ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ် Luku Maleyo Marius (အလယ်) က တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာ လေဆိပ်တွင် လာရောက်ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ် Luku Maleyo Marius (အလယ်) က တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာ လေဆိပ်တွင် လာရောက်ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာသို့ ဇူလိုင် ၃ ရက်က ရောက်ရှိပြီး ပထမအသုတ် ပညာရှင်အဖွဲ့၏ လုပ်ငန်းများကို လွှဲပြောင်းလက်ခံကာ အီဘိုလာကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို လက်ဆင့်ကမ်းလုပ်ဆောင်လျက်ရှိသည်။

ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ် Luku Maleyo Marius က ကျွမ်းကျင်ပညာရှင်အဖွဲ့အား လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့သည်။  Marius က ကွန်ဂို-တရုတ် ချစ်ကြည်ရေးသည် ရာစုနှစ်ဝက်ကျော်ကြာရှိပြီး နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရလဒ်များမှာ အထူးထင်ရှားပေါ်လွင်ကြောင်း၊ အဆင့်မြင့်မားသည့် ကွန်ဂို-တရုတ် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ကွန်ဂိုနိုင်ငံ (DRC) ဘက်က ပြည်သူ့ကျန်းမာရေးကဏ္ဍစွမ်းရည်မြှင့်တင်မှုကို လက်တွေ့အထောက်အကူပြုကြောင်း၊ လက်ရှိ ကွန်ဂိုနိုင်ငံ (DRC) ၏ အီဘိုလာရောဂါအခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်ရာ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဒေသကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်လက်၍ အားကောင်းသောပံ့ပိုးမှုပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအသုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် ကုကျစ်ချန်က ပညာရှင်အဖွဲ့အနေဖြင့် လုပ်ငန်းများကို အမြန်ဆုံး ဝင်ရောက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဌာန၊ ကျွမ်းကျင်အဖွဲ့အစည်းများနှင့်အတူ နီးကပ်သော တွဲဖက်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကူးစက်ရောဂါဗေဒဆိုင်ရာ စစ်ဆေးခြင်း၊ ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးခြင်း၊ လူနာများအား ကုသပေးခြင်း၊ ကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်းနှင့် ဝန်ထမ်းမွမ်းမံလေ့ကျင့်ပေးခြင်း စသည့်ကဏ္ဍများ၌ အဓိကထား၍ နည်းပညာဖလှယ်မှုနှင့်ပံ့ပိုးမှုများ ပြုလုပ်ကာ ကွန်ဂိုနိုင်ငံ (DRC) ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကယ်ဆယ်ကုသရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏စွမ်းအားဖြင့် အကျိုးဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) ၏ အီဘိုလာကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေးတွင် တရုတ်နိုင်ငံ စသည့် ချစ်ကြည်ရင်းနှီးသောနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပံ့ပိုးပေးသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ကပ်ရောဂါသည် နယ်စည်းမခြားတည်ရှိရာ အတူတကွလှုပ်ရှားမှသာ နိုင်ငံအသီးသီးပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း ကွန်ဂိုနိုင်ငံ (DRC) သမ္မတ Felix Tshisekedi က ဇူလိုင် ၂ ရက်တွင် ကင်ရှာဆာမြို့၌ ပြောကြားခဲ့သည်။

ယခုအကြိမ် ထွက်ခွာသွားသည့် တရုတ်နိုင်ငံ၏ ဒုတိယအသုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့ အဖွဲ့ဝင်များတွင် ပြည်သူ့ကျန်းမာရေး၊ ဆေးကုသမှု၊ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး၊ ဓာတ်ခွဲခန်းစမ်းသပ်မှုနှင့် ကူးစက်ရောဂါဗေဒဆိုင်ရာ သီးခြားကွာရန်တင်းထားရှိခြင်း စသည့် ကျွမ်းကျင်မှုနယ်ပယ် အသီးသီး လွှမ်းခြုံပါဝင်ကြောင်း၊ အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ အထွေထွေအကောက်ခွန်အာဏာပိုင်အဖွဲ့၊ ဖုသန့်တက္ကသိုလ်၏ ဟွာဆန်းဆေးရုံ နှင့် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ စသည့် အဖွဲ့အစည်းများမှ ဖြစ်ကြပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံကြွယ်ဝသူများ ဖြစ်ကြကြောင်း သိရသည်။ (Xinhua)

ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာ လေဆိပ်တွင် တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာ လေဆိပ်တွင် တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


--------------------------------

(Chinese Version)

中国第二批埃博拉抗疫医疗专家组抵达刚果(金)

新华社金沙萨7月3日电(记者史彧)中国第二批埃博拉抗疫医疗专家组3日抵达刚果(金)首都金沙萨,接续首批专家组工作,接力开展埃博拉疫情防控国际合作。   

刚果(金)卫生部代表卢库·马留斯在机场欢迎专家组到来。马留斯表示,刚中友谊跨越半个多世纪,两国卫生健康领域合作成果尤为突出。高水平的刚中卫生合作切实帮助刚方增强公共卫生能力。当前刚果(金)埃博拉疫情仍较复杂,期待第二批中国抗疫医疗专家组继续为当地疫情防控提供有力支持。   

第二批专家组领队顾志强说,专家组将尽快投入工作,与刚方卫生部门和专业机构密切配合,围绕流行病学调查、实验室检测、病例救治、感染防控和人员培训等方面开展技术交流与支持,为刚果(金)提升疫情防控和救治能力贡献中国力量。   

刚果(金)总统齐塞克迪2日在金沙萨表示,感谢中国等友好国家及国际组织支持刚果(金)应对埃博拉疫情。疫情不分国界,只有共同行动才能有效保护各国人民。   

据悉,本次出征的中国第二批专家组成员涵盖公共卫生、临床救治、感染防控、实验室检测、流行病学检疫等专业领域。专家组成员来自国家卫生健康委、海关总署、复旦大学附属华山医院、中国疾控中心等,均拥有丰富的疫情防控经验。(完)

1. 7月3日,刚果(金)卫生部代表卢库·马留斯(中)在刚果(金)首都金沙萨机场欢迎中国第二批埃博拉抗疫医疗专家组到来。

2. 7月3日,中国第二批埃博拉抗疫医疗专家组抵达刚果(金)首都金沙萨机场。新华社发