ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Playa Grande ရှိ ပြိုကျသွားသည့် အဆောက်အအုံတစ်ခုတွင် ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Playa Grande ရှိ ပြိုကျသွားသည့် အဆောက်အအုံတစ်ခုတွင် ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ကနဦးစာရင်းများအရ ဇူလိုင် ၂ ရက်အထိ ဗင်နီဇွဲလားရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ဗင်နီဇွဲလားနိုင်ငံသို့ အထောက်အပံပစ္စည်း တန်ချိန် ၁၂၀ ကျော် လှူဒါန်းပြီးဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ ဆင်ဟွာသတင်းထောက်က သိရသည်။

ဗင်နီဇွဲလားနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ လမ်းညွှန်ညှိနှိုင်းဆောင်ရွက်မှုအောက်တွင် ဗင်နီဇွဲလားရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကရိန်းများ၊ တူးဖော်ရေးစက်များ စသည့် အင်ဂျင်နီယာလုပ်ငန်းသုံး စက်ကိရိယာများနှင့် အရေးပေါ် မီးစက်များ၊ ကွန်တိန်နာများကို ဦးဆုံး ထုတ်ပေးခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ငလျင်ဒဏ်သင့်ဒေသများသို့ အစားအသောက်၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းခွင်သုံး အကာအကွယ်ပစ္စည်းများ စသည်တို့အပါအဝင် ထောက်ပံ့ရေးပစ္စည်းအမျိုးမျိုးကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဗင်နီဇွဲလားရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အထောက်အပံ့ပစ္စည်း တန်ချိန် ၁၂၀ ကျော် လှူဒါန်းပြီးဖြစ်သည့်အပြင် အခြား တန်ချိန် ၅၀၀ ခန့်ရှိသော အထောက်အပံ့ပစ္စည်းများမှာ  ဗင်နီဇွဲလားနိုင်ငံဘက်က သတ်မှတ်ထားသော နေရာသို့ အသုတ်ခွဲ၍ ပို့ဆောင်လျက်ရှိကြောင်း သို့မဟုတ် လျင်မြန်စွာ ပေးပို့ရန်ပြင်ဆင်နေကြောင်း သိရသည်။

ထို့အပြင် ငလျင်လှုပ်ခတ်ပြီးနောက် China Meheco Group Co., Ltd. က ဗင်နီဇွဲလားနိုင်ငံထံသို့ ဆေးဝါးနှင့် ဆေးကုသရေးပစ္စည်းများ တန်ချိန် ၅.၈ တန် လှူဒါန်းခဲ့ရာ ယင်းအထောက်အပံ့ပစ္စည်းများသည် ဇူလိုင် ၁၀ ရက်တွင် ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကက်စ် သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

在委内瑞拉中资企业已向委方捐赠物资超120吨

新华社加拉加斯7月2日电(记者田睿 朱雨博)新华社记者从中国驻委内瑞拉大使馆了解到,据初步统计,截至7月2日,在委中资企业已向委方捐赠物资超120吨。   

委内瑞拉强震发生后,在中国驻委内瑞拉大使馆指导协调下,在委中资企业第一时间调配吊机、挖掘机等工程机械设备及应急发电机、集装箱投入抗震救灾工作,同时向灾区捐赠食品、饮用水、生活用品、劳保用具等各类物资。目前,在委中资企业已捐赠物资超120吨,另有约500吨正分批运抵委方指定地点或加紧备货中。   

中国驻委内瑞拉大使馆还表示,地震发生后,中国医药健康产业股份有限公司向委捐赠5.8吨医药物资,该批物资将于10日运抵委首都加拉加斯。(完)

1. 6月28日,在委内瑞拉拉瓜伊拉州普拉亚格兰德,救援人员在一处倒塌的建筑物上工作。新华社发