မက်ဒရစ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်းအနေဖြင့် အက်သလက်တီကို မက်ဒရစ်အသင်း၏ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်အား ကမ်းလှမ်းထားကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ ယိုအန် လာပေါ်တာက ဇူလိုင် ၁ ရက်၌ ပြောကြားခဲ့သည်။

မတ်လက အသင်း၏ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေစဉ် ယင်းကြေညာချက်ကို လာပေါ်တာက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"Deco (ဘာစီလိုနာအသင်းရဲ့ ဘောလုံးအားကစားဒါရိုက်တာ) က ငွေကြေးပမာဏတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်" ဟု လာပေါ်တာက ပြောကြားခဲ့ပြီး "ကစားသမားက မန်ချက်စတာစီးတီးမှာ ရှိနေခဲ့စဉ်ကတည်းက တစ်ချိန်ချိန်မှာ လာချင်နေခဲ့တာကို ကျွန်တော်တို့ သိပါတယ်" ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

"မူအရတော့ အယ်လ်ဗာရက်ဇ်ကို ရောင်းချရန် အစီအစဉ်မရှိကြောင်း အက်သလက်တီကိုအသင်းက ပြောကြား" ခဲ့သော်လည်း အယ်လ်ဗာရက်ဇ်အား ကမ်းလှမ်းချက်မှာ "ခိုင်မာပြီး ကျွန်ုပ်တို့အနေ‌ဖြင့် အခြားနည်းဖြင့် သင့်လျော်သည်ဟု မယူဆမချင်း ယင်းကမ်းလှမ်းချက်အား ဆက်လက်ထားရှိမည်" ဟုလည်း လာပေါ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အပြောင်းအရွှေ့သည် နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု အသက် ၂၆ နှစ်အရွယ် အယ်လ်ဗာရက်ဇ်က မန်ချက်စတာစီးတီးအသင်းမှ ပြောင်းရွှေ့လာပြီး နှစ်နှစ်အကြာတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သတင်းမီဒီယာများသို့ ပြောကြားခြင်းဖြင့် အက်သလက်တီကိုမက်ဒရစ်အသင်းကို အံ့အားသင့်စေခဲ့သည်။

အက်သလက်တီကိုအသင်းက အယ်လ်ဗာရက်ဇ်၏ အဆိုပါမှတ်ချက်စကားများကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၅၀၀ သတ်မှတ်ချက်နှင့်အတူ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသော ကစားသမားကို မသင့်လျော်စွာ ချဉ်းကပ်သည်ဟု ယူဆကာ ဘာစီလိုနာအသင်းကို ဖီဖာထံ တိုင်ကြားမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။ (Xinhua)

………………

(English Version)

FC Barcelona president Laporta confirms offer for Julian Alvarez

MADRID, July 1 (Xinhua) -- FC Barcelona President Joan Laporta said on Wednesday that his club has made an offer for Atletico Madrid's Argentine international striker Julian Alvarez.

Laporta made the announcement after being sworn back in as president following his victory in the club's March election.

"Deco (Barcelona's Director of Sport) made an offer for a certain amount of money," Laporta said, adding that "we know the player has wanted to come for some time, since he was at Manchester City."

He added that although Atletico had "said in principle, they weren't planning to sell him," the offer for Alvarez is "firm and we'll keep it on the table until we consider otherwise suitable."

The 26-year-old Alvarez recently surprised Atletico by telling the press during the World Cup that a move would be in the best interest of both parties, two years after his transfer from Manchester City.

Atletico reacted angrily to Alvarez's comments and has threatened to report Barcelona to FIFA over what it considers an improper approach to a player who remains under contract until June 2030, with a release clause set at 500 million euros. ■

English Caption 1

Julian Alvarez of Atletico de Madrid celebrates a goal during the Champions League football match between Atletico de Madrid and Bayer Leverkusen, in Madrid, Spain, on Jan. 21, 2025. (Photo by Gustavo Valiente/Xinhua)

English Caption 2

Julian Alvarez (front) of Argentina competes during the group J match between Jordan and Argentina at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, on June 27, 2026. (Xinhua/Wu Xiaoling)