ဒမတ်စကက်စ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကက်စ် မြို့လယ်ရှိ ခရီးသွားလာရေးဝန်ကြီးဌာန အဆောက်အဦ အနီးတစ်ဝိုက်တွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံး၍ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားအာရပ်သတင်းဌာန (SANA) က ထိုနေ့ညပိုင်းတွင် ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းကိုကိုးကား၍ ဖော်ပြခဲ့သည်။ ပြင်သစ်မီဒီယာများကလည်း ပြင်သစ်နိုင်ငံ သမ္မတရုံး သတင်းကို ကိုးကား၍ အချင်းဖြစ်ပွားရာနေရာသည် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် တည်းခိုရာ ဟိုတယ်အနီးတစ်ဝိုက်တွင်ဖြစ်ကြောင်း သတင်းဖော်ပြကြသည်။
ဒဏ်ရာအနည်းငယ်ရသူ ၃၁ ဦးသည် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားကြပြီဖြစ်ကြောင်း၊ အခြား ဒဏ်ရာရရှိသူ ၅ ဦးသည် မဖြစ်မနေလိုအပ်သော ဆေးကုသမှုခံယူနေဆဲဖြစ်ကာ အခြေအနေတည်ငြိမ်လျက်ရှိကြောင်း ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ဒဏ်ရာရရှိသူအများစုသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းများဖြစ်ကြောင်း၊ ပထမအကြိမ် ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး ၈ မိနစ်ခန့်အကြာတွင် ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ မက်ခရွန်၏ ယာဉ်တန်းအဖွဲ့သည် ထိုစဉ်က ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် ၁၀ ကီလိုမီတာခန့်အကွာတွင် ရှိနေကြောင်း ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ ပြည်ထဲရေးဝန်ကြီး Anas Khattab က ဆီးရီးယားအမျိုးသားရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့သည် လှုပ်ရှားမှုအတွင်း ပေါက်ကွဲစေသည့်ပစ္စည်းနှစ်ခုကို တွေ့ရှိခဲ့ကာ အဆိုပါပစ္စည်းများအား ဖြုတ်နေသည့်ဖြစ်စဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကနဦး စုံစမ်းစစ်ဆေးချက်အရ ပေါက်ကွဲစေသည့်ပစ္စည်းမှာ အလွယ်တကူ ပြုလုပ်ထားသည့် လက်လုပ်ဗုံးဖြစ်ပြီး ပထမဗုံးတစ်လုံးကို လမ်းဘေးရပ်နားထားသော ကားတစ်စီးအတွင်း၌ ထားရှိကာ ဒုတိယဗုံးတစ်လုံးကိုမူ အမှိုက်ပုံးအတွင်း၌ ထားရှိကြောင်း SANA သတင်းဌာနသည် ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းကို ကိုးကား၍ ဖော်ပြခဲ့သည်။
မက်ခရွန်သည် ထိုနေ့တွင် ဆီးရီးယားနိုင်ငံ၌ ခရီးစဉ်ရောက်ရှိနေသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် မက်ခရွန်သည် တည်းခိုရာဟိုတယ်မှ ထွက်ခွာသွားပြီဖြစ်ပြီး ဆီးရီးယားနိုင်ငံ သမ္မတအိမ်တော်၌ ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ သမ္မတ Ahmad al-Sharaa နှင့် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေသည်ဟု ပြင်သစ်မီဒီယာများက ပြင်သစ်နိုင်ငံ သမ္မတရုံး၏သတင်းကို ကိုးကား၍ ဖော်ပြချက်အရ သိရသည်။
မက်ခရွန်သည် ဆီးရီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအခြေအနေ ကြီးမားသော အပြောင်းအလဲ ဖြစ်ပွားပြီးနောက် အဆိုပါနိုင်ငံသို့ ခရီးစဉ်သွားရောက်သည့် အနောက်နိုင်ငံကြီးမှ ပထမဆုံး အကြီးအကဲဖြစ်သည်။ Ahmad al-Sharaa နှင့် မက်ခရွန်တို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အပြန်အလှန် သံအမတ်ကြီးများ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ခရီးစဉ်ကာလအတွင်း နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများက ဘက်စုံပူးပေါင်းဆောင်ရွက်မှု မူဘောင် ကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)
-------------------------------------------
(Chinese Version)
马克龙访问期间大马士革发生两起爆炸
新华社大马士革7月7日电(记者林建杰)据叙利亚国家通讯社7日晚援引叙过渡政府卫生部消息,叙首都大马士革市中心旅游部大楼附近当天上午发生两起爆炸,造成1人死亡、36人受伤。法国媒体援引法国总统府消息称,事发地位于法国总统马克龙下榻酒店附近。
叙过渡政府卫生部说,31名轻伤人员在接受治疗后已离开医院;另外5名伤者仍在接受必要的医疗护理,情况稳定。
叙过渡政府内政部部长阿纳斯·哈塔卜对叙国家电视台表示,大部分伤者是内政部工作人员。他说,第一次爆炸发生在当地时间10时15分,大约8分钟后发生第二次爆炸,马克龙的车队当时距爆炸地点约10公里。
叙利亚国家通讯社援引叙过渡政府内政部消息说,安全部队在行动中发现两处爆炸装置,在拆解过程中装置发生爆炸。初步调查显示,爆炸装置为简易自制炸弹,第一枚被放置在一辆停靠在路边的汽车内,第二枚在一个垃圾桶中。
马克龙当天在叙利亚进行访问。据法国媒体援引法国总统府消息,爆炸发生时,马克龙已经离开下榻酒店,正在叙利亚总统府准备与叙过渡政府总统艾哈迈德·沙拉会谈。
马克龙是2024年12月叙利亚政局剧变以来,首位到访该国的西方大国领导人。沙拉与马克龙在联合新闻发布会上宣布决定互派大使。访问期间,双方外长签署了一项全面合作框架声明。(完)








