လော်ဖိန် (ယူနန်)၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ လော်ဖီန်ကျိုလုန် ရေတံခွန်သည် ရေတက်ချိန်တွင် အဆင့် ၁၀ ဆင့်ဖြင့် အထပ်ထပ် စီးဆင်းလျက်ရှိသည်။ FPV ဒရုန်း၏ ဝေဟင်နိမ့်ရိုက်ချက်၊ ရေတံခွန်ထိပ်မှ အောက်ဆုံးအထိ ထိုးဆင်းသော ရိုက်ချက်များမှတစ်ဆင့် ရေများ အရှိန်အဟုန်ဖြင့် သက်ဝင်လှုပ်ရှားစွာ စီးဆင်းသွားပုံကို ရှုထောင့်အမျိုးမျိုးမှ ခံစားကြည့်ရှုနိုင်ပါသည်။ (Xinhua)








