ဆန်းကျန့်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ Honor ကုမ္ပဏီရုံးချုပ်၌ အကြိတ်အနယ်ပြိုင်ပွဲတစ်ခု ကျင်းပခဲ့သည်။ တစ်ဖက်တွင် လူသားအနုပညာရှင် ၂၀ ဦး ပါဝင်ပြီး အခြားတစ်ဖက်တွင်မူ Honor ကုမ္ပဏီ၏ လူပုံစံတူစက်ရုပ်ဖြစ်သော "Lightning" ပါဝင်သည်။ အဆိုပါစက်ရုပ်မှာ ပေကျင်းမြို့တွင် ဧပြီလ၌ ကျင်းပခဲ့သည့် တစ်ဝက်မာရသွန် စက်ရုပ်အပြေးပြိုင်ပွဲတွင် ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့် လူသားအပြေးသမားများ၏ တစ်ဝက်မာရသွန် ကမ္ဘာ့စံချိန်ဖြစ်သော ၅၇ မိနစ် ၂၀ စက္ကန့်ကို ချိုးဖျက်ကာ အနိုင်ရရှိခဲ့ပြီး သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည့် စက်ရုပ်လည်းဖြစ်သည်။ (Xinhua)
..........................................................
(English Version)
Int'l artists take on Honor's record-breaking robot "Lightning"
At Honor's HQ in Shenzhen, a showdown unfolded. On one side: 20 human artists. On the other: "Lightning" - Honor's humanoid robot - who already made history in April, winning a robot half-marathon in Beijing in 50:26, faster than the human half-marathon world record 57:20. #HumanoidRobot #RobotRace #TechVsHuman #Honor #LightningRobot #AI








