အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံတွင် ပြုလုပ်သော အမေရိကန်နှင့် အီရန်အကြား နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ အဆင်ပြေတိုးတက်မှုရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

“အီရန်ရဲ့ နျူကလီးယားကင်းစင်ရေးလုပ်ငန်းစဉ် တိုးတက်မှု ကောင်းမွန်ပါတယ်” ၊ အမေရိကန်နှင့် အီရန်အရာရှိတို့သည် ကာတာနိုင်ငံတွင် “အလွန်ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပခဲ့ကြောင်း ထရမ့်က ထိုနေ့တွင် မေးမြန်းမှုများကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန်-အီရန် နှစ်ဖက်သည် ဇူလိုင် ၁ ရက်တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌ နည်းပညာဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ ထရမ့်၏ သားမက်ဖြစ်သူ Jared Kushner နှင့် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff တို့က ကာတာဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သော်လည်း လက်တွေ့စေ့စပ်ညှိနှိုင်းမှုအပိုင်းတွင် ၎င်းတို့ မတက်ရောက်ခဲ့ကြောင်း ဤကိစ္စနှင့်ရင်းနှီးသော သတင်းရင်းမြစ်တစ်ဦးနှင့် အီရန်အရာရှိတစ်ဦး၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

အမေရိကန်နှင့် အီရန်တို့သည် ဇူလိုင် ၁ ရက်တွင် ဒိုဟာမြို့၌ ကြားခံဆွေးနွေးမှု ပြုလုပ်ကာ ကာတာနှင့် ပါကစ္စတန်တို့က ကြားဝင်စေ့စပ်ပေးသူများအဖြစ် တာဝန်ယူကြကြောင်း ယင်းမတိုင်မီ သတင်းရင်းမြစ်တို့က ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာ လက်တွေ့အကောင်အထည်ဖော်ရေးကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးမှုအကြောင်းအရာများတွင် အီရန်၏ ပိုင်ဆိုင်မှုများ ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းရန်၊ ဟော်မုဇ်ရေလက်ကြား၏ ပင်လယ်ပြင်လုံခြုံရေး သေချာစေရန် စသည့်ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

.........................

(Chinese Version)

特朗普称美伊在卡塔尔的会谈进展顺利

新华社华盛顿7月1日电(记者施春)美国总统特朗普7月1日表示,美国同伊朗在卡塔尔举行的最新一轮会谈进展顺利。  

据美国媒体报道,特朗普当天在接受采访时表示,“伊朗的无核化进程进展良好”,美伊官员在卡塔尔举行了“非常好的会晤”。  

另据一名知情人士和一名伊朗官员透露,美伊双方7月1日在卡塔尔首都多哈举行了技术性会谈。特朗普的女婿库什纳与美国总统特使威特科夫会见了卡塔尔首相,但他们未出席具体的谈判环节。  

此前有消息人士透露,美国和伊朗7月1日在多哈举行间接会谈,卡塔尔和巴基斯坦担任斡旋方。此次会谈重点围绕落实美伊谅解备忘录,讨论内容包括解冻伊朗被冻结资产以及确保霍尔木兹海峡海上安全等议题。(完)

图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)