
ရှီးအန်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ပထမဆုံး တရုတ်-ဥရောပ ရထား “ချန်းအန်” သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ ရှီးအန်းမြို့မှ ကာဇက်စတန်နိုင်ငံ အယ်လ်မာတီ (Almaty) မြို့သို့ ထွက်ခွာခဲ့ရာ ယင်းမြို့နှစ်မြို့သည် ထိုအချိန်မှစ၍ ယူရေးရှား သယ်ယူပို့ဆောင်ရေး စင်္ကြံပေါ်ရှိ အရေးကြီးသော ကုန်စည်ကူးပြောင်းရာအချက်အချာနေရာများ ဖြစ်လာခဲ့သည်။
၂၀၂၃ ခုနှစ် ပထမအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည့်အချိန်မှစ၍ တရုတ်နှင့် ကာဇက်စတန်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ကို တီထွင်ဆန်းသစ်ခဲ့ကြပြီး တစ်ဖက်နိုင်ငံ၏ နယ်နိမိတ်တွင် ခေတ်မီထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်နေရာများကို အပြန်အလှန် လည်ပတ်လုပ်ဆောင်ခဲ့ကြပြီး “ဖြတ်သန်းရေး စီးပွားရေး” အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ကာ ဘုံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
ယခုအခါ ကီလိုမီတာထောင်ပေါင်းများစွာ ကွာဝေးသော တရုတ်နိုင်ငံ ရှီးအန်းမြို့ရှိ ကာဇက်စတန်ဆိပ်ကမ်းနှင့် ကာဇက်စတန်နိုင်ငံရှိ ရှီးအန်းဆိပ်ကမ်းတို့သည် အဝေးမှ အပြန်အလှန် တုံ့ပြန်မှုရှိပြီး “အချက်အချာနှစ်ခုအကြား” တိုက်ရိုက်ချိတ်ဆက်မှုကို ဖော်ဆောင်ပေးနိုင်ခဲ့ကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်-ဥရောပရထားလိုင်းမှတစ်ဆင့် ဖော်ဆောင်ခဲ့သော တရုတ်-ကာဇက်စတန် ကုန်သွယ်မှုပမာဏသည် ယွမ် ၅.၃၂ ဘီလီယံအထိ ရှိပြီး ၁၉.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ (Xinhua)
...................................
(Chinese Version)
镜头连中外|西安与阿拉木图:枢纽连枢纽
新华社照片,西安,2026年7月2日
2013年11月28日,首趟中欧班列“长安号”由西安发往阿拉木图,两地就此成为亚欧运输通道上的重要中转场站。
自2023年首届中国—中亚峰会举办以来,中国与哈萨克斯坦创新合作模式,相继在对方境内投运现代化物流场站,打破“过路经济”的困局,开启共赢发展的新纪元。
如今,相距数千公里的中国·西安哈萨克斯坦码头与哈萨克斯坦西安码头遥相呼应,实现“枢纽对枢纽”直连,为两国民众带来更多红利。2025年,通过中欧班列实现的中哈贸易额达53.2亿元,增长19.1%。
图说1:这是位于陕西省西安市的哈萨克斯坦西安码头(无人机照片,2026年6月24日摄)。 新华社记者 李一博 摄
图说2:这是在哈萨克斯坦阿拉木图拍摄的中国·西安哈萨克斯坦码头标识(2025年8月1日摄)。新华社记者 李任滋 摄
图说3:工作人员驾驶集装箱吊运机在陕西省西安市哈萨克斯坦西安码头卸车(无人机照片,2026年6月24日摄)。新华社记者 李一博 摄








