PLA ရေတပ် ရေယာဉ်တပ်ဖွဲ့ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က ရောက်ရှိလာရာ ဗစ်တိုးရီးယားဆိပ်ကမ်းသို့ မောင်းနှင်လာသော “ဟိန်ယန်” သင်္ဘောအား တွေ့ရစဉ် (ဆင်ဟွာ)
PLA ရေတပ် ရေယာဉ်တပ်ဖွဲ့ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က ရောက်ရှိလာရာ ဗစ်တိုးရီးယားဆိပ်ကမ်းသို့ မောင်းနှင်လာသော “ဟိန်ယန်” သင်္ဘောအား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ် ဒုံးကျည်ဖျက်သင်္ဘော “နန်နင်း” ၊ ဒုံးကျည်ကာကွယ်ရေးသင်္ဘော “ဟိန်ယန်” တို့ ပါဝင်ဖွဲ့စည်းထားသော ရေတပ်ရေယာဉ်တပ်ဖွဲ့သည် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ ရောက်ရှိလာပြီး ငါးရက်ကြာ အများပြည်သူကြည့်ရှုလေ့လာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များကို စတင်လိုက်သည်။ ဇူလိုင် ၂ ရက် ညပိုင်းတွင် ရေယာဉ်တပ်ဖွဲ့သည် “နန်နင်း” သင်္ဘော၏ ကုန်းပတ်ပေါ်၌ ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့သည်။

အဆိုပါ ကြိုဆိုဧည့်ခံပွဲသို့ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်း၊ ဟောင်ကောင်အခြေစိုက် ဗဟိုအစိုးရအဖွဲ့အစည်းဌာနများမှ တာဝန်ရှိသူများ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရေဒေသအစိုးရ အရာရှိအချို့နှင့် နယ်ပယ်အသီးသီးမှ နိုင်ငံကို ချစ်မြတ်နိုး၍ ဟောင်ကောင်ကို ချစ်မြတ်နိုးသောပုဂ္ဂိုလ် ကိုယ်စားလှယ်များ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။

ဗစ်တိုးရီးယားဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော “နန်နင်း” သင်္ဘောတွင် အလံအပြည့်လွှင့်ထူထား၍ သင်္ဘော၏ထူးခြားမှုရှိသောဓလေ့အခမ်းအနားဖြင့် ဧည့်သည်များကို ကြိုဆိုခဲ့သည်။ ည ၇ နာရီခန့်တွင် ဖိတ်ကြားထားသော ဧည့်သည်တော်များ “နန်နင်း” သင်္ဘော၏ အတက်အဆင်းပလက်ဖောင်းသို့ ရောက်ရှိလာသည်။ ဧည့်ခံပွဲတွင် တောင်ပိုင်းစစ်ဒေသကြီး ဒုတိယစစ်ဦးစီးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေ့ဝန်ဟွေးက အမှာစကားပြောကြားခဲ့ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းနှင့် တောင်ပိုင်းစစ်ဒေသကြီး ရေတပ် နိုင်ငံရေးလုပ်ငန်းဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ် ယန်လျဲ့တို့က အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

ထို့နောက်မကြာမီတွင်ပင် တပ်ဖွဲ့အရာရှိစစ်သည်များက စင်မြင့်ပေါ်သို့ တက်ရောက်၍ အော်ပရာ၊ ရိုးရာတူရိယာ၊ ရိုးရာအကများဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုများကို ပြသခဲ့သလို “သင်္ဘော၊ ကျွန်းမြေနှင့် ပင်လယ်ပြင်ကို ချစ်မြတ်နိုးခြင်း”၊ “Chinese Redbud ပန်းများ လှိုင်လှိုင်ဝေ” ဟူသော ဂန္တဝင်တေးသီချင်းများကို သီဆိုကာ ခေတ်သစ် PLA ရေတပ်စစ်သည်အရာရှိများ၏ အသွင်အပြင်နှင့် တိုင်းပြည်ချစ်စိတ်ကို ပြသခဲ့သည်။ အခမ်းအနားပြီးဆုံးချိန်တွင် အခမ်းအနားတစ်ခုလုံးက “မနက်ဖြန် ပို၍ ကောင်းမွန်ပေမည်” ဟူသော သီချင်းကို ပြိုင်တူသီဆိုခဲ့ကြသည်။

“နန်နင်း” သင်္ဘောနှင့် “ဟိန်ယန်” သင်္ဘောသည် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ အောင်ချွမ်ကျွန်း (Stonecutters Island) ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတွင် ဟောင်ကောင်၊ မကာအို ပြည်သူလူထု၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ လာရောက်လည်ပတ်နိုင်ရန်အတွက် ဖွင့်လှစ်သွားကာ စစ်ဘက်ဆိုင်ရာနှင့်စပ်လျဉ်း၍ လက်တွေ့ တွေ့ကြုံခံစားကြည့်ခြင်း၊ လေ့ကျင့်သရုပ်ပြခြင်း၊ ယဉ်ကျေးမှုအနုပညာဖျော်ဖြေခြင်း စသည့် အပြန်အလှန်ဖလှယ်နိုင်သော အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

海军舰艇编队在香港举行甲板招待会

新华社香港7月2日电(刘言明、贺跃民)由海军导弹驱逐舰南宁舰、导弹护卫舰衡阳舰组成的海军舰艇编队7月2日上午抵达香港,开启为期5天的系列开放参观和文化交流活动。2日晚,编队在南宁舰举行甲板招待会。   

香港特别行政区行政长官李家超、中央驻港机构有关负责人、香港特别行政区政府部分官员和各界爱国爱港人士代表应邀出席。   

靠泊在维多利亚港的南宁舰悬挂满旗,以舰艇特有礼仪欢迎客人的到来。19时许,受邀嘉宾陆续走上南宁舰起降平台。招待会上,南部战区副司令员魏文徽中将致辞,香港特别行政区行政长官李家超与南部战区海军政治工作部副主任严烈少将互赠纪念品。   

随后,编队官兵走上舞台,展示戏曲、民族器乐、民族舞蹈等中国传统文化,唱起《爱舰爱岛爱海洋》《紫荆花盛开》等经典曲目,展现新时代海军官兵的风采风貌和家国情怀。活动结束时,全场共同唱响《明天会更好》。   

据悉,南宁舰和衡阳舰将于3日至5日在昂船洲军营码头面向港澳民众、青少年学生等群体开放,并开展军事体验、训练展示、文艺展演等互动交流活动。(完)

1. 7月2日,中国海军舰艇编队抵达香港。这是驶入维多利亚港的衡阳舰(无人机照片)。新华社发(童恒璋 摄)

2. 7月2日,中国海军舰艇编队抵达香港。这是驶入昂船洲军营码头的南宁舰(无人机照片)。