ကွန်ဂိုနိုင်ငံ (DRC) ရောဂါတိုက်ဖျက်ရေးအား အကူအညီပေးသော တရုတ်နိုင်ငံ၏ ပထမအသုတ် ဆေးဘက်ဆိုင် ကျွမ်းကျင်ပညာရှင်အဖွဲ့ ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာလေဆိပ်သို့ ၂၀၂၆ ခုနှစ် ဇွန် ၂ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) ရောဂါတိုက်ဖျက်ရေးအား အကူအညီပေးသော တရုတ်နိုင်ငံ၏ ပထမအသုတ် ဆေးဘက်ဆိုင် ကျွမ်းကျင်ပညာရှင်အဖွဲ့ ကွန်ဂိုနိုင်ငံ (DRC) မြို့တော် ကင်ရှာဆာလေဆိပ်သို့ ၂၀၂၆ ခုနှစ် ဇွန် ၂ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အီဘိုလာရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ သည် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ၎င်းတို့သည် ကွန်ဂိုနိုင်ငံ (DRC) သို့ သွားရောက်၍ ပထမအသုတ် ပညာရှင်အဖွဲ့၏လုပ်ငန်းများကို လက်ခံကာ အီဘိုလာရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လက်ဆင့်ကမ်းလုပ်ဆောင်ပြီး ယင်းဒေသ ပြည်သူ့ကျန်းမာရေးကဏ္ဍ ကာကွယ်ရေးစည်းကို ခိုင်မာစေရန် ဆက်လက် အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်မှ သိရသည်။

ယခုအကြိမ် ထွက်ခွာသွားသည့် တရုတ်နိုင်ငံ၏ ဒုတိယအသုတ် ကျွမ်းကျင်ပညာရှင်အဖွဲ့ အဖွဲ့ဝင်များတွင် ပြည်သူ့ကျန်းမာရေး၊ ဆေးကုသမှု၊ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး၊ ဓာတ်ခွဲခန်းစမ်းသပ်မှုနှင့် ကူးစက်ရောဂါဗေဒဆိုင်ရာ သီးခြားကွာရန်တင်းထားရှိခြင်း စသည့် ကျွမ်းကျင်မှုနယ်ပယ် အသီးသီး လွှမ်းခြုံပါဝင်ကြောင်း၊ အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၊ အထွေထွေအကောက်ခွန်အာဏာပိုင်အဖွဲ့၊ ဖုသန့်တက္ကသိုလ်၏ ဟွာဆန်းဆေးရုံ နှင့် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ စသည့် အဖွဲ့အစည်းများမှ ဖြစ်ကြပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံကြွယ်ဝသူများ ဖြစ်ကြကြောင်း သိရသည်။

ကွန်ဂိုနိုင်ငံ (DRC) သို့ ရောက်ရှိပြိးနောက် ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ပထမအသုတ် ပညာရှင်အဖွဲနှင့် လုပ်ငန်းလွှဲပြောင်းလက်ခံခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ကွန်ဂိုနိုင်ငံ (DRC) အား ကူညီပေးရေး တရုတ်ဆေးအဖွဲ့နှင့်အတူ အန္တရာယ်အလားအလာ အကဲဖြတ်မှုကို မြှင့်တင်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့အစည်းများနှင့် ရောဂါကာကွယ်ရေးဆိုင်ရာအတွေ့အကြုံများကို ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပုံမှန်ဆက်သွယ်မှုယန္တရားတည်ဆောက်ခြင်း၊ ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာလှုပ်ရှားမှုတွင် ပါဝင်ခြင်းဖြင့် ယင်းဒေသ အီဘိုလာရောဂါ ကာကွယ်ထိန်းချုပ်ရေးစွမ်းရည်ကို မြှင့်တင်ရာတွင် အားဖြည့်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် သက်ဆိုင်ရာတာဝန်ရှိသူက မိတ်ဆက်ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

中国第二批埃博拉抗疫医疗专家组赴刚果(金)

新华社北京7月3日电(记者顾天成、李恒)记者从中国国家卫生健康委获悉,7月3日凌晨,中国第二批抗疫医疗专家组从北京启程,赴刚果(金)接续首批专家组工作,接力开展埃博拉疫情防控国际合作,持续助力当地筑牢公共卫生防线。   

据悉,本次出征的中国第二批专家组成员涵盖公共卫生、临床救治、感染防控、实验室检测、流行病学检疫等专业领域。专家组成员来自国家卫生健康委、海关总署、复旦大学附属华山医院、中国疾控中心等,均拥有丰富的疫情防控经验。   

国家卫生健康委有关负责人介绍,抵达刚果(金)后,专家组将与首批专家组做好交接,与中国援刚果(金)医疗队一道,加强风险趋势评估,与有关疾病控制机构交流防疫经验,推动合作,与国际组织建立常态化联络机制,参与抗疫国际行动,助力当地提升埃博拉疫情防控能力。(完)

1. 6月2日,援刚果(金)中国抗疫医疗首批专家组成员抵达刚果(金)首都金沙萨机场。新华社发