
တိုကျို၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ အသစ်တစ်ကြိမ်လွှတ်ထုတ်မှုကို ဇူလိုင် ၆ ရက်တွင် စတင်မည်ဖြစ်ပြီး ယင်းမှာ ၎င်းကုမ္ပဏီ၏ စုစုပေါင်း ၂၁ ကြိမ်မြောက် လွှတ်ထုတ်ခြင်းဖြစ်သည်။
ဖူကူရှီးမား ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ ဒေသစံတော်ချိန် ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီ ၄၁ မိနစ် (ပေကျင်းစံတော်ချိန် နံနက် ၁၀နာရီ ၄၁ မီနစ်) တွင် TEPCO က ယခုအကြိမ် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ လွှတ်ထုတ်မှုကို စတင်စွန့်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီ၏ ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဤအကြိမ်လွှတ်ထုတ်မှုသည် ဇူလိုင် ၂၄ ရက်အထိ ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကာ လွှတ်ထုတ်မည့် နျူကလီးယားရေဆိုး စုစုပေါင်းပမာဏသည် တန်ချိန် ၇,၈၀၀ ခန့်ရှိပြီး ယင်းတွင် ရေဒီယိုသတ္တိကြွ ထရိုင်တီယမ် (Tritium) ၁.၃ ထရီလီယံ ဘက်ကာရယ် (Bq) ပါဝင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတကာအသိုက်အဝိုင်း၏ ပြင်းထန်သော သံသယဖြစ်မှုနှင့် ကန့်ကွက်မှုကို လျစ်လျူရှုကာ ဂျပန်နိုင်ငံသည် နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ တစ်ဖက်သတ်နှင့် အတင်းအကြပ် လွှတ်ထုတ်ခဲ့သည်။ လက်ရှိအချိန်ထိ နျူကလီးယားရေဆိုးများအား ပင်လယ်ထဲသို့ စုစုပေါင်း ၂၀ ကြိမ် လွှတ်ထုတ်ပြီးဖြစ်ပြီး စုစုပေါင်း တန်ချိန် ၁၅၇,၀၀၀ တန်ခန့် ရှိပြီဖြစ်သည်။ (Xinhua)
........................
(Chinese Version)
日本开始新一轮核污染水排海
新华社东京7月6日电 日本东京电力公司6日启动福岛第一核电站新一轮核污染水排海,这是该公司总计第21次核污染水排海。
据福岛当地媒体报道,当地时间6日11时41分(北京时间10时41分),东京电力公司开始本轮核污染水排放。
根据该公司2日发布的资料,本轮排放计划持续至7月24日结束,预计排放核污染水总量约7800吨,含放射性氚总量约1.3万亿贝克勒尔。
2023年8月,日方无视国际社会的强烈质疑和反对,单方面强行启动福岛第一核电站核污染水排海。截至目前共完成20次核污染水排放,累计排放量约15.7万吨。(完)
图说:这是2025年3月14日在日本福井县拍摄的关西电力公司美浜核电站3号机组(资料照片)。新华社/共同社








