ယူကရိန်းနိုင်ငံ ကိဗ်မြို့ Pechers'kyi ခရိုင်ရှိ ဒုံးကျည်ဖြင့်တိုက်ခိုက်ခံခဲ့ရသော လူနေရပ်ကွက်တစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကိဗ်မြို့ Pechers'kyi ခရိုင်ရှိ ဒုံးကျည်ဖြင့်တိုက်ခိုက်ခံခဲ့ရသော လူနေရပ်ကွက်တစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ရုရှားတပ်ဖွဲ့၏ ဇူလိုင် ၁ ရက် ညပိုင်းမှ ဇူလိုင် ၂ ရက် မနက်အစောပိုင်းအထိ ကိဗ်မြို့အပေါ် အကြီးစားလေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၉၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံ ကိဗ်မြို့ စစ်ဘက်စီမံခန့်ခွဲမှုဌာန အကြီးအကဲ Tymur Tkachenko က ဇူလိုင် ၂ ရက် ညပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုကြောင့် Darnytskyi ခရိုင်ရှိ လူနေရပ်ကွက်တစ်ခုတွင် လူ ၅ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဒဏ်ရာရသေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်း Tkachenko က ပြောကြားခဲ့သည်။

ကိဗ်မြို့တွင် ပစ္စည်းကိရိယာ အစုံ ၁၃၀ နှင့် ကယ်ဆယ်ရေးဝန်ထမ်း ၅၀၀ ကို ဖြန့်ကြက်ချထားပေးပြီး မြို့တစ်ခွင် တိုက်ခိုက်ခံရသောနေရာ ၃၉ ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ယူကရိန်းနိုင်ငံ အရေးပေါ်အခြေအနေရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂ ရက် ညနေပိုင်းတွင် Darnytskyi ခရိုင်ရှိ တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။

ယခုအကြိမ်တွင် ကိဗ်မြို့သည် ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည်နှင့် ဒရုန်းတို့ဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရပြီး ခရိုင် ၁၀ ခုကို ထိခိုက်စေခဲ့ကြောင်း၊ ယင်းအနက် Darnytskyi ခရိုင်ရှိ လူနေအဆောက်အအုံတစ်ခု ပျက်စီးဆုံးရှုံးမှုမှာ အပြင်းထန်ဆုံးဖြစ်ပြီး အဆောက်အအုံ အစိတ်အပိုင်းအချို့ ပြိုကျခဲ့ကြောင်း ကိဗ်မြို့ မြို့တော်ဝန် Vitali Klitschko က ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

ရုရှားစစ်တပ်သည် ယူကရိန်းအပေါ် အကြီးစားလက်တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ဇူလိုင် ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားနယ်နိမိတ်အတွင်းရှိ အရပ်ဘက်ပစ်မှတ်များအပေါ် ယူကရိန်း၏တိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားစစ်တပ်သည် မြေပြင်အခြေစိုက်၊ ရေကြောင်းအခြေစိုက်နှင့် လေကြောင်းအခြေစိုက် အဝေးပစ်လက်နက်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြုကာ ယူကရိန်း၏ ဒုံးကျည်လမ်းညွှန်စနစ်များနှင့် ဒရုန်းများစသည်တို့ ထုတ်လုပ်သော စစ်ဘက်စက်မှုကုမ္ပဏီလုပ်ငန်းများ၊ လောင်စာဆီနှင့် စွမ်းအင် အထွေထွေအဆောက်အအုံများ၊ စစ်ဘက်လေယာဉ်ကွင်းများစသည့် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး၏ ဆိုရှယ်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

....................................

(Chinese Version)

乌克兰首都基辅遭空袭致27死91伤

新华社基辅7月2日电(记者李东旭)乌克兰基辅市军事管理局局长特卡琴科2日晚在社交媒体发文称,俄军1日晚至2日凌晨对基辅市发动的大规模空袭已造成27人死亡、91人受伤。  

特卡琴科称,俄军袭击导致达尔尼茨基区一处居民区5人死亡,尚有8人下落不明。目前,搜救工作仍在进行,伤亡人数可能继续增加。  

2日下午,在达尔尼茨基区遇袭现场,乌国家紧急情况局发言人告诉新华社记者,基辅市已投入130套设备和500名救援人员在全市39处遇袭地点展开救援。

基辅市市长克利奇科在社交媒体发文称,基辅市这次同时遭到弹道导弹、巡航导弹和无人机袭击,10个区遭波及,其中达尔尼茨基区一栋居民楼受损最严重,部分楼体坍塌。  

俄罗斯总统新闻秘书佩斯科夫2日在记者会上说,俄军对乌克兰进行大规模报复性打击。俄国防部通过社交媒体发布的通报显示,为报复乌克兰对俄境内民用目标的袭击,俄军动用陆基、海基和空基远程武器和攻击型无人机,对乌克兰生产导弹制导系统和无人机等的军工企业、燃料能源综合体以及军用机场等基础设施实施了打击。(完)

图说1:这是7月2日在乌克兰基辅市佩切尔斯基区一居民区拍摄的导弹袭击现场。新华社发(彼得·德鲁克摄)

图说2:7月2日,在乌克兰基辅市佩切尔斯基区,居民拆除空袭中受损的窗户。新华社发(彼得·德鲁克摄)