မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ဧပြီလတွင် စတင်သည့် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၅၂၉,၅၃၄ တန် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ဇူလိုင် ၄ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံဖြစ်သော မြန်မာနိုင်ငံက ယင်းကာလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၇ သန်းခန့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်ထံမှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်၏ အချက်အလက်များအရ ယခုဘဏ္ဍာနှစ် ပထမသုံးလအတွင်း ဆန်တင်ပို့မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလက ဆန်တန်ချိန် ၆၀၀,၀၀၀ ‌ကျော်ရှိခဲ့သည့် ပမာဏအောက် လျော့နည်းသွားကြောင်း သိရသည်။ (Xinhua)

……………………………………..

(English Version)

Myanmar exports over 520,000 tonnes of rice in first 3 months of FY2026-27

YANGON, July 4 (Xinhua) -- Myanmar exported 529,534 tonnes of rice and broken rice in the first three months of the current fiscal year 2026-27, which began in April, according to the Myanmar Rice Federation on Saturday.

The Southeast Asian country earned about 167 million U.S. dollars from the exports during the period, the federation said.

According to the federation's data, rice exports during the first three months of this fiscal year were down from over 600,000 tonnes exported during the same period of last fiscal year.