မြန်မာနိုင်ငံ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးတွင် ရေထွက်ကုန်ပစ္စည်းများအား အမျိုးအစားခွဲပြင်ဆင်နေပုံကို  ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးတွင် ရေထွက်ကုန်ပစ္စည်းများအား အမျိုးအစားခွဲပြင်ဆင်နေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ဧပြီလတွင်စတင်သော ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ရေထွက်ကုန် တန်ချိန် ၆၂,၀၀၀ ကျော် တင်ပို့ခဲ့ရာ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၂ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ဇူလိုင် ၇ ရက်က ထုတ်ပြန်ခဲ့သည်။

ယခင်ဘဏ္ဍာနှစ် အလားတူကာလက ရေထွက်ကုန် တန်ချိန် ၈၂,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၉ သန်းကျော် ရရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပမာဏမှာ ကျဆင်းသွားခဲ့ကြောင်း တာဝန်ရှိသူက ဆင်ဟွာကို ပြောခဲ့သည်။

မြန်မာနိုင်ငံက နိုင်ငံပေါင်း ၄၀ ခန့်သို့ ရေထွက်ကုန်များ တင်ပို့ခဲ့ပြီး အဓိကအားဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပသို့ တင်ပို့လျက်ရှိကြောင်း တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ယခင်ဘဏ္ဍာနှစ်က ရေထွက်ကုန် တန်ချိန် ၄၆၃,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးတွင် ရေထွက်ကုန်ပစ္စည်းများအား အမျိုးအစားခွဲပြင်ဆင်နေပုံကို  ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးတွင် ရေထွက်ကုန်ပစ္စည်းများအား အမျိုးအစားခွဲပြင်ဆင်နေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..

(English Version)

Myanmar exports over 62,000 tonnes of fishery products in first 3 months of FY 2026-27

YANGON, July 7 (Xinhua) -- Myanmar exported over 62,000 tonnes of fishery products in the first three months of the fiscal year 2026-27, which began in April, earning over 112 million U.S. dollars, according to the Department of Fisheries on Tuesday.

The export volume declined compared with the same period of the previous fiscal year, when the country exported over 82,000 tonnes of fishery products and earned over 119 million dollars, an official from the department told Xinhua.

Myanmar exports fishery products to about 40 countries, with the majority going to China, Thailand, the Middle East and Europe, the official said.

In the previous fiscal year, Myanmar exported over 463,000 tonnes of fishery products.