တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ Hongmiao Ridge စက်ဝန်းစီးပွားရေး ဂေဟစနစ်-စက်မှုဥယျာဉ်၏ မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ Hongmiao Ridge စက်ဝန်းစီးပွားရေး ဂေဟစနစ်-စက်မှုဥယျာဉ်၏ မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း လှပသောတရုတ်နိုင်ငံ တည်ဆောက်ရန် အစီအစဉ်ကို ထုတ်ပြန်လိုက်ပြီး ယင်းအစီအစဉ်အား ဘက်စုံမြှင့်တင်ရေးအတွက် ယေဘုယျသတ်မှတ်ချက်များ၊ ရည်မှန်းချက်များ၊ အဓိကလုပ်ငန်းတာဝန်များနှင့် စီမံကိန်းကြီးများကို ရေးဆွဲထားသည်။

၂၀၃၀ ပြည့်နှစ်နောက်ဆုံးထား၍ တရုတ်နိုင်ငံက ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးတွင် အလုံးစုံတိုးတက်ကောင်းမွန်မှု ရရှိရန်နှင့် အစိမ်းရောင်ထုတ်လုပ်မှုနှင့် လူနေမှုပုံစံများ အများစုထူထောင်၍ ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေး အဆင့်သတ်မှတ်ချက်အား အချိန်မီရောက်ရှိသည့် လှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးကို ဦးတည်၍ သိသိသာသာတိုးတက်စေရန် ရည်မှန်းလျက်ရှိသည်။

အဆိုပါအစီအစဉ်က အပြာရောင်ကောင်းကင်ပြင်အဖြစ် ထိန်းသိမ်းထားရေး၊ ‌ရေထုအား သန့်စင်စေရေးနှင့် မြေထုအား သန့်ရှင်းစေရေး ကြိုးပမ်းအားထုတ်မှုများ အပါအဝင် အဓိကလုပ်ငန်းတာဝန် ခုနှစ်ရပ်ကို ရေးဆွဲဖော်ပြထားသည်။ ဂေဟစနစ်တိုးတက်ကောင်းမွန်မှုမြင့်တင်ရန်၊ ရာသီဥတုပြောင်းလဲမှုအား တက်ကြွစွာဖြေရှင်းရန်၊ အစိမ်းရောင်ထုတ်လုပ်မှုနှင့် လူနေမှုပုံစံများကျင့်သုံးခြင်းကို အရှိန်မြှင့်ရန်လည်း ၎င်းအစီအစဉ်က ရည်မှန်းထားသည်။        

ထို့အပြင် လေထုညစ်ညမ်းမှုကာကွယ်ထိန်းချုပ်ရေး၊ ရေထုနှင့် ပင်လယ်ရေကြောင်းဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊ မြေဆီလွှာညစ်ညမ်းမှုရင်းမြစ်ထိန်းချုပ်သန့်စင်ရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးနှင့် ညစ်ညမ်းစေသောအရာအသစ်များအား ညှိနှိုင်းသန့်စင်ရေးကဲ့သို့သော နယ်ပယ်များတွင် စီမံကိန်းကြီးများ ဆောင်ရွက်ရန်လည်း အဆိုပါအစီအစဉ်က အဆိုပြုထားကြောင်း သိရသည်။  (Xinhua)

.......................................................................

(English Version)

China issues plan to build Beautiful China from 2026 to 2030

BEIJING, July 3 (Xinhua) -- China's State Council has issued a plan for building a Beautiful China during the 15th Five-Year Plan period (2026-2030), setting out the overall requirements, targets, key tasks and major projects for comprehensively advancing the initiative.

By 2030, China aims to achieve an overall improvement in ecological and environmental quality and make significant progress toward building a Beautiful China, with green production and lifestyles largely established and the carbon peaking target reached on schedule, according to the plan.

The plan outlines seven key tasks, including efforts to keep the skies blue, waters clear, and lands clean. It also aims to promote ecosystem improvement, actively address climate change, and accelerate the adoption of green production and lifestyles.

It also proposes major projects in areas such as air pollution prevention and control, water and marine ecological environment protection and restoration, soil pollution source control and treatment, industrial solid waste management, and coordinated treatment of new pollutants. ■

English Caption

An aerial drone photo taken on May 7, 2026 shows a view of the Hongmiao Ridge Circular Economy Eco-Industrial Park in Fuzhou, southeast China's Fujian Province. (Xinhua/Lin Shanchuan)