တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ရေယာဉ်တပ်ဖွဲ့ မှ နန်နင်းသင်္ဘော တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ အောင်ချွမ်ကျွန်း စစ်ဘက်ဆိုင်ရာဆိပ်ကမ်းသို့ မောင်းနှင်လာသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ရေယာဉ်တပ်ဖွဲ့ မှ နန်နင်းသင်္ဘော တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ အောင်ချွမ်ကျွန်း စစ်ဘက်ဆိုင်ရာဆိပ်ကမ်းသို့ မောင်းနှင်လာသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဒုံးကျည်ဖျက်သင်္ဘော “နန်နင်း”၊ ဒုံးကျည်ကာကွယ်ရေးသင်္ဘော “ဟိန်ယန်” တို့ဖြင့် ဖွဲ့စည်းထားသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ရေယာဉ်တပ်ဖွဲ့သည် ဇူလိုင် ၆ ရက်က တရုတ်နိုင်ငံ ဟောင်ကောင်ဒေသမှ ပြန်လည်ထွက်ခွာပြီး ငါးရက်ကြာ အများပြည်သူကြည့်ရှုလေ့လာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များကို အဆုံးသတ်ခဲ့သည်။

နှုတ်ဆက်ပွဲအခမ်းအနားကို ဟောင်ကောင်အခြေစိုက်တပ်ဖွဲ့ အောင်ချွမ်ကျွန်း စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတွင် ဇူလိုင် ၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ PLA ရေတပ် ရေယာဉ်တပ်ဖွဲ့ အရာရှိစစ်သည်များက ဆိပ်ကမ်းပေါ်တွင် လာရောက်နှုတ်ဆက်ကြသူများအား လက်ဝှေ့ယမ်းကာ ပြန်လည် နှုတ်ဆက်ကြပြီး “ဟိန်ယန်”၊ “နန်နင်း” သင်္ဘောကြီးများက အောင်ချွမ်ကျွန်း စစ်ဘက်ဆိုင်ရာဆိပ်ကမ်းမှ အစဉ်လိုက် မောင်းနှင်ထွက်ခွာခဲ့ကြသည်။ ဟောင်ကောင်မှ ထွက်ခွာရာလမ်းတစ်လျှောက်တွင် လှိုက်လှဲနွေးထွေးသည့် ဟောင်ကောင်မြို့နေပြည်သူများက မိမိဆန္ဒအလျောက် ဗစ်တိုးရီးယားဆိပ်ကမ်းတစ်လျှောက်သို့ လာရောက်၍ ရေယာဉ်တပ်ဖွဲ့ မောင်းနှင်ထွက်ခွာသွားသည်ကို လာရောက်ကြည့်ရှုနှုတ်ဆက်ကြသည်။

ဟောင်ကောင်၌ရှိစဉ်ကာလအတွင်း “နန်နင်း” သင်္ဘောနှင့် “ဟိန်ယန်” သင်္ဘောသည် ဟောင်ကောင်အခြေစိုက်တပ်ဖွဲ့ အောင်ချွမ်ကျွန်းရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတွင် ဟောင်ကောင်၊ မကာအို ပြည်သူလူထု၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ လာရောက်လည်ပတ်နိုင်ရန်အတွက် ဖွင့်လှစ်ပေး၍ စစ်ဘက်ဆိုင်ရာနှင့်စပ်လျဉ်းသည့် လက်တွေ့ တွေ့ကြုံခံစားကြည့်ခြင်း၊ လေ့ကျင့်သရုပ်ပြခြင်း၊ ယဉ်ကျေးမှုအနုပညာဖျော်ဖြေခြင်း စသည့် အပြန်အလှန်ဖလှယ်နိုင်သော အစီအစဉ်များ ပြုလုပ်ခဲ့ရာ ဟောင်ကောင်၊ မကာအို ပြည်သူ သုံးသောင်းကျော် လာရောက်ပါဝင်ရန် ဆွဲဆောင်နိုင်ကာ မြို့နေပြည်သူအများအပြား၏ တိုင်းပြည်ချစ်စိတ်ကို နှိုးဆော်ပေးခဲ့သည်။ ယခုအကြိမ်ခရီးစဉ်မှာ ဟောင်ကောင်သို့ “နန်နင်း” သင်္ဘောနှင့် “ဟိန်ယန်” သင်္ဘော ပထမဆုံးအကြိမ်ရောက်ရှိကာ အများပြည်သူများ လာရောက်လည်ပတ်နိုင်ရန်ဖွင့်လှစ်ပေးသည့်အစီအစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

海军舰艇编队离开香港

新华社香港7月6日电(记者刘言明、肖逸晨)7月6日,由导弹驱逐舰南宁舰、导弹护卫舰衡阳舰组成的海军舰艇编队离开香港,结束为期5天的系列开放参观和文化交流活动。   

6日上午,欢送仪式在驻香港部队昂船洲军营码头举行。海军舰艇编队官兵向岸上送行人员挥手告别,衡阳舰、南宁舰依次驶离昂船洲军营码头。离港途中,热情的香港市民们自发来到维多利亚港沿岸,目送舰艇编队驶离。   

在港期间,南宁舰、衡阳舰在驻香港部队昂船洲军营码头面向港澳民众、青少年学生等群体开放,并开展军事体验、训练展示、文艺展演等互动交流活动,吸引了3万余名港澳民众参与,激发广大市民的爱国之情。这是南宁舰、衡阳舰首次抵达香港并举行开放活动。(完)

1. 7月2日,中国海军南宁舰驶入香港昂船洲军营。 新华社记者 朱炜 摄