ကုလသမဂ္ဂ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန်ကြား စစ်ပွဲပြန်လည်စတင်ဖြစ်ပွားလာသည့်အပေါ် ဂူတာရက်စ်အနေဖြင့် တုန်လှုပ်မိကြောင်း၊ တင်းမာမှုများ လျှော့ချရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ Dujarric က အမေရိကန်နှင့် အီရန်အကြား ရရှိခဲ့သော သံတမန်ရေး တိုးတက်မှုရလဒ်သည် လမ်းကြောင်းလွဲသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး နှစ်ဖက်က အပြည့်အဝ ရန်လိုသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းသည် ဒေသတွင်းပြည်သူများ၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ကမ္ဘာ့စီးပွားရေးအတွက် ကပ်ဘေးသဖွယ် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

ဂူတာရက်စ်က ဘက်အသီးသီးအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကာ တင်းမာမှုများကို ပိုမိုဆိုးရွားစေမည့် မည်သည့်လုပ်ဆောင်ချက်များကိုမဆို ရှောင်ကြဉ်ရန်နှင့် အခြေအနေ ဖြေလျှော့ရေး အစီအမံများကို ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဂူတာရက်စ်က ဘက်အသီးသီးအနေဖြင့် နိုင်ငံတကာဥပဒေများကို အပြည့်အဝလိုက်နာရန် တာဝန်ရှိကြောင်း သတိပေးခဲ့ပြီး ညှိနှိုင်းဆွေးနွေးမှုများ အရေးပေါ်ပြန်လည်စတင်ရန်၊ သံတမန်နည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းရန် အမေရိကန်နှင့် အီရန်နိုင်ငံတို့ကို တိုက်တွန်းခဲ့ကြောင်း Dujarric က ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာသော ကုန်တင်သင်္ဘော ၃ စင်းအား အီရန်က တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ်က အီရန်ပစ်မှတ် ၈၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်က အီရန်ရေနံထုတ်လုပ်မှု၊ ပို့ဆောင်မှုနှင့် ရောင်းချမှုအတွက် ရက်ပေါင်း ၆၀ ကြာ ခွင့်ပြုချက်ကို ရုပ်သိမ်းပြီး အီရန် ရေနံအပေါ်ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်မည်ဟု ဇူလိုင် ၇ ရက်က ကြေညာခဲ့သည်။ အမေရိကန်က နားလည်မှုစာချွန်လွှာကို ချိုးဖောက်သည်ဟု အီရန်ဘက်က ပြစ်တင်ရှုတ်ချခဲ့ပြီး လျင်မြန်စွာ တုံ့ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

......................

(Chinese Version)

联合国秘书长呼吁美伊紧张局势降级

新华社联合国7月8日电(记者尚绪谦)联合国秘书长古特雷斯的发言人迪雅里克8日表示,古特雷斯对美国和伊朗重启战端表示震惊、呼吁降级紧张局势。

迪雅里克在当天的例行记者吹风会上说,美伊之间已取得的外交成果正面临脱轨风险,双方重回全面敌对状态将给地区人民、国际和平与安全以及全球经济带来灾难性后果。

迪雅里克说,古特雷斯敦促各方保持最大限度克制,避免采取任何进一步升级紧张局势的行动,并立即采取局势降温措施。同时,古特雷斯提醒各方有义务全面遵守国际法,敦促美伊紧急恢复谈判,通过外交方式解决问题。

美军中央司令部美国东部时间7日称,美军打击了超过80个伊朗目标,以回应伊朗对三艘穿行霍尔木兹海峡商船的袭击。此外,美方7日宣布撤销日前对伊朗石油的生产、交付和销售为期60天的授权,恢复对伊朗的石油制裁。伊朗方面指责美国违反谅解备忘录,并迅速作出回应。(完)