အမေရိကန်နိုင်ငံ ကန်ဆက်စီးတီးမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က ကိုလံဘီယာအသင်းနှင့် ဂါနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲစဉ်အတွင်း ကိုလံဘီယာအသင်းမှ ဂျက်ဖာဆန် လာမာ (အလယ်) နှင့် ဂါနာအသင်းမှ သောမတ်စ်ပါတေး (အောက်) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကန်ဆက်စီးတီးမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က ကိုလံဘီယာအသင်းနှင့် ဂါနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲစဉ်အတွင်း ကိုလံဘီယာအသင်းမှ ဂျက်ဖာဆန် လာမာ (အလယ်) နှင့် ဂါနာအသင်းမှ သောမတ်စ်ပါတေး (အောက်) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

ကန်ဆက်စီးတီး၊ အမေရိကန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကန်ဆက်စီးတီးမြို့တွင် ဇူလိုင် ၃ ရက်က ကျင်းပခဲ့သော ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ် ပြီးဆုံးသွားခဲ့ပြီး ထိုပွဲစဉ်၌ ကိုလံဘီယာအသင်းက ဂါနာအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ၁၆ သင်းအဆင့်တွင် နောက်ဆုံးနေရာကို ရရှိခဲ့သည်။

အဆိုပါအောင်ပွဲက ၁၉၉၀၊ ၂၀၁၄ နှင့် ၂၀၁၈ ခုနှစ်များတွင် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် ကိုလံဘီယာအသင်းအား ယင်း ၁၆ သင်းအဆင့်သို့ စတုတ္ထအကြိမ်မြောက် ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ဖလားတွင် အာဖရိကပြိုင်ဘက်အသင်းများအား ကိုလံဘီယာအသင်း အနိုင်ရခဲ့သလို ပွဲစဉ် ၅ ပွဲအထိလည်း နိုင်ပွဲဆက်စေခဲ့သည်။

အစားထိုးဝင်ရောက်ကစားသည့် လူးဝစ်ဆွာရက်ဇ်က ညာတောင်ပံမှ နောက်ပြန်ကန်ချက်ဖြင့် အနိမ့်ဘောပေးပို့ခဲ့ရာ ဂျွန်အရီယာ့စ်က ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်း၏ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သဖြင့် ကိုလံဘီယာအသင်းအနေဖြင့် ပွဲကစားချိန် ၁၄ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့ခြင်းဖြစ်သည်။

ကိုလံဘီယာအသင်းသည် ပွဲစဉ်တစ်လျှောက်လုံးတွင် ပိုမိုဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းရန် ကြိုးပမ်းသည့်အကြိမ်ရေ ၂၀ ရှိခဲ့ကာ ဂိုးရနိုင်သည့်အကြိမ်ရေ ရှစ်ကြိမ်ရှိခဲ့သော်လည်း ဂါနာအသင်းကမူ ဂိုးရရန် တစ်ကြိမ်မျှ ကြိုးပမ်းနိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၀ ပြည့်နှစ်တွင် ကွာတားဖိုင်နယ်သို့ ရောက်ရှိပြီးချိန်မှစ၍ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည့် ဂါနာအသင်းအနေဖြင့်မူ ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြန်လည်ပါဝင်နိုင်ခြင်းမရှိတော့ပေ။

ကိုလံဘီယာအသင်းသည် ၁၆ သင်းအဆင့်တွင် ဇူလိုင် ၇ ရက်၌ ဆွစ်ဇာလန်အသင်းနှင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် ရင်ဆိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

............................................

English Version

Colombia beats Ghana to complete World Cup round of 16 lineup

KANSAS CITY, United States, July 3 (Xinhua) -- Colombia beat Ghana 1-0 to claim the final place in the last 16 as the FIFA World Cup round of 32 concluded in Kansas City on Friday.

The victory sent Colombia into the World Cup round of 16 for the fourth time, after reaching the stage in 1990, 2014 and 2018. It also extended Colombia's winning streak against African opponents at the World Cup to five matches.

Colombia took the lead in the 14th minute when substitute Luis Suarez burst down the right flank and delivered a low cross for Jhon Arias, who tapped home his first goal of the tournament.

Colombia was more threatening throughout the match, producing 20 attempts and eight shots on target, while Ghana failed to register an effort on target.

Ghana, making its first World Cup knockout appearance since reaching the quarterfinals in 2010, was unable to find a way back into the match.

Colombia will face Switzerland in the round of 16 in Vancouver, Canada, on July 7. ■

English Caption 1

Jefferson Lerma (C) of Colombia vies with Thomas Partey (bottom) of Ghana during the round of 32 match between Colombia and Ghana at the 2026 FIFA World Cup in Kansas City, the United States, July 3, 2026. (Xinhua/Cheng Min)

English Caption 2

Luis Diaz (1st R) of Colombia vies for the ball during the round of 32 match between Colombia and Ghana at the 2026 FIFA World Cup in Kansas City, the United States, July 3, 2026. (Xinhua/Cheng Min)

English Caption 3

James Rodriguez (C) of Colombia vies for the ball during the round of 32 match between Colombia and Ghana at the 2026 FIFA World Cup in Kansas City, the United States, July 3, 2026. (Xinhua/Cheng Min)