ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ဆန္ဒပြလူထုစုဝေးပွဲ၌ ပါဝင်လှုပ်ရှားနေသည့်ပြည်သူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ဆန္ဒပြလူထုစုဝေးပွဲ၌ ပါဝင်လှုပ်ရှားနေသည့်ပြည်သူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟီရိုရှီးမားခရိုင်ရှိ အဏုမြူဗုံးပေါက်ကွဲမှု ဒဏ်သင့်သူအဖွဲ့၇ ဖွဲ့မှ ကိုယ်စားလှယ်များသည် ဇူလိုင် ၂ ရက်က ဟီရိုရှီးမားမြို့တွင် အစည်းအဝေးကျင်းပကာ ယခုနှစ် ဟီရိုရှီးမားအဏုမြူဗုံးကြဲခံရခြင်း အထိမ်းအမှတ်နေ့တွင် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ စသည့်အရာရှိများထံ တင်ပြမည့် တောင်းဆိုချက်များကို စုစည်းခဲ့ပြီး ဂျပန်အစိုးရအား “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို အခိုင်အမာ ထိန်းသိမ်းထားရန် တောင်းဆိုခဲ့သည်။

တောင်းဆိုလွှာတွင် ဂျပန်အစိုးရနှင့် အာဏာရပါတီအတွင်း အမျိုးသားမူဝါဒအဖြစ် ရပ်တည်သော “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန် အဆိုပြုခြင်း၊ ”နျူကလီးယား မျှဝေသုံးစွဲရေး” စသည့် အဆိုများကို လှုံ့ဆော်ပြောကြားခြင်းများ ပေါ်ပေါက်လာခဲ့ရာ “ယင်းမှာ ကျွန်ုပ်တို့၏ သဘောဆန္ဒနှင့် သွေဖယ်နေပြီး လုံးဝလက်မခံနိုင်ကြောင်း” ဖော်ပြခဲ့သည်။

တောင်းဆိုလွှာတွင် တာကာအိချိ အဆိုပြုထားသော မူဝါဒများတွင် ငြိမ်းချမ်းသော သံတမန်ရေး၊ နျူကလီးယားလက်နက်လျှော့ချရေးနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို မြှင့်တင်ပေးသည့် တိကျသော အစီအမံများ မရှိဘဲ ဒေသတွင်းတင်းမာမှုအခြေအနေများကို ပိုမိုဆိုးရွားစေမည်သာဖြစ်ကြောင်း ထောက်ပြထားသည်။

နျူကလီးယားစစ်ပွဲအန္တရာယ်လျှော့ချခြင်းနှင့် နျူကလီးယားလက်နက်လျှော့ချရေးကို မြှင့်တင်ခြင်းသည် ဂျပန်နိုင်ငံ၏ လက်ရှိ အရေးတကြီးကိစ္စရပ်များဖြစ်ကြောင်း တောင်းဆိုလွှင်တွင် ယူဆထားသည်။

ဟီရိုရှီးမား အဏုမြူဗုံးပေါက်ကွဲမှု ဒဏ်သင့်သူများအဖွဲ့၏ ဆက်ဆံရေးကောင်စီ အထွေထွေအတွင်းရေးမှူး Satoshi Tanaka က ဂျပန်နိုင်ငံသည် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို မဖြစ်မနေ အခိုင်အမာ ထိန်းသိမ်းထားရမည်ဟု ပြောကြားခဲ့သည်။

ဂျပန်မီဒီယာများ၏ ယင်းမတိုင်မီ ဖော်ပြခဲ့သည့် သတင်းများအရ တာကာအိချိအစိုးရသည် “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” ပြင်ဆင်မှုကို ယခုနှစ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်ရန်၊  “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အတွင်းမှ နျူကလီးယားလက်နက်များ မတင်သွင်းရေး အခြေခံမူကို ပြင်ဆင်ရန် ကြိုးပမ်းမှုသည် ဂျပန်နိုင်ငံ နယ်ပယ်အသီးသီးအား ပြင်းထန်သော စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ (Xinhua)

.............................

(Chinese Version)

广岛民间团体要求日政府坚持“无核三原则”

新华社东京7月2日电(记者梁晨 李子越)日本广岛县内7个核爆受害者团体的代表2日在广岛市举行会议,汇总拟于今年广岛核爆纪念日向首相高市早苗等提出的诉求,要求日本政府坚持“无核三原则”。

诉求书说,日本政府和执政党内部出现主张修改作为国策的“无核三原则”、甚至鼓吹“核共享”等论调,“这背离了我们的意愿,绝对不能容许”。

诉求书指出,高市主张的政策缺乏推动和平外交、核裁军和废除核武器的具体举措,只会加剧地区紧张局势。

诉求书认为,降低核战争风险、推进核裁军是日本当前的紧迫课题。

广岛核爆受害者团体联络会议事务局长田中聪司表示,日本必须坚持“无核三原则”。

据日本媒体此前披露,高市政府企图在年内完成修订“安保三文件”,并对“无核三原则”中不运进核武器的原则进行修改,引发日本各界强烈担忧。(完)

图说:2025年12月23日,在日本东京的首相官邸前,民众参加抗议集会。新华社记者 贾浩成 摄