
ကိုလံဘို၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
“ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ် ပဉ္စမတွဲ တရုတ်-သီရိလင်္ကာ စာဖတ်သူများ ဖိုရမ်အား ဇူလိုင် ၃ ရက်တွင် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို၌ ကျင်းပခဲ့သည်။ ယခုအကြိမ်စာဖတ်သူများဖိုရမ်အား “အေးအတူ ပူအမျှ မျှဝေခံစားခြင်း- တရုတ်-သီရိလင်္ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ အတူတကွ လျှောက်လှမ်းခြင်း” ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၊ တရုတ်နိုင်ငံ နိုင်ငံခြားဘာသာစကားဖြင့် ထုတ်ဝေရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန (CICG)၊ သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတို့ အတူတကွကြီးမှူးကျင်းပခဲ့သည်။ တရုတ်- သီရိလင်္ကာ နှစ်နိုင်ငံမှ နိုင်ငံရေးအသိုင်းအဝိုင်း၊ အဆင့်မြင့်ပညာကျောင်းများ၊ Think Tank အဖွဲ့များ၊ မီဒီယာများ စသည့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၃၀၀ နီးပါး အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)


…………………..
(Chinese Version)
《习近平谈治国理政》第五卷中斯读者会在斯里兰卡首都科伦坡举行
新华社照片,科伦坡,2026年7月3日
当日,《习近平谈治国理政》第五卷中斯读者会在斯里兰卡首都科伦坡举行。此次读者会主题为“命运与共:中斯同行现代化之路”,由中国国务院新闻办公室、中国外文局和中国驻斯里兰卡大使馆共同主办。来自中斯两国政界、高校、智库、媒体等各界人士近300人出席活动。
图说1:7月3日,在斯里兰卡科伦坡,中方向斯方嘉宾赠书。 新华社记者 伍岳 摄
图说2:7月3日,在斯里兰卡科伦坡,斯里兰卡教育和高等教育部副部长马图拉·塞内维拉特纳在读者会上致辞。新华社记者 伍岳 摄








