ဆွီဒင်နိုင်ငံ မြို့တော်စတော့ဟုမ်းတွင် ဆွီဒင်လွှတ်တော်အဆောက်အဦ ပြင်ပ၌ ဆွီဒင်နိုင်ငံတော်အလံနှင့် ဥရောပသမဂ္ဂ အလံချိတ်ဆွဲထားသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆွီဒင်နိုင်ငံ မြို့တော်စတော့ဟုမ်းတွင် ဆွီဒင်လွှတ်တော်အဆောက်အဦ ပြင်ပ၌ ဆွီဒင်နိုင်ငံတော်အလံနှင့် ဥရောပသမဂ္ဂ အလံချိတ်ဆွဲထားသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ ဆွီဒင်နိုင်ငံရှိသံရုံး တိုက်ခိုက်ခံရမှုအတွက် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ရုံးစာပေးပို့ထားပြီးဖြစ်ကြောင်း ဆွီဒင်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Sergey Belyayev သည် ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ဆွီဒင်နိုင်ငံအစိုးရက စုံစမ်းစစ်ဆေးမှုရလဒ်ကို အမြန်ဆုံး ထုတ်ပြန်ပေးရန် မျှော်လင့်ကြောင်း Sergey Belyayev က ထိုနေ့တွင် ရုရှားမီဒီယာ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် မေလမှစ၍ ဆွီဒင်နိုင်ငံဆိုင်ရာ ရုရှားသံရုံး တိုက်ခိုက်ခံရမှုသည် ၂၅ ကြိမ်ကျော်ရှိပြီဖြစ်ကြောင်း၊ သို့သော် ဆွီဒင်အစိုးရက စုံစမ်းဆေးမှုရလဒ်များ ထုတ်ပြန်ခြင်းကို ရုရှားဘက်က မတွေ့မြင်ရသေးကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့က ကျွန်တော်တို့က ဒရုန်းကိုယ်ထည်ကို ပထမဆုံးအကြိမ် တွေ့မြင်ရတာပါ။ သူက ကိုယ်တိုင်လုပ်ထားတာမှန်း သိသာပါတယ်၊ 3D ပုံနှိပ်ထားတဲ့ အစိတ်အပိုင်းတွေနဲ့ လုပ်ထားတာပါ” ဟု Sergey Belyayev က ပြောကြားခဲ့သည်။

ဆွီဒင်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဇူလိုင် ၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ သံရုံးသည် ယင်းနေ့နံနက်ပိုင်းတွင် ဒရုန်းဖြင့် တိုက်ခိုက်မှု ခံခဲ့ရသည်ဟု ဆိုသည်။ ဒေသစံတော်ချိန် ဇူလိုင် ၂ ရက် နံနက် ၂ နာရီခန့်တွင် ဒလက် ၄ ခုပါ ဒရုန်းတစ်စင်းသည် ရုရှားသံရုံးဧရိယာအတွင်းသို့ အနီရောင်သုတ်ဆေး ပါဝင်သောဘူးတစ်ဘူး ပစ်ချခဲ့ကြောင်း၊ အတုအယောင် ပုံတူပြုထားသည့် ပေါက်ကွဲစေတတ်သောပစ္စည်း တပ်ဆင်ထားသည့် အခြားဒရုန်းတစ်စင်းကမူ သံရုံးပင်မအဆောက်အဦအနီး ဧရိယာ၌ ပျက်ကျခဲ့ကြောင်း ရုရှားသံရုံးက ဆိုထားသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

俄罗斯就其外交机构遇袭向瑞典发出照会

新华社莫斯科7月2日电(记者周良)俄罗斯驻瑞典大使谢尔盖·别利亚耶夫2日说,俄方已就其驻瑞典大使馆遇袭事件向瑞典外交部发出照会。  

别利亚耶夫当天接受俄媒采访时说,俄方期待瑞典政府尽快公布调查结果。他表示,自2024年5月以来,俄驻瑞典大使馆遭受的袭击已超25次,但俄方尚未看到瑞典政府公布任何调查结果。  

别利亚耶夫说:“今天是我们第一次看到无人机本身,它显然是自制的,由3D打印部件制成。”  

俄罗斯驻瑞典大使馆2日在社交媒体上发文说,使馆当天凌晨遭无人机袭击。俄使馆称,当地时间2日凌晨2时许,一架四旋翼无人机向俄使馆区域投下一个装有红色油漆的容器。另一架载有仿制简易爆炸装置的无人机坠落在靠近使馆主楼的区域内。(完)

图说:2023年1月1日,在瑞典首都斯德哥尔摩,瑞典议会大楼外悬挂瑞典国旗和欧盟旗帜。新华社发(魏学超摄)