ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Mongbwalu မြို့တွင် ကျန်းမာရေးဝန်ထမ်းများက အီဘိုလာရောဂါလူနာအား အီဘိုလာရောဂါ ကုသရေးစင်တာသို့ ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က ပို့ဆောင်လာစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Mongbwalu မြို့တွင် ကျန်းမာရေးဝန်ထမ်းများက အီဘိုလာရောဂါလူနာအား အီဘိုလာရောဂါ ကုသရေးစင်တာသို့ ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က ပို့ဆောင်လာစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်လိုက်သော နောက်ဆုံးရောဂါဖြစ်ပွားမှု အစီရင်ခံစာအရ အဆိုပါနိုင်ငံ အီဘိုလာရောဂါ ဖြစ်ပွားမှုအခြေအနေတွင် စုစုပေါင်း အစီရင်ခံတင်ပြသော အတည်ပြုလူနာ ၁,၇၅၉ ဦးရှိပြီး ၎င်းအနက် သေဆုံးလူနာ ၆၀၀ ဦး ရှိကြောင်း သိရသည်။

လက်ရှိအထိ ရောဂါဖြစ်ပွားမှုသည် အဓိကအားဖြင့် Ituri ပြည်နယ်၊ North Kivu ပြည်နယ်နှင့် South Kivu ပြည်နယ် စသည့် ပြည်နယ်သုံးခုတွင် သက်ရောက်မှုရှိပြီး စုစုပေါင်း လူနာ ၂၈၅ ဦး ရောဂါပျောက်ကင်းအောင် ကုသနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် လူနာ ၇၅၀ ဦးသည် သီးခြားကွာရန်တင်းထားရှိခြင်း သို့မဟုတ် ဆေးရုံတက် ဆေးကုသမှုခံယူဆဲ အခြေအနေတွင်ဖြစ်ကြောင်း အစီရင်ခံတင်ပြမှုအရ သိရသည်။

ပြည်နယ်သုံးခု၏ သက်ဆိုင်ရာဆေးကုသရေးအဖွဲ့အစည်းများတွင် လက်ခံကုသထားသည့် ကုတင်နေရာမှာ ပြည့်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း၊ ၎င်းအနက် South Kivu ပြည်နယ်တွင် လက်ခံကုသမှုဖိအားအနေဖြင့်လည်း သိသိသာသာမြင့်မားနေပြီး ကုတင်နေရာအသုံးပြုနှုန်းမှာ ရာခိုင်နှုန်းပြည့်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

Tshopo ပြည်နယ်၏ မြို့တော် Kisangani တွင် အီဘိုလာဗိုင်းရပ်စ်အား PCR နည်းဖြင့်စစ်ဆေးမှုတွင် ပိုးတွေ့ရှိသည့်လူနာ ၂ ဦး အစီရင်ခံတင်ပြလာကြောင်း၊ ၎င်းအနက် လူနာတစ်ဦးသည် Ituri ပြည်နယ်နှင့် သက်ဆိုင်နေပြီး အခြားတစ်ဦးကမူ လက်ရှိတွင် Kisangani မြို့ပြင်ပဒေသနှင့် ကူးစက်ရောဂါဗေဒဆိုင်ရာ ပတ်သက်မှုရှိသည်ဟု မတွေ့ရှိရသေးကြောင်းလည်း အစီရင်ခံကဆိုသည်။

သက်ဆိုင်ရာထပ်မံအတည်ပြုစစ်ဆေးချက်နှင့် ကူးစက်ရောဂါဗေဒဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို  တစ်ဆင့်တိုး လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ အဆိုလူနာနှစ်ဦးကို နိုင်ငံတစ်ဝန်းစုစုပေါင်း ပေါ်ထွက်လာသည့် အတည်ပြုလူနာစာရင်းတွင် ထည့်သွင်းထားခြင်းမရှိသေးကြောင်း အစီရင်ခံစာကလည်း ဆိုထားသည်။

Tshopo ပြည်နယ်သည် Ituri ပြည်နယ်၊ South Kivu ပြည်နယ်နှင့် ကပ်လျက်တည်ရှိပြီး Kisangani မြို့သည် ကွန်ဂိုနိုင်ငံ (DRC) အရှေ့မြောက်ပိုင်း၏ အရေးကြီးကုန်သွယ်စီးပွားရေးမြို့နှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာဖြစ်သည်။ (Xinhua)

ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Bunia မြို့ရှိ အီဘိုလာရောဂါ ကုသရေးစင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Bunia မြို့ရှိ အီဘိုလာရောဂါ ကုသရေးစင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

刚果(金)埃博拉死亡病例达600例

新华社金沙萨7月8日电(记者史彧)刚果(金)卫生部8日发布的最新疫情报告显示,该国本轮埃博拉疫情累计报告确诊病例1759例,其中死亡600例。  

报告说,截至目前,疫情主要波及伊图里省、北基伍省和南基伍省三个省份。累计治愈病例285例,目前有750名患者处于隔离或住院治疗状态。  

报告称,三省相关医疗机构收治床位已接近饱和。其中,北基伍省收治机构承压明显,床位占用率已超100%。  

报告还说,乔波省首府基桑加尼报告两例埃博拉病毒聚合酶链式反应(PCR)检测呈阳性病例。其中一例与伊图里省有关,另一例目前尚未发现与基桑加尼以外地区存在流行病学关联。报告称,相关复核检测和进一步流行病学调查正在进行。这两例病例尚未计入全国累计病例数。  

乔波省与伊图里省、北基伍省相邻,基桑加尼是刚果(金)东北部重要商贸城市和交通枢纽。(完)

图说1:6月20日,在刚果(金)伊图里省蒙布瓦卢,医务人员护送埃博拉患者抵达治疗中心。新华社发

图说2:7月6日,在刚果(金)伊图里省首府布尼亚的一所埃博拉治疗中心,医护人员穿戴防护服。新华社发