中美8支青少年棒球队同台竞技、“以球会友”,增进彼此了解和友谊。中方此前宣布“5年5万”倡议已经提前实现预期目标,今年上半年美国入境游客也在快速增长。中方对中美民间交流有何期待?
“我们高兴地看到,鼓岭故事跨越百年,正焕发新的生机,续写出更多友好交往新篇。”毛宁表示,近期,中美青少年体育交流周、飞虎队青年领袖对话会、“跟着熊猫游中国”等交流活动成功举办,充分说明中美两国人民有着共通的情感,完全可以跨越差异、彼此欣赏、建立友谊,充分印证中美关系希望在人民、基础在民间、未来在青年、活力在地方。
“我们欢迎更多美国民众来华参访交流,实地感知真实、立体、全面的中国,投身中美友好事业。”毛宁说。(完)
图说1:6月30日,在福州屏东中学举行的飞虎队友谊学校师生进校园活动上,一名福州中学生与两位美国青年拍照留念。新华社记者 姜克红 摄
图说2:7月1日,美国弗吉尼亚州西邻棒球队在福州三坊七巷参观。新华社记者 姜克红 摄








