တရုတ်နိုင်ငံ ချင်းဟိုင်-ရှီးဇန့် ရထားလမ်း ပထမအဆင့် ရှီးနင်-ကယ်အယ်မု လမ်းပိုင်းရှိ ဥမင်လိုဏ်ခေါင်း ၇ ခုနှင့် ဖွဲ့စည်းထားသည့် ချွမ်ကျီရှာ ဥမင်လိုဏ်ခေါင်းအုပ်စု၊ တံတားနှင့် ဥမင်လိုဏ်ခေါင်းများ ဆက်သွယ်ထားသည်ကို ၁၉၇၀ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချင်းဟိုင်-ရှီးဇန့် ရထားလမ်း ပထမအဆင့် ရှီးနင်-ကယ်အယ်မု လမ်းပိုင်းရှိ ဥမင်လိုဏ်ခေါင်း ၇ ခုနှင့် ဖွဲ့စည်းထားသည့် ချွမ်ကျီရှာ ဥမင်လိုဏ်ခေါင်းအုပ်စု၊ တံတားနှင့် ဥမင်လိုဏ်ခေါင်းများ ဆက်သွယ်ထားသည်ကို ၁၉၇၀ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်သည် တရုတ်နိုင်ငံ ချင်းဟိုင်-ရှီးဇန့် ရထားလမ်း အပြည့်ဖွင့်လှစ်ပြေးဆွဲခဲ့သည့် နှစ် ၂၀ ပြည့်ဖြစ်သည်။

လွန်ခဲ့သော နှစ် ၂၀ ၊ ၂၀၀၆ ခုနှစ် ဇူလိုင် ၁ ရက်တွင် ချင်းဟိုင်-ရှီးဇန့် ရထားလမ်း၏ ကယ်အယ်မု (Golmud) မှ လားဆ (Lhasa) အထိ အပြည့်ဖွင့်လှစ်ပြေးဆွဲနိုင်ခဲ့ရာ စုစုပေါင်း ၁,၉၅၆ ကီလိုမီတာရှည်လျားသော ချင်းဟိုင်-ရှီးဇန့် ရထားလမ်း၏ ရှီးနင်မှ လားဆအထိ ရထားလမ်းတစ်လျှောက်လုံး တည်ဆောက်ပြီးစီးကာ ပြေးဆွဲနိုင်ခဲ့ခြင်း အမှတ်သင်္ကေတ ဖြစ်ပေသည်။ ဤရထားလမ်းသည် ကမ္ဘာပေါ်တွင် ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံး၊ လမ်းကြောင်းအရှည်လျားဆုံးနှင့် ရေခဲနေသော မြေပြင်မှ ဖြတ်သန်းရသည့် အရှည်ဆုံး ကုန်းမြင့်ရထားလမ်းဖြစ်ကာ ကမ္ဘာ့စံချိန်တင်မှတ်တမ်း အများအပြားကို ဖန်တီးနိုင်ခဲ့သည်။

ဆယ်စုနှစ်များအတွင်း ဆင်ဟွာသတင်းဌာနမှ သတင်းထောက်မျိုးဆက်များသည် ကောင်းကင်ရထားလမ်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းစဉ်၏ အဓိကမှတ်တိုင်များကို မှတ်တမ်းတင်ခဲ့ကြကာ ဆောက်လုပ်ရေးသမားများ၏ စဉ်ဆက်မပြတ်ကိုယ်တိုင်အခက်အခဲများကို ကြိုးပမ်းကျော်ဖြတ်ခဲ့သော ဇာတ်လမ်းများကို ပြန်လည်ပြောပြခဲ့ကြပြီး ရထားလမ်းက ပြည်သူ့လူနေမှုဘဝအတွက် ဆောင်ကြဉ်းပေးသော ကြီးမားသောပြောင်းလဲမှုများကို မှတ်တမ်းတင်ခဲ့ကြသည်။ ဤခမ်းနားထည်ဝါသောအခိုက်အတန့်များသည် ကောင်းကင်ရထားလမ်း၏အံ့ဖွယ်များကို သက်သေထူခဲ့သလို အနာဂတ်အတွက် သာယာလှပသော မျှော်လင့်ချက်များလည်း ပြည့်လျှံနေပေသည်။ (Xinhua)

...........................

(Chinese Version)

镜观中国丨新华社老照片,见证青藏铁路的钢铁奇迹

新华社照片,北京,2026年7月1日

2026年7月1日,青藏铁路全线通车20周年。

20年前,2006年7月1日,青藏铁路格尔木至拉萨段全线通车,标志着全长1956公里的青藏铁路西宁至拉萨段全线建成通车。这是世界上海拔最高、线路最长、穿越冻土里程最长的高原铁路,创造了多项世界之最。

数十年间,一代代新华社记者在这条天路上,记录建设中的关键节点;讲述建设者前赴后继自主攻关的故事;拍下铁路为群众生活带来的巨变。这些伟大瞬间,见证天路奇迹,也饱含对未来的美好期待。

图说1:这是青藏铁路一期工程西宁至格尔木段泉吉峡隧道群,由七座隧道组成,桥隧相连(1970年代摄)。新华社记者 樊如钧 摄

图说2:1984年1月13日拍摄的由格尔木市开出的第一列旅客列车。新华社发

图说3:2001年10月21日,青藏铁路格拉段干沟隧道提前贯通,中铁四局二公司的职工们相互握手祝贺。这是青藏铁路格拉段全线第一座贯通的隧道。新华社发(赵梦方 摄)