တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသရှိ ကျန်းရှားကျွေ ဆိပ်ခံတံတား၌ မျိုးချစ်စိတ်ထက်သန်စေသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်နေသူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသရှိ ကျန်းရှားကျွေ ဆိပ်ခံတံတား၌ မျိုးချစ်စိတ်ထက်သန်စေသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်နေသူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားများကို တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတစ်ခွင်၌ တစ်ရက်တာ ကျင်းပခဲ့ကာ အလံတင်အခမ်းအနားများမှသည် မြင်းပြိုင်ပွဲများနှင့် ဒရုန်းဖြင့် သရုပ်ဖော်တင်ဆက်မှုများအထိ ပါဝင်ခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီ၌ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက ဝမ်းကျိုင်ခရိုင်ရှိ ဂိုးလ်ဒင်း ဘာအူဟီနီယာရင်ပြင်၌ အလံတင်အခမ်းအနား ကျင်းပခဲ့ပြီးနောက် ဟောင်ကောင် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ရာ နယ်ပယ်အသီးသီးမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် HKSAR အုပ်ချုပ်ရေးမှူး လီကျားချောင်း (ဂျွန်လီ) က လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဟောင်ကောင်၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကာ ဟောင်ကောင်၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကို ပြည်သူများ ပိုမိုကောင်းမွန်စွာ မျှဝေခံစားနိုင်စေရန် အထောက်အကူပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။

ဟောင်ကောင်ဒေသသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော အခွင့်အလမ်းများကို အမိအရဖမ်းဆုပ်ကာ တရုတ်ပြည်မကြီးနှင့်ရော ကမ္ဘာကြီးနှင့်ပါ ချိတ်ဆက်ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကိုသာမက နိုင်ငံတကာ အခွင့်အလမ်းများကိုလည်း ထိထိရောက်ရောက် အသုံးချမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟောင်ကောင်ဒေသ၏ ပထမဆုံး အာကာသယာဉ်မှူး လီကျားယဉ်က ထျန်းကုန်းအာကာသစခန်း၌ HKSAR ၏ အလံကို လွှင့်ထူလျက် အဆိုပါအခမ်းအနားအား ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပါဝင်ဆင်နွှဲခဲ့ကာ ၎င်း၏မွေးရပ်မြေအတွက် နွေးထွေးလှိုက်လှဲမှုအရှိဆုံး ဆုမွန်ကောင်းများကို ပို့သခဲ့သလို အမိနိုင်ငံကိုလည်း အလေးနက်ဆုံး ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

HKSAR ရှိ ဗဟိုပြည်သူ့အစိုးရ ဆက်ဆံရေးရုံး၊ HKSAR ရှိ ဗဟိုပြည်သူ့အစိုးရ အမျိုးသားလုံခြုံရေး ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာရုံးနှင့် HKSAR ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးတို့ကလည်း ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် အလံတင်အခမ်းအနားများ အသီးသီးကျင်းပခဲ့ကြသည်။  

ထို့ပြင် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ဟောင်ကောင်ဒေသတစ်ခွင်ရှိ အခမ်းအနားကျင်းပရာ နေရာအသီးသီး၌လည်း အလားတူ အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။ ယမန်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် ချီတယ်အားကစားဥယျာဉ်၌လည်း အလံတင်အခမ်းအနားနှင့်အတူ အားကစားဆိုင်ရာ အစီအစဉ်များ ထည့်သွင်းကာ အထိမ်းအမှတ်အခမ်းအနားများနှင့် အားကစားလှုပ်ရှားမှုများကို ပေါင်းစပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားများအပြင် ဟောင်ကောင်ဒေသတစ်ခွင်၌ ပျော်ပွဲရွှင်ပွဲ အခမ်းအနားများကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြောင်း သိရသည်။

ဗစ်တိုးရီးယားဆိပ်ကမ်း၌ ငါးဖမ်းရေယာဉ်များက စီတန်းလှည့်လည်၍ ခုတ်မောင်းသွားလာခဲ့ကြရာ ဒေသခံများက ပျော်ပျော်ပါးပါး ကြိုဆိုနှုတ်ခွန်းဆက်၍ အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။ ထို့အတူ ကျန်းရှားကျွေ ဆိပ်ခံတံတား၌လည်း မျိုးချစ်စိတ်ထက်သန်စေသည့် တေးသီချင်းများဖြင့် သံပြိုင်သီဆိုဖျော်ဖြေခဲ့ရာ ပရိသတ်အများအပြား လာရောက်ကြည့်ရှုကာ လက်ခုပ်ဩဘာပေးခဲ့ကြသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260702/b9ca11687eb84d5288d0db805b3e5045/c.html


တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက အလံတင်အခမ်းအနား ကျင်းပနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက အလံတင်အခမ်းအနား ကျင်းပနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား ကျင်းပနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသ၌ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား ကျင်းပနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


..............................................................

(English Version)

Hong Kong stages festivities to celebrate 29th anniversary of return to China

HONG KONG, July 2 (Xinhua) -- From flag-raising ceremonies to horse races and a drone performance, Hong Kong commemorated the 29th anniversary of its return to China on Wednesday with a day of celebrations across the city.

At 8 a.m. local time, the government of China's Hong Kong Special Administrative Region (HKSAR) held a flag-raising ceremony at Golden Bauhinia Square in Wan Chai, followed by a reception at the Hong Kong Convention and Exhibition Center attended by dignitaries from various sectors.

In his speech at the reception, John Lee, chief executive of the HKSAR, reviewed the city's progress over the past few years, pledging to bolster economic development of the city and enable the public to better share the benefits of development.

Hong Kong will seize the opportunities brought by national development, and leverage its advantage of being connected to both the Chinese mainland and to the world, as well as its international prospects, he said.

Hong Kong's first astronaut, Lai Ka-ying, marked the occasion by unfurling the regional flag of the HKSAR aboard the Tiangong space station, sending her warmest wishes to her home city and expressing her deepest gratitude to the nation via video link during the reception.

On Wednesday morning, the Liaison Office of the Central People's Government in the HKSAR, the Office for Safeguarding National Security of the Central People's Government in the HKSAR, and the Office of the Commissioner of the Chinese Foreign Ministry in the HKSAR, held flag-raising ceremonies.

Educational institutions and various venues citywide also held such ceremonies. Kai Tak Sports Park, which opened last year, hosted a flag-raising ceremony alongside sports workshops, blending celebrations with athletic activities.

In addition to ceremonies, celebrations unfolded in succession across the city.

In Victoria Harbor, fishing vessels sailed in a procession and were greeted by joyful residents taking photos. At the Tsim Sha Tsui pier, a flash mob performing patriotic songs drew many audience and rounds of applause.

https://english.news.cn/20260702/b9ca11687eb84d5288d0db805b3e5045/c.html

English Caption 1

A flash mob performance of patriotic songs is staged at the Tsim Sha Tsui pier in Hong Kong, south China, July 1, 2026. (Photo by Wang Shen/Xinhua)

English Caption 2

A flag-raising ceremony is held by the Hong Kong Special Administrative Region (HKSAR) government to celebrate the 29th anniversary of Hong Kong's return to the motherland in Hong Kong, south China, July 1, 2026. (Xinhua/Zhu Wei)

English Caption 3

The Hong Kong Special Administrative Region (HKSAR) government holds a reception to celebrate the 29th anniversary of Hong Kong's return to the motherland in Hong Kong, south China, July 1, 2026. (Xinhua/Chen Duo)