
ဖနွမ်းပင်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၏ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်က ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်ဦးရေ ၃၃,၉၉၁ ဦးကို ဆွဲဆောင်ခဲ့ကြောင်း ဇူလိုင် ၂ ရက်က ထုတ်ပြန်ခဲ့သည့် တရားဝင်အစီရင်ခံစာတစ်စောင်အရ သိရသည်။
တရုတ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီမှ ဇွန်အထိ အန်ကောရှေးဟောင်းဥယျာဉ်သို့လာရောက်သည့် စတုတ္ထအကြီးဆုံး နိုင်ငံတကာခရီးသွားဧည့်သည်ရင်းမြစ်ဖြစ်ကြောင်း နိုင်ငံပိုင် Angkor Enterprise အဖွဲ့အစည်း၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဇွန်လတစ်လတည်း၌ပင် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သို့ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်ဦးရေ ၄,၂၇၂ ဦး လာရောက်လည်ပတ်ခဲ့ပြီး အဆိုပါဥယျာဉ်သို့ နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှုတွင် တရုတ်နိုင်ငံအား ဒုတိယအမြင့်မားဆုံးနေရာအဖြစ်သို့ ရောက်ရှိစေခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်း၊ ဆီရမ်ရိ(ပ်) ပြည်နယ်တွင်တည်ရှိပြီး ဧရိယာ ၄၀၁ စတုရန်း ကီလိုမီတာကျယ်ဝန်းသော အန်ကောရှေးဟောင်းဥယျာဉ်မှာ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၏ ရေပန်းစား လူကြိုက်အများဆုံး ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။ ဥယျာဉ်အတွင်း၌ ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်း တည်ရှိသည်။ (Xinhua)

.................
(English Version)
Cambodia's Angkor welcomes almost 34,000 Chinese visitors in H1 2026
PHNOM PENH, July 2 (Xinhua) -- Cambodia's Angkor Archaeological Park, a UNESCO World Heritage site, drew 33,991 Chinese tourists during the first half of 2026, an official report showed on Thursday.
China was the fourth-biggest source of international tourists to the ancient site from January to June this year, the state-owned Angkor Enterprise's report said.
In June alone, Angkor welcomed 4,272 Chinese visitors, propelling China to the second-highest spot for international tourist arrivals to the park, according to the report.
Located in northwestern Siem Reap province, the 401-square-kilometer Angkor Archaeological Park is the kingdom's most popular tourist destination. It features 91 ancient temples built between the ninth and 13th centuries. ■
English Caption 1
Chinese Kung Fu artists perform at the Cambodia-China martial arts performance held in the complex of the Angkor Archaeological Park in Siem Reap province, Cambodia, April 30, 2026. (Photo by Sao Khuth/Xinhua)
English Caption 2
Tourists gather to watch the sunrise at the Angkor Wat temple in Siem Reap province, Cambodia on March 22, 2026. (Photo by Sao Khuth/Xinhua)








